၂၀၁၇ စာေပညီလာခံကိုႀကိဳဆိုဂုဏ္ျပဳသည့္ ကဗ်ာဆရာတစ္ဦး မေကြးမွ ရန္ကုန္သို႔ စက္ဘီးစီး

၂၀၁၇ စာေပညီလာခံကိုႀကိဳဆိုဂုဏ္ျပဳသည့္ ကဗ်ာဆရာတစ္ဦး မေကြးမွ ရန္ကုန္သို႔ စက္ဘီးစီး
ဒီဇင်ဘာ 2, 2017
By 🌸
ႏွစ္(၅၀)အၾကာတြင္ ျပန္လည္က်င္းပသည့္ စာေပညီလာခံကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင္႔ မေကြးၿမိဳ႕မွ အသက္ (၆၅)ႏွစ္အ႐ြယ္ ကဗ်ာဆရာ ဦးတင္ေအး၊ ကေလာင္အမည္ လြမ္းရ(မေကြး)သည္ မေကြးမွ ရန္ကုန္သို႔ မိုင္(၃၀၀)ေက်ာ္ခရီးကို စက္ဘီးစီး၍ တက္ေရာက္ရန္ ဒီဇင္ဘာလ (၂)ရက္ေန႔ နံနက္(၇)အခ်ိန္က စတင္ထြက္ခြာ သြားေၾကာင္း သိရသည္။

“အား/ကာ ကေန ပင္စင္ယူေတာ႔ ေငြသံုးေသာင္းနဲ႕ၿပိဳင္ဘီးေလးတစ္စီး ဝယ္ထားျဖစ္ၿပီး အခုလို စက္ဘီး ခရီးစဥ္သြားခ်င္ေနခဲ႔တာ အခုမွပဲ သြားျဖစ္ခဲ႔တာပါ။ စာေပသမားတစ္ေယာက္အေနနဲ႔ ဒီလို ပြဲမ်ိဳးကို ဂုဏ္ျပဳခြင္႔ရတဲ႔ အတြက္ ပိုၿပီးေက်နပ္မိတယ္။ စာေပေလာကရဲ႕အခက္အခဲေတြကို ႏိုင္ငံေတာ္အႀကီးအကဲေတြေရာ ၊ ျပည္သူ ေတြေရာ ပိုသတိထားမိလာၿပီး စာေပသမားေတြအေပၚ နားလည္ေပးႏိုင္ၾကဖို႔ ရည္ရြယ္ပါတယ္ ” ဟု ဦးတင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါခရီးစဥ္တြင္ မေကြးၿမိဳ႕၊ ခ်မ္းေျမ႕သာယာရပ္ကြက္မွ ကိုသက္က ဦးတင္ေအးအား အေထာက္အကူျပဳႏိုင္ရန္ လိုက္ပါသြားကာ ခရီးလမ္းတစ္ေလ်ာက္႐ွိ စာေရးဆရာ၊ ကဗ်ာဆရာမ်ားကလည္း အားျဖည္႔၍ အကူအညီေပးသြားၾကမည္ဟုသိရၿပီး စာေပညီလာခံက်င္းပေရး လုပ္ငန္း ေကာ္မတီ ကလည္း ေအာင္ဆန္းအားကစားကြင္း၌ ႀကိဳဆို ဂုဏ္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဦးတင္ေအးရဲ႕ စက္ဘီးစီးခရီးစဥ္အတြက္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ဒုဥကၠဌ ဦးေဇာ္မ်ိဳး၀င္း ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ခ်ိဳလတ္ ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင္႔ဦး နဲ႔ မေကြး ေဒသခံစာေရးဆရာေတြက စက္ဘီးစီးဦးထုပ္၊ ၀တ္စံု နဲ႔ ခရီးလမ္းအသံုး စရိတ္မ်ား ၀ိုင္း၀န္းေထာက္ပံ႔ေပးခဲ႔ ၾကပါတယ္”ဟု ယင္းခရီးစဥ္ျဖစ္ေျမာက္ေရးအတြက္ လိုက္လံကူညီသူ ဦးေဌးလြင္ေသာင္းက ေျပာသည္။

မေကြးၿမိဳ႕မွ သစ္ရာေကာက္ေက်း႐ြာအနီး ကိုးပင္လမ္းခြဲအတိုင္း စက္ဘီးနင္းကာ ဒီဇင္ဘာလ (၂)ရက္ ေန႔ ညတြင္ ေအာင္လံၿမိဳ႕တြင္ ညအိပ္ရပ္နားမည္ျဖစ္ၿပီး  ဒီဇင္ဘာလ (၃)ရက္ေန႔တြင္ ဆက္လက္ထြက္ခြာ၍ ျပည္ၿမိဳ႕၌ ညအိပ္ရပ္နားသြားမည္ျဖစ္ကာ က်န္ခရီးစဥ္မ်ားတြင္ သင္႔ေတာ္ရာေနရာမ်ား၌ အနားယူရင္း တစ္ရက္မိုင္ (၅၀)ႏႈန္းျဖင္႔ ခရီးဆက္သြားမည္ျဖစ္ေၾကာင္း ဦးတင္ေအး၏ေျပာၾကားခ်က္အရ သိရသည္။

ဒီဇင္ဘာလ (၁၃)ရက္ေန႔မွ (၁၅)ရက္ေန႔အထိ (၃)ရက္ၾကာက်င္းပမည့္ စာေပညီလာခံကို ျမန္မာႏိုင္ငံစာေရးဆရာ အသင္း၊ ျမန္္မာႏိုင္ငံစာေရးဆရာမ်ားသမဂၢ၊ ျမန္မာႏိုင္ငံကဗ်ာဆရာသမဂၢ၊ ျမန္မာစာေပ ခ်စ္ျမတ္ႏိုးသူမ်ားအသင္း၊ ျမန္မာႏိုင္ငံစာေပျပန္႔ပြားေရးအသင္း၊ PEN Myanmar၊၊ ျမန္မာႏိုင္ငံဘာသာျပန္စာေပကြန္ရက္၊ ျမန္မာစာေရးဆရာကလပ္၊ ျမန္မာ ႏိုင္ငံထုတ္ေဝျဖန္႔ခ်ိသူမ်ားအသင္း၊ အထက္ ဗမာႏိုင္ငံစာေရးဆရာအသင္းတို႔ ပူးေပါင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ စာပေညီလာခံကိုကြိုဆိုဂုဏ်ပြုသည့် ကဗျာဆရာတစ်ဦး မကွေးမှ ရန်ကုန်သို့ စက်ဘီးစီး
*********
နှစ်(၅၀)အကြာတွင် ပြန်လည်ကျင်းပသည့် စာပေညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့မှ အသက် (၆၅)နှစ်အရွယ် ကဗျာဆရာ ဦးတင်အေး၊ ကလောင်အမည် လွမ်းရ(မကွေး)သည် မကွေးမှ ရန်ကုန်သို့ မိုင်(၃၀၀)ကျော်ခရီးကို စက်ဘီးစီး၍ တက်ရောက်ရန် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်(၇)အချိန်က စတင်ထွက်ခွာ သွားကြောင်း သိရသည်။

“အား/ကာ ကနေ ပင်စင်ယူတော့ ငွေသုံးသောင်းနဲ့ပြိုင်ဘီးလေးတစ်စီး ဝယ်ထားဖြစ်ပြီး အခုလို စက်ဘီး ခရီးစဉ်သွားချင်နေခဲ့တာ အခုမှပဲ သွားဖြစ်ခဲ့တာပါ။ စာပေသမားတစ်ယောက်အနေနဲ့ ဒီလို ပွဲမျိုးကို ဂုဏ်ပြုခွင့်ရတဲ့ အတွက် ပိုပြီးကျေနပ်မိတယ်။ စာပေလောကရဲ့အခက်အခဲတွေကို နိုင်ငံတော်အကြီးအကဲတွေရော ၊ ပြည်သူ တွေရော ပိုသတိထားမိလာပြီး စာပေသမားတွေအပေါ် နားလည်ပေးနိုင်ကြဖို့ ရည်ရွယ်ပါတယ် ” ဟု ဦးတင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါခရီးစဉ်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်မှ ကိုသက်က ဦးတင်အေးအား အထောက်အကူပြုနိုင်ရန် လိုက်ပါသွားကာ ခရီးလမ်းတစ်လျောက်ရှိ စာရေးဆရာ၊ ကဗျာဆရာများကလည်း အားဖြည့်၍ အကူအညီပေးသွားကြမည်ဟုသိရပြီး စာပေညီလာခံကျင်းပရေး လုပ်ငန်း ကော်မတီ ကလည်း အောင်ဆန်းအားကစားကွင်း၌ ကြိုဆို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ဦးတင်အေးရဲ့ စက်ဘီးစီးခရီးစဉ်အတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ ဦးဇော်မျိုးဝင်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး နဲ့ မကွေး ဒေသခံစာရေးဆရာတွေက စက်ဘီးစီးဦးထုပ်၊ ၀တ်စုံ နဲ့ ခရီးလမ်းအသုံး စရိတ်များ ၀ိုင်းဝန်းထောက်ပံ့ပေးခဲ့ ကြပါတယ်”ဟု ယင်းခရီးစဉ်ဖြစ်မြောက်ရေးအတွက် လိုက်လံကူညီသူ ဦးဌေးလွင်သောင်းက ပြောသည်။

မကွေးမြို့မှ သစ်ရာကောက်ကျေးရွာအနီး ကိုးပင်လမ်းခွဲအတိုင်း စက်ဘီးနင်းကာ ဒီဇင်ဘာလ (၂)ရက် နေ့ ညတွင် အောင်လံမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ပြီး  ဒီဇင်ဘာလ (၃)ရက်နေ့တွင် ဆက်လက်ထွက်ခွာ၍ ပြည်မြို့၌ ညအိပ်ရပ်နားသွားမည်ဖြစ်ကာ ကျန်ခရီးစဉ်များတွင် သင့်တော်ရာနေရာများ၌ အနားယူရင်း တစ်ရက်မိုင် (၅၀)နှုန်းဖြင့် ခရီးဆက်သွားမည်ဖြစ်ကြောင်း ဦးတင်အေး၏ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်ကြာကျင်းပမည့် စာပေညီလာခံကို မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ မြန််မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ၊ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်း၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၊ PEN Myanmar၊၊ မြန်မာနိုင်ငံဘာသာပြန်စာပေကွန်ရက်၊ မြန်မာစာရေးဆရာကလပ်၊ မြန်မာ နိုင်ငံထုတ်ဝေဖြန့်ချိသူများအသင်း၊ အထက် ဗမာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~