မေကြး - ေရနံေခ်ာင္းလမ္းတြင္ သစ္ ၅ တန္ခန္႔ တရားမဝင္တင္လာသည့္ယာဥ္ ေခ်ာင္းအတြင္း ထိုးက်တိမ္းေမွာက္

မေကြး - ေရနံေခ်ာင္းလမ္းတြင္ သစ္ ၅ တန္ခန္႔ တရားမဝင္တင္လာသည့္ယာဥ္ ေခ်ာင္းအတြင္း ထိုးက်တိမ္းေမွာက္
ဒီဇင်ဘာ 5, 2017
By 🌸
သစ္မ်ားတရားမဝင္ သယ္လာသည့္ယာဥ္တစ္စီး ဒီဇင္ဘာလ (၅)ရက္ေန႔က မေကြး - ေရနံေခ်ာင္းကားလမ္း ေဒါင္းေနတံတား ကုန္းအဆင္းတြင္ ေခ်ာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္သြားသျဖင့္ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားၿပီး ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

 “ေရနံေခ်ာင္းၿမိဳ႕နယ္ဘက္ကေန မေကြးၿမိဳ႕နယ္ဘက္ကို ေမာင္းႏွင္လာတာမွာ အရိွန္မထိန္းႏိုင္ျဖစ္ၿပီး ေဒါင္းေနေခ်ာင္းအတြင္း ထိုးက်တိမ္းေမွာက္သြားတာပါ။ ယာဥ္ေပၚပါအမ်ိဳးသမီးတစ္ဦး အခင္းျဖစ္ေနရာမွာပဲ ေသဆံုးသြားပါတယ္”ဟု ေဒါင္းေနရဲကင္းစခန္းမွ ရဲတပ္ဖဲြ႔ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါယာဥ္သည္ နံနက္ (၄)နာရီခန္႔တြင္ တံတားအဆင္း လမ္းေဘးမွ ဆက္သြယ္ေရးတုိင္အား ဝင္တုိက္မိၿပီးေနာက္ လမ္းေဘးေခ်ာင္းအတြင္း ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႔က စစ္ေဆးရာ ယာဥ္ေပၚတြင္ စပါးခံြ၊ဖဲြအိတ္မ်ားျဖင္႔ဖံုးအုပ္ထားသည္႔ တရားမဝင္ ပိေတာက္ခဲြသား ခန္႔မွန္း(၅)တန္ေက်ာ္ကို စစ္ေဆးေတြ႔ရိွရသျဖင့္ မေကြးၿမိဳ႕ သစ္ေတာဦးစီးဌာနမွ တာဝန္ရိွသူမ်ားက စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္းသိရသည္။

အဆုိပါ ပိေတာက္သစ္ခြဲသားမ်ား၏ပိုင္ရွင္ႏွင့္ ထြက္ေျပးေနသည့္ ယာဥ္ေမာင္းတို႔အား ဖမ္းဆီးႏုိင္ေရး ေဆာင္ရြက္ေနၿပီး မေကြးၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃၆/၂၀၁၇၊ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က)အရ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေး - ရေနံချောင်းလမ်းတွင် သစ် ၅ တန်ခန့် တရားမဝင်တင်လာသည့်ယာဉ် ချောင်းအတွင်း ထိုးကျတိမ်းမှောက်
*******
သစ်များတရားမဝင် သယ်လာသည့်ယာဉ်တစ်စီး ဒီဇင်ဘာလ (၅)ရက်နေ့က မကွေး - ရေနံချောင်းကားလမ်း ဒေါင်းနေတံတား ကုန်းအဆင်းတွင် ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 “ရေနံချောင်းမြို့နယ်ဘက်ကနေ မကွေးမြို့နယ်ဘက်ကို မောင်းနှင်လာတာမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ဒေါင်းနေချောင်းအတွင်း ထိုးကျတိမ်းမှောက်သွားတာပါ။ ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်”ဟု ဒေါင်းနေရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါယာဉ်သည် နံနက် (၄)နာရီခန့်တွင် တံတားအဆင်း လမ်းဘေးမှ ဆက်သွယ်ရေးတိုင်အား ဝင်တိုက်မိပြီးနောက် လမ်းဘေးချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စစ်ဆေးရာ ယာဉ်ပေါ်တွင် စပါးခွံ၊ဖွဲအိတ်များဖြင့်ဖုံးအုပ်ထားသည့် တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း(၅)တန်ကျော်ကို စစ်ဆေးတွေ့ရှိရသဖြင့် မကွေးမြို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ပိတောက်သစ်ခွဲသားများ၏ပိုင်ရှင်နှင့် ထွက်ပြေးနေသည့် ယာဉ်မောင်းတို့အား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပြီး မကွေးမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၆/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~