ဒီဇငျဘာ 7, 2017
By 🌸
~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းနှင့် မိုင်းဖြတ်တွင် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးမည်
************
တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နှင့် မိုင်းဖြတ်မြို့နယ်များတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းများအား တာချီလိတ်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အများအားဖြင့်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေမှာ လုပ်ပေးလေ့ရှိပါတယ်။ ဒါက နှစ်စဉ် စီမံချက်နဲ့လုပ်ပေးနေကြ လိုင်စင်သက်တမ်းတိုးခြင်းပါ။ ရုံးချိန်အတွင်းမှာ လုပ်ပေးသွားဖို့ရှိပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို ့ပြောသည်။
မိုင်းယောင်းမြို့တွင် ဒီဇင်ဘာလ (၈) နေ့မှ  ဒီဇင်ဘာလ (၉)ရက်နေ့အထိနှင့် မိုင်းဖြတ်မြို့တွင် ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~