က်ိဳင္းတံုတြင္ မီးရိႈ႕အေလာင္းေဖ်ာက္ထားသည့္ လူသတ္မႈမွ တရားခံႏွစ္ဦးကို က်ိဳင္းတံုနွင့္ သာစည္တြင္ ဖမ္းဆီးရမိ

က်ိဳင္းတံုတြင္ မီးရိႈ႕အေလာင္းေဖ်ာက္ထားသည့္ လူသတ္မႈမွ တရားခံႏွစ္ဦးကို က်ိဳင္းတံုနွင့္ သာစည္တြင္ ဖမ္းဆီးရမိ
ဒီဇင်ဘာ 26, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံ-လြယ္ေမြကားလမ္း မိုင္တိုင္အမွတ္(၈/၄)အနီးရိွ ေခ်ာက္အတြင္း ဒီဇင္ဘာလ(၂၂)ရက္ေန႔က မီးေလာင္ကၽြမ္းထားသည့္ အမ်ိဳးသမီးအေလာင္းေတြ႔ရိွမႈမွ က်ဳးလြန္သူ  တရားခံ(၂)ဦးအား က်ိဳင္းတံုႏွင့္ သာစည္ၿမိဳ႕မ်ားတြင္ ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၂၂)ရက္ေန႔က ေတြ႔ရသည့္ အေလာင္းမွာ မီးေလာင္ကၽြမ္းထားၿပီး ေသဆံုးသူအား အတည္ျပဳႏုိင္ရန္ အခက္အခဲျဖစ္ခဲ့ေသာ္လည္း ေသဆံုးသူ၏လက္စြပ္က်န္ခဲ့ေၾကာင္း မီဒီယာမ်ားတြင္ သတင္းေဖၚျပခဲ့ၿပီးေနာက္ ေသဆံုးသူႏွင့္နီးစပ္သူက ရဲစခန္းတြင္ သက္ေသခံပစၥည္းလက္စြပ္အား လာေရာက္ၾကည့္ရႈ အတည္ျပဳေပးႏုိင္ခဲ့သျဖင့္ အမႈအား လ်င္ျမန္စြာ ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း က်ိဳင္းတံုၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၆)ရက္ေန႔က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ခရိုင္ရဲမွဴးက ေျပာၾကားသည္။

“ဒီအမႈက စနစ္တက်ႀကိဳတင္ႀကံစည္ၿပီး က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။ ဒီအမႈနဲ႕ ပတ္သက္ၿပီးေတာ့ လက္ရိွမွာ တရားခံ(၂)ဦးကို ဖမ္းဆီးရမိထားၿပီး ျဖစ္ပါတယ္။ တစ္ဦးကို က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးရမိထားၿပီးေတာ့ ေနာက္တစ္ဦးကိုေတာ့ သာစည္ၿမိဳ႕မွာ ဖမ္းဆီးရမိထားပါတယ္။ လက္ရိွမွာေတာ့ က်ိဳင္းတုံမွာ ဖမ္းမိထားတဲ့ တစ္ေယာက္ကိုေတာ့ စစ္ေဆးမႈေတြလုပ္ေနပါၿပီ။ လတ္တေလာ သိရသေလာက္ကေတာ့ လူမႈေရးကိစၥေၾကာင့္ အခုလိုျဖစ္သြားတယ္ေျပာတယ္။ အမ်ားျပည္သူအေနနဲ႕ ထင္ေယာင္ထင္မွားနဲ႕ အထိတ္တလန္႔ ျဖစ္စရာ မလိုပါဘူး။ က်ိဳင္းတုံၿမိဳ႕မွာ တရားဥပေဒ စိုးမိုးမႈရိွပါတယ္”ဟု က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ျမင့္ေဆြက ဒီဇင္ဘာလ (၂၆)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္  ေျပာသည္။

တရားခံႏွစ္ဦးအနက္မွ စိုးလြင္ကို ဒီဇင္ဘာလ (၂၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕၌ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ျပစ္မႈက်ဴးလြန္ေၾကာင္း ဒီဇင္ဘာလ (၂၆)ရက္ေန႔တြင္ စစ္ေဆးေပၚေပါက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

တရားခံတစ္ဦးျဖစ္သည့္ အုိက္ပီး(ခ)စိုင္းရွဲန္မွာ သာစည္ၿမိဳ႕တြင္ ယာဥ္တိုက္မႈအတြက္ သြားေရာက္၍ တရားရင္ဆိုင္ေနစဥ္ သာစည္ရဲတပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။

 “ဒီအမႈဟာ သတင္းမီဒီယာမ်ားရဲ႕ ေဖာ္ျပေပးမႈေၾကာင့္ အခုလို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ သတင္းမီဒီယာမ်ားကိုလည္း ေက်းဇူးတင္ပါတယ္။ အဲဒီသတင္းေတြမွာ ေဖာ္ျပထားတဲ့ လက္စြပ္ကို ေသဆုံးသူေကာင္မေလးရဲ႕ ရည္းစားျဖစ္သူက ေတြ႕ျပီးေတာ့ မေန႕ကမွ ရဲစခန္းကို လာျပီးေတာ့ စုံစမ္းရာမွ ေသဆုံးသူဟာ မည္သူမည္၀ါျဖစ္ေၾကာင္းသိရၿပီး (၂၄)နာရီအတြင္း အခုလို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တာပါ”ဟု က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ျမင့္ေဆြက ေျပာသည္။

တရားခံမ်ားအား ဖမ္းဆီးရမိႏိုင္ရန္အတြက္ နယ္ထိန္းအဖြဲ႕မ်ားမွ အဖြဲ႕(၃)ဖြဲ႕ခြဲကာ ေနရာအႏွံ႕ လိုက္လံစုံစမ္းရွာေဖြ ဖမ္းဆီးစံုစမ္းခဲ့ၿပီးေနာက္ ေသဆံုးသူအား အတည္ျပဳႏိုင္ၿပီး (၂၄)နာရီအတြင္း တရားခံမ်ားဖမ္းဆီးရမိခဲ့ျခင္းေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔က (ပ) ၂၃၂/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၁၀ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် မီးရှို့အလောင်းဖျောက်ထားသည့် လူသတ်မှုမှ တရားခံနှစ်ဦးကို ကျိုင်းတုံနှင့် သာစည်တွင် ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ-လွယ်မွေကားလမ်း မိုင်တိုင်အမှတ်(၈/၄)အနီးရှိ ချောက်အတွင်း ဒီဇင်ဘာလ(၂၂)ရက်နေ့က မီးလောင်ကျွမ်းထားသည့် အမျိုးသမီးအလောင်းတွေ့ရှိမှုမှ ကျုးလွန်သူ  တရားခံ(၂)ဦးအား ကျိုင်းတုံနှင့် သာစည်မြို့များတွင် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၂)ရက်နေ့က တွေ့ရသည့် အလောင်းမှာ မီးလောင်ကျွမ်းထားပြီး သေဆုံးသူအား အတည်ပြုနိုင်ရန် အခက်အခဲဖြစ်ခဲ့သော်လည်း သေဆုံးသူ၏လက်စွပ်ကျန်ခဲ့ကြောင်း မီဒီယာများတွင် သတင်းဖေါ်ပြခဲ့ပြီးနောက် သေဆုံးသူနှင့်နီးစပ်သူက ရဲစခန်းတွင် သက်သေခံပစ္စည်းလက်စွပ်အား လာရောက်ကြည့်ရှု အတည်ပြုပေးနိုင်ခဲ့သဖြင့် အမှုအား လျင်မြန်စွာ ဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ (၂၆)ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ခရိုင်ရဲမှူးက ပြောကြားသည်။

“ဒီအမှုက စနစ်တကျကြိုတင်ကြံစည်ပြီး ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ တရားခံ(၂)ဦးကို ဖမ်းဆီးရမိထားပြီး ဖြစ်ပါတယ်။ တစ်ဦးကို ကျိုင်းတုံမြို့မရဲစခန်းမှာ ဖမ်းဆီးရမိထားပြီးတော့ နောက်တစ်ဦးကိုတော့ သာစည်မြို့မှာ ဖမ်းဆီးရမိထားပါတယ်။ လက်ရှိမှာတော့ ကျိုင်းတုံမှာ ဖမ်းမိထားတဲ့ တစ်ယောက်ကိုတော့ စစ်ဆေးမှုတွေလုပ်နေပါပြီ။ လတ်တလော သိရသလောက်ကတော့ လူမှုရေးကိစ္စကြောင့် အခုလိုဖြစ်သွားတယ်ပြောတယ်။ အများပြည်သူအနေနဲ့ ထင်ယောင်ထင်မှားနဲ့ အထိတ်တလန့် ဖြစ်စရာ မလိုပါဘူး။ ကျိုင်းတုံမြို့မှာ တရားဥပဒေ စိုးမိုးမှုရှိပါတယ်”ဟု ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဆွေက ဒီဇင်ဘာလ (၂၆)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်  ပြောသည်။

တရားခံနှစ်ဦးအနက်မှ စိုးလွင်ကို ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားခံတစ်ဦးဖြစ်သည့် အိုက်ပီး(ခ)စိုင်းရှဲန်မှာ သာစည်မြို့တွင် ယာဉ်တိုက်မှုအတွက် သွားရောက်၍ တရားရင်ဆိုင်နေစဉ် သာစည်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

 “ဒီအမှုဟာ သတင်းမီဒီယာများရဲ့ ဖော်ပြပေးမှုကြောင့် အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သတင်းမီဒီယာများကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီသတင်းတွေမှာ ဖော်ပြထားတဲ့ လက်စွပ်ကို သေဆုံးသူကောင်မလေးရဲ့ ရည်းစားဖြစ်သူက တွေ့ပြီးတော့ မနေ့ကမှ ရဲစခန်းကို လာပြီးတော့ စုံစမ်းရာမှ သေဆုံးသူဟာ မည်သူမည်ဝါဖြစ်ကြောင်းသိရပြီး (၂၄)နာရီအတွင်း အခုလို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ”ဟု ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဆွေက ပြောသည်။

တရားခံများအား ဖမ်းဆီးရမိနိုင်ရန်အတွက် နယ်ထိန်းအဖွဲ့များမှ အဖွဲ့(၃)ဖွဲ့ခွဲကာ နေရာအနှံ့ လိုက်လံစုံစမ်းရှာဖွေ ဖမ်းဆီးစုံစမ်းခဲ့ပြီးနောက် သေဆုံးသူအား အတည်ပြုနိုင်ပြီး (၂၄)နာရီအတွင်း တရားခံများဖမ်းဆီးရမိခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် ဒီဇင်ဘာလ (၂၂)ရက်နေ့က (ပ) ၂၃၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၁၀ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~