KNPP တပ္ဖြဲ႕ဝင္မ်ား အသတ္ခံရမႈႏွင့္ ပတ္သက္၍ ကယားျပည္နယ္နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီးထံ KNPP က အေၾကာင္းၾကားထား

KNPP တပ္ဖြဲ႕ဝင္မ်ား အသတ္ခံရမႈႏွင့္ ပတ္သက္၍ ကယားျပည္နယ္နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီးထံ KNPP က အေၾကာင္းၾကားထား
ဒီဇင်ဘာ 22, 2017
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ပါေလာင္းေက်းရြာႏွင့္ ေဒါတခ်ားေက်းရြာၾကားရွိ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (KNPP) ၏ (၇)မိုင္ ယာယီဂိတ္မွ တပ္ဖြဲ႕၀င္ (၄) ဦးအသတ္ခံရမႈႏွင့္ပတ္သက္၍ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီးထံ KNPP က အေၾကာင္းၾကားထားေသာ္လည္း တစ္စံုတစ္ရာ အေၾကာင္းျပန္ျခင္းမရိွေသးေၾကာင္း သိရသည္။

“ဒီကိစၥနဲ႔ပတ္သက္လို႔ စျဖစ္ကတည္းက နယ္လံု(နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီး) ကို အေၾကာင္းၾကားတယ္။ သူကေတာ့ ဘာမွ မသိဘူးတဲ့။ ေမးၾကည့္မယ္တဲ့ ။ သူကိုယ္တုိင္က ကၽြန္ေတာ္တုိ႔ ဖုန္းဆက္တဲ့အခ်ိန္မွာ ဒီလိုပဲေျပာတယ္။ ကၽြန္ေတာ္တုိ႔ဘက္ကေတာ့ ျပႆနာေတြ ထပ္မႀကီးဖို႔ သက္ဆုိင္ရာေတြကို ေျပာထားပါတယ္။ သူတို႔ဘက္ကေတာ့ ဘယ္လိုလုပ္မလဲ မေျပာတတ္ဘူး။ ကၽြန္ေတာ္တုိ႔ကေတာ့ က်ဆံုးသြားတဲ့ ရဲေဘာ္ေတြရဲ႕ အေရးကိစၥကိုပဲ အရင္လုပ္ေနပါတယ္။ အရပ္သားတစ္ေယာက္ကိုေတာ့ ကၽြန္ေတာ္တုိ႔လည္း အတည္မျပဳႏုိင္ေသးဘူး။ သူတို႔ဘက္ကလည္း အတည္မျပဳေသးဘူး”ဟု KNPP ၏ အတြင္းေရးမွဴး (၂) ဦးဒယ္နီယာယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

KNPP ၏ ယာယီဂိတ္ျဖစ္သည့္ (၇)မိုင္ဂိတ္တြင္ တာဝန္က်သည့္ တပ္သား (၄)ဦးႏွင့္ အရပ္သား (၁)ဦးတုိ႔အား ဒီဇင္ဘာလ (၂၀)ရက္ေန႔က ကယားျပည္နယ္ ေဒသကြပ္ကဲေရးစစ္ဌာနခ်ဳပ္ (ဒကစ) လက္ေအာက္ခံတပ္မွ စီးနင္းၿပီးေနာက္ KNPP တပ္သား(၄)ဦး အသတ္ခံရၿပီး အရပ္သားတစ္ဦးကိုမူ အတည္မျပဳႏုိင္ေသးေၾကာင္း KNPP ၏ အတြင္းေရးမွဴး (၂)က အတည္ျပဳေျပာၾကားသည္။

“ကြ်န္ေတာ္တုိ႔ သူ႔ကို ဒကစတုိင္းမွဴးကို ေမးေတာ့ သူတို႔က ေလးေယာက္ပဲ သိတယ္ေပါ့။ ကၽြန္ေတာ္ ကိုယ္တိုင္ ဒကစမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ိဳးသန္႔ႏုိင္နဲ႔ သြားေတြ႔ပါတယ္။ ကၽြန္ေတာ္ (၂၀) ရက္ေန႔ညမွာပဲ သြားေတြ႔ပါတယ္။ (၂၀) ရက္ေန႔မနက္ (၆)နာရီခြဲေလာက္မွာ သူတို႔ကလာဝိုင္းတယ္လို႔ ကၽြန္ေတာ္တို႔ကို ရဲေဘာ္ေတြက သတင္းပို႔တယ္။ သူတို႔ လာဝိုင္းတယ္ေပါ့။ ဝိုင္းထားၿပီးသားျဖစ္ေနေတာ့ ခင္ဗ်ားတို႔ ထြက္ရင္လည္း သူတို႔က ပစ္မွာပဲ။ ဒီေတာ့ သက္ဆုိင္ရာ တာဝန္ရိွသူကို လက္ခံစကားေျပာလုိက္ေပါ့။ အဲဒီလိုေျပာလုိက္တယ္။ သူတို႔လည္း တဲထဲမွာပဲ ေနေနတယ္ေပါ့။ ဒီၾကားထဲမွာေတာ့ သတ္လုိက္ၿပီ ၊ ဘာညာ သတင္းေတြေတာ့ ၾကားပါတယ္။ ကၽြန္ေတာ္ ဒကစမွဴးဆီကို သြားေတြ႔တဲ့အခ်ိန္မွပဲ ဟာ စိတ္မေကာင္းဘူး။ ဒီေလးေယာက္ေတာ့ ဒီလို ဒီလိုပဲျဖစ္သြားၿပီေပါ့။ သူကိုယ္တုိင္ေျပာမွပဲ သူတုိ႔ ေသၿပီဆိုတာ ကၽြန္ေတာ္ အတည္ျပဳပါတယ္”ဟု KNPP ၏ အတြင္းေရးမွဴး (၂) ဦးဒယ္နီယာယ္က ေျပာသည္။

အဆိုပါဂိတ္သည္ သစ္ေမွာင္ခို၊ မူးယစ္ေဆးႏွင့္ လူကုန္ကူးမႈမ်ားအား စစ္ေဆးသည့္ KNPP ၏ ယာယီဂိတ္အျဖစ္ ထားရိွျခင္းျဖစ္ရာ ဒီဇင္ဘာလ (၁၉)ရက္ေန႔က သစ္လံုးမ်ားတင္ေဆာင္လာသည္ဟု သတင္းရသည့္ ကားမ်ားအား စစ္ေဆးရာတြင္ တပ္မေတာ္ရိကၡာပို႔ျပန္သည့္ကားမ်ား ပါလာရာ အဆိုပါ ကားမ်ားအား တားဆီးစစ္ေဆးမႈေၾကာင့္ တပ္သားမ်ား အသတ္ခံရျခင္းျဖစ္ႏုိင္သည္ဟု KNPP အတြင္းေရးမွဴးက ဆိုသည္။

“အရင္က စစ္တပ္နဲ႔ ဒီလိုမ်ိဳးေတာ့ မျဖစ္ဖူးဘူး။ ကားေတြကိုေတာ့ တားတယ္။ စစ္ေဆးတယ္ဆိုတာကေတာ့ ရိွတယ္ေလ။ အရင္တုန္းက သူတို႔ ဒကစကပဲ ၊ တစ္ခါ သစ္လံုးသယ္လာေတာ့ ေျပာျဖစ္တယ္။ အဲဒီတုန္းကေတာ့ ေျပေျပလည္လည္ျဖစ္သြားတယ္။ သူတို႔ ၾကက္ၿခံေဆာက္ဖို႔ ဘာညာေပါ့။ အရင္ တုန္းကေတာ့ ဒကစမွဴးကိုယ္တုိုင္ကပဲ ကၽြန္ေတာ္တုိ႔ ၾကက္ၿခံေဆာက္ဖို႔ ခုတ္မယ္ေနာ။ သစ္သယ္လာမယ္ေနာဆိုတာ ႀကိဳေျပာတယ္။ ဒီတစ္ေခါက္ကေတာ့ အဲဒီလိုမ်ိဳးမရိွဘူး”ဟု KNPP ၏ အတြင္းေရးမွဴး (၂) ဦးဒယ္နီယာယ္က ေျပာသည္။

အဆိုပါ ျဖစ္ရပ္အေပၚ ျပည္နယ္အတြင္း ႏွစ္ဦးႏွစ္ဘက္မွ သေဘာတူထားေသာ အပစ္ရပ္စာခ်ဳပ္ပါ အခ်က္မ်ားႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေဖာ္ေဆာင္ေနမႈအား ထိခိုက္သြားမည္ကို ကရင္နီ အရပ္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူလူထုမ်ား မွ အထူး စိုးရိမ္ပူပန္လ်က္ရွိေနပါေၾကာင္းႏွင့္ သက္ဆိုင္ရာ ႏွစ္ဦးႏွစ္ဖက္ တာ၀န္ရွိသူမ်ားမွ ျဖစ္ရပ္အေပၚ မွန္ကန္စြာအေျဖရွာညႇိႏိႈင္း ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေပးပါရန္ အရပ္ဖက္အဖြဲ႔အစည္းမ်ားက ဒီဇင္ဘာလ (၂၂)ရက္ေန႔တြင္ သေဘာထား ထုတ္ျပန္ခ်က္တစ္ေစာင္ျဖင့္ တုိက္တြန္းထားသည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ ကယားျပည္နယ္ ေက်ာင္းသားသမဂၢအဖြဲ႔၊ ေတာင္သူလယ္သမားသမဂၢ၊ ကရင္နီျပည္နယ္လူငယ္မ်ားသမဂၢ၊ ကရင္နီမ်ိဳးဆက္သစ္လူငယ္မ်ားအပါအဝင္ စုစုေပါင္း အင္အား (၂၀)ခန္႔က လြိဳင္ေကာ္ၿမိဳ႕ရိွ  ဒကစရံုး၊ ျပည္နယ္အစိုးရအဖြဲ႔ရံုး၊ ျပည္နယ္လႊတ္ေတာ္ေရွ႕တို႔တြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔က ဆႏၵထုတ္ေဖၚခဲ့ၾကသည္။

ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)သည္ ၁၉၅၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွစ၍ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲရန္ အစိုးရႏွင့္ လက္မွတ္ေရးထုိုးထားကာ တစ္ႏိုင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ (NCA)ကို လက္မွတ္မထုိးေသးသည့္ အဖြဲ႔မ်ားမွ တစ္ဖြဲ႔ျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနှင့် ဒေါတချားကျေးရွာကြားရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၏ (၇)မိုင် ယာယီဂိတ်မှ တပ်ဖွဲ့ဝင် (၄) ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးထံ KNPP က အကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ စဖြစ်ကတည်းက နယ်လုံ(နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး) ကို အကြောင်းကြားတယ်။ သူကတော့ ဘာမှ မသိဘူးတဲ့။ မေးကြည့်မယ်တဲ့။ သူကိုယ်တိုင်က ကျွန်တော်တို့ ဖုန်းဆက်တဲ့အချိန်မှာ ဒီလိုပဲပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြဿနာတွေ ထပ်မကြီးဖို့ သက်ဆိုင်ရာတွေကို ပြောထားပါတယ်။ သူတို့ဘက်ကတော့ ဘယ်လိုလုပ်မလဲ မပြောတတ်ဘူး။ ကျွန်တော်တို့ကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အရေးကိစ္စကိုပဲ အရင်လုပ်နေပါတယ်။ အရပ်သားတစ်ယောက်ကိုတော့ ကျွန်တော်တို့လည်း အတည်မပြုနိုင်သေးဘူး။ သူတို့ဘက်ကလည်း အတည်မပြုသေးဘူး”ဟု KNPP၏ အတွင်းရေးမှူး (၂) ဦးဒယ်နီယာယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

KNPP၏ ယာယီဂိတ်ဖြစ်သည့် (၇)မိုင်ဂိတ်တွင် တာဝန်ကျသည့် တပ်သား (၄)ဦးနှင့် အရပ်သား (၁)ဦးတို့အား ဒီဇင်ဘာလ (၂၀)ရက်နေ့က ကယားပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်မှ စီးနင်းပြီးနောက် KNPP တပ်သား(၄)ဦး အသတ်ခံရပြီး အရပ်သားတစ်ဦးကိုမူ အတည်မပြုနိုင်သေးကြောင်း KNPP၏ အတွင်းရေးမှူး (၂)က အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ သူ့ကို ဒကစတိုင်းမှူးကို မေးတော့ သူတို့က လေးယောက်ပဲ သိတယ်ပေါ့။ ကျွန်တော် ကိုယ်တိုင် ဒကစမှူး ဗိုလ်မှူးချုပ် မျိုးသန့်နိုင်နဲ့ သွားတွေ့ပါတယ်။ ကျွန်တော် (၂၀) ရက်နေ့ညမှာပဲ သွားတွေ့ပါတယ်။ (၂၀) ရက်နေ့မနက် (၆)နာရီခွဲလောက်မှာ သူတို့ကလာဝိုင်းတယ်လို့ ကျွန်တော်တို့ကို ရဲဘော်တွေက သတင်းပို့တယ်။ သူတို့ လာဝိုင်းတယ်ပေါ့။ ဝိုင်းထားပြီးသားဖြစ်နေတော့ ခင်ဗျားတို့ ထွက်ရင်လည်း သူတို့က ပစ်မှာပဲ။ ဒီတော့ သက်ဆိုင်ရာ တာဝန်ရှိသူကို လက်ခံစကားပြောလိုက်ပေါ့။ အဲဒီလိုပြောလိုက်တယ်။ သူတို့လည်း တဲထဲမှာပဲ နေနေတယ်ပေါ့။ ဒီကြားထဲမှာတော့ သတ်လိုက်ပြီ၊ ဘာညာ သတင်းတွေတော့ ကြားပါတယ်။ ကျွန်တော် ဒကစမှူးဆီကို သွားတွေ့တဲ့အချိန်မှပဲ ဟာ စိတ်မကောင်းဘူး။ ဒီလေးယောက်တော့ ဒီလို ဒီလိုပဲဖြစ်သွားပြီပေါ့။ သူကိုယ်တိုင်ပြောမှပဲ သူတို့ သပြေီဆိုတာ ကျွန်တော် အတည်ပြုပါတယ်”ဟု KNPP၏ အတွင်းရေးမှူး (၂) ဦးဒယ်နီယာယ်က ပြောသည်။

အဆိုပါဂိတ်သည် သစ်မှောင်ခို၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှုများအား စစ်ဆေးသည့် KNPP၏ ယာယီဂိတ်အဖြစ် ထားရှိခြင်းဖြစ်ရာ ဒီဇင်ဘာလ (၁၉)ရက်နေ့က သစ်လုံးများတင်ဆောင်လာသည်ဟု သတင်းရသည့် ကားများအား စစ်ဆေးရာတွင် တပ်မတော်ရိက္ခါပို့ပြန်သည့်ကားများ ပါလာရာ အဆိုပါ ကားများအား တားဆီးစစ်ဆေးမှုကြောင့် တပ်သားများ အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု KNPP အတွင်းရေးမှူးက ဆိုသည်။

“အရင်က စစ်တပ်နဲ့ ဒီလိုမျိုးတော့ မဖြစ်ဖူးဘူး။ ကားတွေကိုတော့ တားတယ်။ စစ်ဆေးတယ်ဆိုတာကတော့ ရှိတယ်လေ။ အရင်တုန်းက သူတို့ ဒကစကပဲ၊ တစ်ခါ သစ်လုံးသယ်လာတော့ ပြောဖြစ်တယ်။ အဲဒီတုန်းကတော့ ပြေပြေလည်လည်ဖြစ်သွားတယ်။ သူတို့ ကြက်ခြံဆောက်ဖို့ ဘာညာပေါ့။ အရင် တုန်းကတော့ ဒကစမှူးကိုယ်တိုင်ကပဲ ကျွန်တော်တို့ ကြက်ခြံဆောက်ဖို့ ခုတ်မယ်နော။ သစ်သယ်လာမယ်နောဆိုတာ ကြိုပြောတယ်။ ဒီတစ်ခေါက်ကတော့ အဲဒီလိုမျိုးမရှိဘူး”ဟု KNPP၏ အတွင်းရေးမှူး (၂) ဦးဒယ်နီယာယ်က ပြောသည်။

အဆိုပါ ဖြစ်ရပ်အပေါ် ပြည်နယ်အတွင်း နှစ်ဦးနှစ်ဘက်မှ သဘောတူထားသော အပစ်ရပ်စာချုပ်ပါ အချက်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်နေမှုအား ထိခိုက်သွားမည်ကို ကရင်နီ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ မှ အထူး စိုးရိမ်ပူပန်လျက်ရှိနေပါကြောင်းနှင့် သက်ဆိုင်ရာ နှစ်ဦးနှစ်ဖက် တာဝန်ရှိသူများမှ ဖြစ်ရပ်အပေါ် မှန်ကန်စွာအဖြေရှာညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန် အရပ်ဖက်အဖွဲ့အစည်းများက ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် သဘောထား ထုတ်ပြန်ချက်တစ်စောင်ဖြင့် တိုက်တွန်းထားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့၊ တောင်သူလယ်သမားသမဂ္ဂ၊ ကရင်နီပြည်နယ်လူငယ်များသမဂ္ဂ၊ ကရင်နီမျိုးဆက်သစ်လူငယ်များအပါအဝင် စုစုပေါင်း အင်အား (၂၀)ခန့်က လွိုင်ကော်မြို့ရှိ ဒကစရုံး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လွှတ်တော်ရှေ့တို့တွင် ဒီဇင်ဘာလ (၂၂)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် အစိုးရနှင့် လက်မှတ်ရေးထိုးထားကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA)ကို လက်မှတ်မထိုးသေးသည့် အဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~