ေက်ာက္မဲၿမိဳ႕ ေက်းလက္က်န္းမာေရးေဆးေပးခန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးသည့္ ၁၅ ႏွစ္အရြယ္ အမ်ိဳးသမီးအေလာင္းေတြ႔ရိွ

ေက်ာက္မဲၿမိဳ႕ ေက်းလက္က်န္းမာေရးေဆးေပးခန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးသည့္ ၁၅ ႏွစ္အရြယ္ အမ်ိဳးသမီးအေလာင္းေတြ႔ရိွ
ဒီဇင်ဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ကၽြဲကုန္းေက်းရြာ ေက်းလက္က်န္းမာေရးေဆးေပးခန္း၏ မီးဖိုေဆာင္ တြင္ ႀကိဳးဆြဲခ်ေသဆံုးခဲ့သည့္ အသက္(၁၅)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး၏ အေလာင္းအား ဒီဇင္ဘာလ (၁၁) ရက္ေန႔ နံနက္ပိုင္းကေတြ႔ရွိရေၾကာင္း သိရသည္။

“ကၽြဲကုန္းေက်းရြာက က်န္းမာေရးေဆးေပးခန္းရဲ့ မီးဖိုေဆာင္ထဲမွာ မေန႔ကတည္းက သူကရွိေနပံုပဲ။ ေဆးခန္းက ဆရာမက ဒီမနက္ မီးဖိုေဆာင္ကိုဖြင့္ေတာ့မွ ႀကိဳးတန္းလန္းနဲ႔ေတြ႔ရတာ။ သူေရးထားခဲ့တဲ့ စာအရဆိုရင္ ခ်စ္သူရည္းစားကိစၥနဲ႔ အဆံုးစီရင္ခဲ့တယ္ထင္တယ္။ ေဆးခန္းမွာ အကူလုပ္တဲ့သူလို႔သိရတယ္”ဟု ကၽြဲကုန္းေက်းရြာမွ ေဒသခံအမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခင္းျဖစ္ပြားမႈကို ဒီဇင္ဘာလ (၁၁)ရက္ေန႔ နံနက္ (၈)နာရီဝန္းက်င္ခန္႔တြင္ စတင္သိရွိခဲ့ျခင္းျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ တာဝန္ရွိသူမ်ားႏွင့္ ေက်ာက္မဲၿမိဳ႕ရွိ ဇီဝိတလူမႈကူညီေရးအသင္းလည္း အခင္းျဖစ္ေနရာသို႔ ေရာက္ရွိေနၿပီး လိုအပ္သည္မ်ားကိုဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕မွ ရဲအရာရိွတစ္ဦးထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ကြိုးဆွဲချသေဆုံးသည့် ၁၅ နှစ်အရွယ် အမျိုးသမီးအလောင်းတွေ့ရှိ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ကျွဲကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၏ မီးဖိုဆောင် တွင် ကြိုးဆွဲချသေဆုံးခဲ့သည့် အသက်(၁၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းအား ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းကတွေ့ရှိရကြောင်း သိရသည်။

“ကျွဲကုန်းကျေးရွာက ကျန်းမာရေးဆေးပေးခန်းရဲ့ မီးဖိုဆောင်ထဲမှာ မနေ့ကတည်းက သူကရှိနေပုံပဲ။ ဆေးခန်းက ဆရာမက ဒီမနက် မီးဖိုဆောင်ကိုဖွင့်တော့မှ ကြိုးတန်းလန်းနဲ့တွေ့ရတာ။ သူရေးထားခဲ့တဲ့ စာအရဆိုရင် ချစ်သူရည်းစားကိစ္စနဲ့ အဆုံးစီရင်ခဲ့တယ်ထင်တယ်။ ဆေးခန်းမှာ အကူလုပ်တဲ့သူလို့သိရတယ်”ဟု ကျွဲကုန်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်ပွားမှုကို ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်ခန့်တွင် စတင်သိရှိခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ကျောက်မဲမြို့ရှိ ဇီဝိတလူမှုကူညီရေးအသင်းလည်း အခင်းဖြစ်နေရာသို့ ရောက်ရှိနေပြီး လိုအပ်သည်များကိုဆက်လက်လုပ်ဆောင်နေကြောင်း ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~