ေက်ာက္မဲတြင္ အိမ္ေမြးေခြးက တစ္ေန႔အတြင္း ကေလး (၄)ဦးႏွင့္ ကိုရင္ (၂)ပါးအားကိုက္သျဖင့္ ေခြးရူးကာကြယ္ေဆးထိုးႏွံထားရ

ေက်ာက္မဲတြင္ အိမ္ေမြးေခြးက တစ္ေန႔အတြင္း ကေလး (၄)ဦးႏွင့္ ကိုရင္ (၂)ပါးအားကိုက္သျဖင့္ ေခြးရူးကာကြယ္ေဆးထိုးႏွံထားရ
ဒီဇင်ဘာ 26, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ မန္ေဝးေက်းရြာတြင္ ေခြးရူးဟုယူဆရသည့္ အိမ္ေမြးေခြး တစ္ေကာင္က တစ္ေန႔အတြင္း ကေလးငယ္(၄)ဦးႏွင့္ ကိုရင္(၂)ပါးကို ကိုက္သျဖင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ဒီဇင္ဘာလ (၂၅)ရက္ေန႔က ကာကြယ္ေဆးထုိးႏွံထားရေၾကာင္း သိရသည္။

“ကိုက္တာကေတာ့ (၂၄)ရက္ေန႔က ကိုက္ခံၾကရတာေပါ့။ ကေလးေတြက အသက္ (၁)ႏွစ္ခြဲေလာက္ကေန အသက္ (၃)ႏွစ္ေလာက္အရြယ္ထိ (၄)ေယာက္၊ ကိုရင္ေတြကေတာ့ အသက္(၆)ႏွစ္ဝန္းက်င္ေလာက္ ရွိပါတယ္။ စုစုေပါင္း(၆)ေယာက္ကို အသင္းကေန ကားနဲ႔သြားေခၚလာေပးတယ္။ ေက်ာက္မဲေဆးရံုကို ပို႔ေပးထားတယ္။ အဲဒီထဲက ကေလးတစ္ဦးရဲ့မိဘေတြကေတာ့ အျပင္မွာ ကာကြယ္ေဆးထိုးမယ္ဆိုၿပီး ျပန္ေခၚသြားတယ္”ဟု ကေလးမ်ားအား ေဆးရံုပို႔ေပးခဲ့သည့္ အျဖဴေရာင္ႏွလံုးသား လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးျမဝင္းက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခြးကိုက္ခံထားရသည့္ကေလးမ်ားအား ေဆးရံုပို႔ေဆာင္ေပးရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဝင္ တစ္ဦးက အသင္းသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြေတာ့ ကာကြယ္ေဆးလာထိုးတာ ဟုတ္ပါတယ္။ သူတို႔ကိုကိုက္တဲ့ေခြးကေတာ့ ေခြးရူး ဟုတ္မဟုတ္ မေသခ်ာေသးဘူး။ ကာကြယ္ေဆးေတာ့ ထိုးေပးထားပါတယ္”ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကေလးမ်ားအား ကိုက္ခဲ့သည့္ေခြးမွာ အိမ္ေမြးေခြးတစ္ေကာင္ျဖစ္ၿပီး လြန္ခဲ့သည့္(၁၅)ရက္ခန္႔က အျခားေခြးတစ္ေကာင္ကိုက္ခဲ့ရၿပီးေနာက္ ကေလးမ်ားအား ကိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ ျပည္သူ႕ေဆးရံုတြင္ ေခြးရူးျပန္ေရာဂါ ကာကြယ္ေဆးလာေရာက္ထိုးႏွံသူအေရအတြက္မွာ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလအတြင္း (၂၆)ဦး ရွိခဲ့သျဖင့္ ၿမိဳ႕နယ္အတြင္း ေခြးေလေခြးလြင့္မ်ား ရွင္းလင္းရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ သက္ဆိုင္ရာဌာနမ်ားက စီစဥ္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #အျဖဴေရာင္ႏွလံုးသား လူမႈကူညီေရးအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် အိမ်မွေးခွေးက တစ်နေ့အတွင်း ကလေး (၄)ဦးနှင့် ကိုရင် (၂)ပါးအားကိုက်သဖြင့် ခွေးရူးကာကွယ်ဆေးထိုးနှံထားရ
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မန်ဝေးကျေးရွာတွင် ခွေးရူးဟုယူဆရသည့် အိမ်မွေးခွေး တစ်ကောင်က တစ်နေ့အတွင်း ကလေးငယ်(၄)ဦးနှင့် ကိုရင်(၂)ပါးကို ကိုက်သဖြင့် ကျောက်မဲပြည်သူ့ဆေးရုံတွင် ဒီဇင်ဘာလ (၂၅)ရက်နေ့က ကာကွယ်ဆေးထိုးနှံထားရကြောင်း သိရသည်။

“ကိုက်တာကတော့ (၂၄)ရက်နေ့က ကိုက်ခံကြရတာပေါ့။ ကလေးတွေက အသက် (၁)နှစ်ခွဲလောက်ကနေ အသက် (၃)နှစ်လောက်အရွယ်ထိ (၄)ယောက်၊ ကိုရင်တွေကတော့ အသက်(၆)နှစ်ဝန်းကျင်လောက် ရှိပါတယ်။ စုစုပေါင်း(၆)ယောက်ကို အသင်းကနေ ကားနဲ့သွားခေါ်လာပေးတယ်။ ကျောက်မဲဆေးရုံကို ပို့ပေးထားတယ်။ အဲဒီထဲက ကလေးတစ်ဦးရဲ့မိဘတွေကတော့ အပြင်မှာ ကာကွယ်ဆေးထိုးမယ်ဆိုပြီး ပြန်ခေါ်သွားတယ်”ဟု ကလေးများအား ဆေးရုံပို့ပေးခဲ့သည့် အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခွေးကိုက်ခံထားရသည့်ကလေးများအား ဆေးရုံပို့ဆောင်ပေးရန် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက အသင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေတော့ ကာကွယ်ဆေးလာထိုးတာ ဟုတ်ပါတယ်။ သူတို့ကိုကိုက်တဲ့ခွေးကတော့ ခွေးရူး ဟုတ်မဟုတ် မသေချာသေးဘူး။ ကာကွယ်ဆေးတော့ ထိုးပေးထားပါတယ်”ဟု ကျောက်မဲပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးများအား ကိုက်ခဲ့သည့်ခွေးမှာ အိမ်မွေးခွေးတစ်ကောင်ဖြစ်ပြီး လွန်ခဲ့သည့်(၁၅)ရက်ခန့်က အခြားခွေးတစ်ကောင်ကိုက်ခဲ့ရပြီးနောက် ကလေးများအား ကိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူအရေအတွက်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း (၂၆)ဦး ရှိခဲ့သဖြင့် မြို့နယ်အတွင်း ခွေးလေခွေးလွင့်များ ရှင်းလင်းရန် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာဌာနများက စီစဉ်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~