ေက်ာက္မဲၿမိဳ႕တြင္ အိမ္နီးခ်င္းကေလးကို အဓမၼျပဳက်င့္မႈျဖင့္ ၅၆ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးစစ္ေဆးေန

ေက်ာက္မဲၿမိဳ႕တြင္ အိမ္နီးခ်င္းကေလးကို အဓမၼျပဳက်င့္မႈျဖင့္ ၅၆ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးစစ္ေဆးေန
ဒီဇင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ကၽြဲကုန္းေက်းရြာအုပ္စုတြင္ ဒီဇင္ဘာလ (၆)ရက္ေန႔က အသက္ (၁၁)ႏွစ္အရြယ္ မိန္းကေလးတစ္ဦးအား အိမ္နီးခ်င္း အသက္ (၅၆)ႏွစ္အရြယ္ အိမ္ေထာင္သည္အမ်ိဳးသားက အဓမၼျပဳက်င့္မႈျဖစ္ပြားေၾကာင္း အမႈဖြင့္တုိင္ၾကားသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အဆိုပါအမ်ိဳးသားအား ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ မိန္းကေလးငယ္အား အိမ္နီးခ်င္းျဖစ္သူ အိမ္ေထာင္သည္အမ်ိဳးသားက အဓမၼျပဳက်င့္သည္ကို အဆိုပါ အမ်ိဳးသား၏ ဇနီးျဖစ္သူက မိန္းကေလးငယ္၏ မိခင္ျဖစ္သူအား အသိေပးသျဖင့္ မိခင္ျဖစ္သူက ေက်းရြာသူႀကီးထံ တုိင္ၾကားခဲ့ၿပီးေနာက္ ရဲစခန္းသို႔ လာေရာက္တုိင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ (၅၆)ႏွစ္အရြယ္ အိုက္ရာဆိုသူအား ဖမ္းဆီးၿပီး ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၆၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင်  အိမ်နီးချင်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ကျွဲကုန်းကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ (၆)ရက်နေ့က အသက် (၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အိမ်နီးချင်း အသက် (၅၆)နှစ်အရွယ် အိမ်ထောင်သည်အမျိုးသားက အဓမ္မပြုကျင့်မှုဖြစ်ပွားကြောင်း အမှုဖွင့်တိုင်ကြားသဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အဆိုပါအမျိုးသားအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်အား အိမ်နီးချင်းဖြစ်သူ အိမ်ထောင်သည်အမျိုးသားက အဓမ္မပြုကျင့်သည်ကို အဆိုပါ အမျိုးသား၏ ဇနီးဖြစ်သူက မိန်းကလေးငယ်၏ မိခင်ဖြစ်သူအား အသိပေးသဖြင့် မိခင်ဖြစ်သူက ကျေးရွာသူကြီးထံ တိုင်ကြားခဲ့ပြီးနောက် ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၅၆)နှစ်အရွယ် အိုက်ရာဆိုသူအား ဖမ်းဆီးပြီး ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၄၆၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~