ေက်ာက္မဲတြင္ ဖမ္းဆီးရမိသည့္ သစ္ တရားမဝင္သယ္ေဆာင္သူ ၃ ဦးအား ျပည္သူပိုင္ဥပေဒအရ အမႈဖြင့္

ေက်ာက္မဲတြင္ ဖမ္းဆီးရမိသည့္ သစ္ တရားမဝင္သယ္ေဆာင္သူ ၃ ဦးအား ျပည္သူပိုင္ဥပေဒအရ အမႈဖြင့္
ဒီဇင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္ဟိုက္ေဝးတိုးဂိတ္တြင္ ဒီဇင္ဘာလ (၆)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိသည့္ သစ္တရားမဝင္တင္ေဆာင္လာသူမ်ားကို ျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေရွာက္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕အထြက္ အိုရီယမ္တယ္ဟိုက္ေဝးတိုးဂိတ္၌ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးရာေဖြရာတြင္ ပိေတာက္သစ္ စုစုေပါင္းအေလးခ်ိန္ (၁.၂၀၇၄)တန္ကို တရားမဝင္ သယ္ေဆာင္လာသည့္ အိမ္စီးကား (၃)စီးကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

သစ္မ်ားအား တရားမဝင္သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းမ်ားျဖစ္ေသာ ဆန္းဝင္း၊ လွမိုးေအးႏွင့္ ၿငိမ္းေဝၿဖိဳးတို႔အား (ပ)၄၅၈/ (ပ)၄၅၉/ (ပ) ၄၆၀/ ၂၀၁၇ ၊ ျပည္သူပိုင္-၆-(၁) အရ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် ဖမ်းဆီးရမိသည့် သစ် တရားမဝင်သယ်ဆောင်သူ ၃ ဦးအား ပြည်သူပိုင်ဥပဒေအရ အမှုဖွင့်
*******
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိသည့် သစ်တရားမဝင်တင်ဆောင်လာသူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျောက်မဲမြို့အထွက် အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာဖွေရာတွင် ပိတောက်သစ် စုစုပေါင်းအလေးချိန် (၁.၂၀၇၄)တန်ကို တရားမဝင် သယ်ဆောင်လာသည့် အိမ်စီးကား (၃)စီးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သစ်များအား တရားမဝင်သယ်ဆောင်လာသည့် ယာဉ်မောင်းများဖြစ်သော ဆန်းဝင်း၊ လှမိုးအေးနှင့် ငြိမ်းဝေဖြိုးတို့အား (ပ)၄၅၈/ (ပ)၄၅၉/ (ပ) ၄၆၀/ ၂၀၁၇ ၊ ပြည်သူပိုင်-၆-(၁) အရ ကျောက်မဲမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~