ဘိန္းစိမ္းသယ္ေဆာင္လာသူတစ္ဦးအား ကေလာၿမိဳ႕အထြက္ စစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ

ဘိန္းစိမ္းသယ္ေဆာင္လာသူတစ္ဦးအား ကေလာၿမိဳ႕အထြက္ စစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ
ဒီဇင်ဘာ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ မွန္လုံ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ ဘိန္းစိမ္း (၃)ဒႆမ (၂) ကီလိုကို ဒီဇင္ဘာလ (၂၅)ရက္ေန႔ ညပိုင္းတြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅) ေတာင္ႀကီးမွတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ အဆိုပါ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ရွာေဖြစစ္ေဆးစဥ္ ခရီးသည္တင္ယာဥ္မွ ခရီးသည္တစ္ဦးျဖစ္သည့္ သန္းႏုိင္၏ ေက်ာပိုးအိတ္အတြင္းမွ ဘိန္းစိမ္းမ်ားအား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိမ္းမ်ားသယ္ေဆာင္လာသည့္ သန္းနိုင္အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မှန်လုံ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ဘိန်းစိမ်း (၃)ဒဿမ (၂) ကီလိုကို ဒီဇင်ဘာလ (၂၅)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးစဉ် ခရီးသည်တင်ယာဉ်မှ ခရီးသည်တစ်ဦးဖြစ်သည့် သန်းနိုင်၏ ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်းများအား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများသယ်ဆောင်လာသည့် သန်းနိုင်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~