တာခ်ီလိတ္တြင္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ ၁၈ ရက္ေန႔၌ က်င္းပမည္

တာခ်ီလိတ္တြင္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ ၁၈ ရက္ေန႔၌ က်င္းပမည္
ဒီဇင်ဘာ 5, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုနွစ္ (ကရင္သကၠရာဇ္ (၂၇၅၇)ခုႏွစ္ ) ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ႏွစ္စဥ္က်င္းပေနက် ဆန္ဆိုင္း(ခ)ရပ္ကြက္ ၿမိဳ႕နယ္မီးသတ္ရံုးအေနာက္ဖက္ရွိ ငွက္ေပ်ာၿခံတြင္  ဒီဇင္ဘာလ (၁၈)ရက္ေန႔၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လုပ္မယ့္ အစီအစဥ္ အေသးစိတ္ကေတာ့ ကၽြန္ေတာ္တုိ႔ မေျပာရေသးဘူး။ ျပင္ဆင္စရာရိွတာေတြလည္း ျပင္ဆင္ေနပါၿပီ။ ႏွစ္တုိင္းက်င္းပသလိုပဲ က်င္းပသြားမွာပါ” ဟု ႏွစ္သစ္ကူးပြဲေတာ္က်င္းပေရး ေဆာင္ရြက္ေနသူတစ္ဦးျဖစ္သည့္ မန္းျမေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၆ ခုႏွစ္က ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ဒီဇင္ဘာလ(၂၉)ရက္ေန႔တြင္ အလံတင္အခမ္းအနား၊ ဘိုးဘြားကန္ေတာ့ျခင္းမ်ားအျပင္ စတိတ္ရိႈး၊ ဒံုးယိမ္းအကႏွင့္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားလည္း ထည့္သြင္းက်င္းပခဲ့ျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တြင္းရွိ ကရင္တိုင္းရင္းသား လူဦးေရ (၅၀၀)ေက်ာ္ ပါ၀င္ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားကုိ ၂၀၁၆ ခုႏွစ္မတိုင္မီက ေနရာ (၃)ခုခြဲ၍ က်င္းပေနရာမွ ၂၀၁၆ ခုႏွစ္မွစတင္၍ တစ္ေနရာထဲတြင္ စုေပါင္းက်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း #အင္မို္င္ခ
ဓါတ္ပံု #ေဇာင္းညီ

     တာခ်ီလိတ္တြင္ ၂၀၁၆ ခုႏွစ္က က်င္းပသည့္  ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ကျင်းပမည်
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၇ ခုနှစ် (ကရင်သက္ကရာဇ် (၂၇၅၇)ခုနှစ် ) ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်အား နှစ်စဉ်ကျင်းပနေကျ ဆန်ဆိုင်း(ခ)ရပ်ကွက် မြို့နယ်မီးသတ်ရုံးအနောက်ဖက်ရှိ ငှက်ပျောခြံတွင်  ဒီဇင်ဘာလ (၁၈)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်မယ့် အစီအစဉ်အသေးစိတ်ကတော့ ကျွန်တော်တို့ မပြောရသေးဘူး။ ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်နေပါပြီ။ နှစ်တိုင်းကျင်းပသလိုပဲ ကျင်းပသွားမှာပါ” ဟု နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် မန်းမြစောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၆ ခုနှစ်က ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် အလံတင်အခမ်းအနား၊ ဘိုးဘွားကန်တော့ခြင်းများအပြင် စတိတ်ရှိုး၊ ဒုံးယိမ်းအကနှင့် ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင်းရှိ ကရင်တိုင်းရင်းသား လူဦးရေ (၅၀၀)ကျော် ပါ၀င်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

တာချီလိတ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ၂၀၁၆ ခုနှစ်မတိုင်မီက နေရာ (၃)ခုခွဲ၍ ကျင်းပနေရာမှ ၂၀၁၆ ခုနှစ်မှစတင်၍ တစ်နေရာထဲတွင် စုပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း #အင်မို်င်ခ
ဓါတ်ပုံ #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~