ထိုင်းဆေးရုံ(၁၁)ခုအတွက် ရန်ပုံငွေရှာဖွေနေသည့် အဆိုတော် တွန်း ဘော်ဒိဆလဲန်းမ် ၏ ခရီးစဉ်အား ဒီဇင်ဘာလ(၂၅)ရက်နေ့ ညနေပိုင်း၌ မယ်ဆိုင်မြို့၌ အဆုံးသတ်မည်ဖြစ်ရာ မယ်ဆိုင်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်တွင် ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်မည်ဖြစ်၍ ဒီဇင်ဘာလ(၂၅)ရက်နေ့ နေ့ပိုင်းတစ်ပိုင်း မယ်ဆိုင်အထွက်လမ်းအား လွှဲထားမည်ဖြစ်ကြောင်း မြန်မာ - ထိုင်းနယ်ခြားကော်မတီ(TB)ရုံးကဆင့် မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ(တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး)ထံသို့ အသိပေး အကြောင်းကြားလာကြောင်း သိရသည်။
ထိုင်းနိုင်ငံ Bodyslam တေးဂီတအဖွဲ့မှ နာမည်ကြီးအဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်းဘော်ဒိဆလဲန်းမ် )သည် ထိုင်းနိုင်ငံမှ ဆေးရုံ (၁၁)ခုအတွက် ရန်ပုံငွေအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ယလားခရိုင်၊ ဗေးတောင်းမြို့မှစ၍ လမ်းလျှောက် လာပြီးနောက် (၅၅)ရက်မြောက်ဖြစ်သည့် ဒီဇင်ဘာလ(၂၅)ရက်နေ့ တွင် မယ်ဆိုင်မြို့၌ ၎င်း၏ ရန်ပုံငွေခရီးစဉ်အား အဆုံးသတ်မည်ဖြစ်ရာ ဒီဇင်ဘာလ(၂၄)ရက်နေ့ ည(၆း၂၅)နာရီအချိန်အထိ လက်ခံရရှိထားသည့် အလှူငွေ စုစုပေါင်းမှာ ထိုင်းဘတ်ငွေ (၁,၀၁၆,၂၂၉,၀၉၀.၃၁)ဘတ်ရရှိနေပြီဖြစ်သည်။
Photo: ก้าว ၊ UT(MS)
"နက်ဖြန် ညနေပိုင်း မယ်ဆိုင်ဘက် တံတားထိပ်မှာ တွန်း ဘော်ဒိဆလဲန်းမ်ကို ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် အခမ်းအနား ပြင်ဆင်မှုတွေလည်း လုပ်မှာဆိုတော့ တာချီလိတ် ကနေ မယ်ဆိုင်ဘက် အဝင်မှာ ခါတိုင်းလို လမ်းမကြီးကို ဒဲ့ထွက်သွားလို့ရမှာ မဟုတ်တော့ဘဲ၊ မယ်ဆိုင်အကောက်ခွန်ရုံးလမ်းအဆင်းကနေ တံတားအောက်ကနေ တစ်ဆင့် ကွေ့ဝိုက်သွားမှ ရမယ်လို့ အသိပေးလာပါတယ်။ နံနက်ပိုင်းတော့ ပုံမှန်အတိုင်းသွားလာလို့ရပါမယ်၊ နေ့လယ်(၁၂)နာရီကျော်တာနဲ့ မရတော့ပါဘူး။ နက်ဖြန် တစ်ရက်တည်းဆိုတာကို တာချီလိတ်ဘက်က ပြည်သူတွေကို သိရှိရန်အတွက် TBC က အသိပေးလာတာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်နေ့တွင် ထိုင်းစံတော်ချိန် ည(၆)နာရီမှ ည(၇)နာရီခွဲအချိန်အထိ မယ်ဆိုင်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား တစ်ဝိုက်တွင် ဂုဏ်ပြုကြိုဆိုပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ Bodyslam တေးဂီတအဖွဲ့မှ နာမည်ကြီးအဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်းဘော်ဒိဆလဲန်းမ် )သည် ထိုင်းနိုင်ငံမှ ဆေးရုံ (၁၁)ခုအတွက် ရန်ပုံငွေအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ယလားခရိုင်၊ ဗေးတောင်းမြို့မှစ၍ လမ်းလျှောက် လာပြီးနောက် (၅၅)ရက်မြောက်ဖြစ်သည့် ဒီဇင်ဘာလ(၂၅)ရက်နေ့ တွင် မယ်ဆိုင်မြို့၌၎င်း၏ ရန်ပုံငွေခရီးစဉ်အား အဆုံးသတ်မည်ဖြစ်ရာ ဒီဇင်ဘာလ(၂၄)ရက်နေ့ ည(၆း၂၅)နာရီအချိန်အထိ လက်ခံရရှိထားသည့် အလှူငွေ စုစုပေါင်းမှာ ထိုင်းဘတ်ငွေ (၁,ဝ၁၆,၂၂၉,ဝ၉၀.၃၁)ဘတ်ရရှိနပြေီဖြစ်သည်။
Photo: ก้าว ၊ UT(MS)