ကေလာအဆင္းလမ္း ယာဥ္ေၾကာပိတ္ဆို႔မႈ တာဝန္ရိွသူမ်ား ရွင္းလင္းေပးေန၍ ပံုမွန္အတုိင္း သြားလာႏုိင္

ကေလာအဆင္းလမ္း ယာဥ္ေၾကာပိတ္ဆို႔မႈ တာဝန္ရိွသူမ်ား ရွင္းလင္းေပးေန၍ ပံုမွန္အတုိင္း သြားလာႏုိင္
ဒီဇင်ဘာ 25, 2017
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ကေလာၿမိဳ႕မွ ရန္ကုန္အဆင္းလမ္း ျပည္ေထာင္စုလမ္းမတြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔ ညေနက တြဲကားတစ္စီး မေတာ္တဆျဖစ္၍ လမ္းပိတ္ဆို႔မႈျဖစ္ပြားရာသို႔ ကေလာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ဦးေဆာင္သည့္တာဝန္ရိွသူမ်ား ရွင္းလင္းေပးေနရာ ဒီဇင္ဘာလ (၂၅)ရက္ေန႔ နံနက္ (၉)နာရီေက်ာ္တြင္ စတင္ရွင္းလင္းေပးႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္မွဴးကိုယ္တုိင္ဆင္းသြားတယ္။ မနက္ (၂)နာရီခြဲေလာက္ကတည္းကပါ။ သက္ဆုိင္တဲ့ဌာနဆိုင္ရာ အကုန္လံုး ပါပါတယ္။ ယာဥ္ထိန္းရဲတပ္ဖြဲ႔လည္း ပါပါတယ္။ တြဲကားက ေလးက်ိဳးၿပီး တံတားေပၚမွာ ပိတ္သြားတာလို႔ သိရပါတယ္။ သတင္းေတာ့ တက္မလာေသးဘူး။ မနက္ (၉)နာရီေလာက္မွာ ေျဖရွင္းႏုိင္ၿပီလို႔ေတာ့ သိရပါတယ္”ဟု ကေလာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ တာဝန္က် ရဲအရာရိွက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာင္အတက္အဆင္းလမ္းျဖစ္သည့္ အဆုိပါ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔ ညေနကတည္းက ကားလမ္းပိတ္ဆို႔မႈေၾကာင့္ ခရီးသည္တင္ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ား၊ ဆီသယ္ယာဥ္မ်ားမွာ ဒီဇင္ဘာလ (၂၅)ရက္ေန႔အထိ ပိတ္ဆို႔ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ညေနပိုင္းတြင္ စတင္ပိတ္ဆို႔ခဲ့သည့္လမ္းပိုင္းအား ကေလာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဦးေဆာင္သည့္ တာဝန္ရိွသူမ်ားက ဒီဇင္ဘာလ (၂၅)ရက္ေန႔ နံနက္အေစာပိုင္းတြင္ သြားေရာက္ရွင္းလင္းေပးေသာ္လည္း ယာဥ္ေၾကာပိတ္ဆို႔ေနသည့္ လမ္းပိုင္းတြင္ ေရာက္ေနသည့္ ခရီးသြားမ်ားသည္ ပံုမွန္ၾကာခ်ိန္ထက္ အခ်ိန္ (၉)နာရီေက်ာ္ထိ ပို၍ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။
သတင္း #ဇာႏွင္း
ဓါတ္ပံု #Myat Thandar Mg

~~~~~~~~⊰❂ unicode ~~~~~~~~
ကလောအဆင်းလမ်း ယာဉ်ကြောပိတ်ဆို့မှု တာဝန်ရှိသူများ ရှင်းလင်းပေးနေ၍ ပုံမှန်အတိုင်း သွားလာနိုင်
************
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့မှ ရန်ကုန်အဆင်းလမ်း ပြည်ထောင်စုလမ်းမတွင် ဒီဇင်ဘာလ (၂၄)ရက်နေ့ ညနေက တွဲကားတစ်စီး မတော်တဆဖြစ်၍ လမ်းပိတ်ဆို့မှုဖြစ်ပွားရာသို့ ကလောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်တာဝန်ရှိသူများ ရှင်းလင်းပေးနေရာ ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက် (၉)နာရီကျော်တွင် စတင်ရှင်းလင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

“မြို့နယ်မှူးကိုယ်တိုင်ဆင်းသွားတယ်။ မနက် (၂)နာရီခွဲလောက်ကတည်းကပါ။ သက်ဆိုင်တဲ့ဌာနဆိုင်ရာ အကုန်လုံး ပါပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့လည်း ပါပါတယ်။ တွဲကားက လေးကျိုးပြီး တံတားပေါ်မှာ ပိတ်သွားတာလို့ သိရပါတယ်။ သတင်းတော့ တက်မလာသေးဘူး။ မနက် (၉)နာရီလောက်မှာ ဖြေရှင်းနိုင်ပြီလို့တော့ သိရပါတယ်”ဟု ကလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်အတက်အဆင်းလမ်းဖြစ်သည့် အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ (၂၄)ရက်နေ့ ညနေကတည်းက ကားလမ်းပိတ်ဆို့မှုကြောင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များမှာ ဒီဇင်ဘာလ (၂၅)ရက်နေ့အထိ ပိတ်ဆို့နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် စတင်ပိတ်ဆို့ခဲ့သည့်လမ်းပိုင်းအား ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တာဝန်ရှိသူများက ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်အစောပိုင်းတွင် သွားရောက်ရှင်းလင်းပေးသော်လည်း ယာဉ်ကြောပိတ်ဆို့နေသည့် လမ်းပိုင်းတွင် ရောက်နေသည့် ခရီးသွားများသည် ပုံမှန်ကြာချိန်ထက် အချိန် (၉)နာရီကျော်ထိ ပို၍ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်း #ဇာနှင်း
ဓါတ်ပုံ #Myat Thandar Mg

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~