မုိင္းဆတ္ဘက္မွ တာခ်ီလိတ္သို႔ ဘိန္းျဖဴသယ္လာသည့္ လူငယ္တစ္ဦး ဖမ္းဆီးရမိ

မုိင္းဆတ္ဘက္မွ တာခ်ီလိတ္သို႔ ဘိန္းျဖဴသယ္လာသည့္ လူငယ္တစ္ဦး ဖမ္းဆီးရမိ
ဒီဇင်ဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ - တာခ်ီလိတ္လမ္းရိွ ေဟြရဲေက်းရြာ ၿမိဳ႕ေရွာင္လမ္းမွ တာခ်ီလိတ္ၿမိဳ႕တြင္း ဝမ္မိုင္(ေက်ာက္ေတာင္)ရြာသို႔ သြားသည့္ ေတာလမ္းတြင္ ဒီဇင္ဘာလ (၂၅)ရက္ေန႔ ေန႔လည္(၁၂)နာရီေက်ာ္က ပိတ္ဆို႔ရွာေဖြရာ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဘိန္းျဖဴ သယ္ေဆာင္လာသည့္ အသက္(၁၆)ႏွစ္အရြယ္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၃၀) တာခ်ီလိတ္ႏွင့္ ပူးေပါင္းအဖြဲ႕သည္ အဆိုပါလမ္းပိုင္းတြင္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ေလာ္ဂ်ဴး(ခ) လုဂါအား စစ္ေဆးရာ ဖန္ပုလင္းျဖင့္ ထည့္၍သယ္လာသည့္ ဘိန္းျဖဴမႈန႔္အေလးခ်ိန္ (၂၂)ဂရမ္ခန႔္အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္ဝယ္ေတြ႕ရွိသူ ေလာ္ဂ်ဴး(ခ)လုဂါအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် - တာချီလိတ်လမ်းရှိ ဟွေရဲကျေးရွာ မြို့ရှောင်လမ်းမှ တာချီလိတ်မြို့တွင်း ဝမ်မိုင်(ကျောက်တောင်)ရွာသို့ သွားသည့် တောလမ်းတွင် ဒီဇင်ဘာလ (၂၅)ရက်နေ့ နေ့လည်(၁၂)နာရီကျော်က ပိတ်ဆို့ရှာဖွေရာ မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဘိန်းဖြူ သယ်ဆောင်လာသည့် အသက်(၁၆)နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လော်ဂျူး(ခ) လုဂါအား စစ်ဆေးရာ ဖန်ပုလင်းဖြင့် ထည့်၍သယ်လာသည့် ဘိန်းဖြူမှုန့်အလေးချိန် (၂၂)ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ လော်ဂျူး(ခ)လုဂါအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~