တံုတာၿမိဳ႕ ပန္ေနာင္လံုရြာတြင္ မူးယစ္ေဆးစြဲအမ်ိဳးသားတစ္ဦး ေနအိမ္မီးရိႈ႕၍ မိသားစုဝင္ သံုးဦး မီးေလာင္ေသဆံုး

တံုတာၿမိဳ႕ ပန္ေနာင္လံုရြာတြင္ မူးယစ္ေဆးစြဲအမ်ိဳးသားတစ္ဦး ေနအိမ္မီးရိႈ႕၍ မိသားစုဝင္ သံုးဦး မီးေလာင္ေသဆံုး
ဒီဇင်ဘာ 5, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုခရိုင္၊ တံုတာၿမိဳ႕၊ ပန္ေနာင္လံုရြာတြင္ မူးယစ္ေဆးသံုးစြဲသူတစ္ဦး မိမိေနအိမ္ကို မီးျပန္ရိႈ႕သျဖင့္ ဇနီးႏွင့္ သားသမီးမ်ား မီးေလာင္ေသဆံုးမႈမွ ထြက္ေျပးတိမ္းေရွာင္ေနသူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ပန္ေနာင္လံုရြာမွ အသက္ (၂၇)ႏွစ္အရြယ္ က်လိုသည္ ဒီဇင္ဘာလ (၃)ရက္ေန႔ ညေန (၅)နာရီေက်ာ္ခန္႔တြင္ ေနအိမ္အား မီးရိႈ႕သျဖင့္ ၎၏ဇနီးျဖစ္သူ နာေတႏွင့္ သားသမီး (၂)ဦးတို႔မွာ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားၿပီး ေနအိမ္ႏွင့္ ဆိုင္ကယ္တစ္စီး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

က်လိုသည္ မူးယစ္ေဆးအလြန္အကၽြံသံုးစြဲသူျဖစ္ေၾကာင္း သိရိွရၿပီး ၎အားဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕က ဆက္လက္ေဆာင္ရြက္ေနကာ တုံတာ နယ္ေျမရဲစခန္းတြင္ (ပ)၁၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆/၃၀၄-က(မီးရိႈ႕မႈ/ ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ) ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

တုံတာမြို့ ပန်နောင်လုံရွာတွင် မူးယစ်ဆေးစွဲအမျိုးသားတစ်ဦး နေအိမ်မီးရှို့၍ မိသားစုဝင် သုံးဦး မီးလောင်သေဆုံး
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်နောင်လုံရွာတွင် မူးယစ်ဆေးသုံးစွဲသူတစ်ဦး မိမိနေအိမ်ကို မီးပြန်ရှို့သဖြင့် ဇနီးနှင့် သားသမီးများ မီးလောင်သေဆုံးမှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ပန်နောင်လုံရွာမှ အသက် (၂၇)နှစ်အရွယ် ကျလိုသည် ဒီဇင်ဘာလ (၃)ရက်နေ့ ညနေ (၅)နာရီကျော်ခန့်တွင် နေအိမ်အား မီးရှို့သဖြင့် ၎င်း၏ဇနီးဖြစ်သူ နာတေနှင့် သားသမီး (၂)ဦးတို့မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားပြီး နေအိမ်နှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ကျလိုသည် မူးယစ်ဆေးအလွန်အကျွံသုံးစွဲသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအားဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကာ တုံတာ နယ်မြေရဲစခန်းတွင် (ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၀၄-က(မီးရှို့မှု/ ပေါ့လျော့မှုကြောင့် လူသေမှု) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~