နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း (၅)ကြိမ်မြောက်အဖြစ် ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက် (၉)နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ လူငယ်များနှင့် စကားဝိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းများကို ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလ၌ နေပြည်တော်၊ ဖေဖေဝါရီလ၌ ပင်လုံ၊ ဧပြီလ၌ နေပြည်တော်၊ သြဂုတ်လ၌ မြေတိုင်ကန်ရွာတို့တွင် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ၌ ကယားပြည်နယ် လွိုင်ကော်မြို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကယားပြည်နယ်မှ ဒေါ်အော်လေးဗီယာ၊ ရီးဖရားရယ်ရီးလို၊ ဒေါ်မို့မို့ထင်ဇော်မွန်၊ ဦးစိုးရာဇာဝင်း၊ ဒေါ်နှင်းနုဝေ၊ ဦးမာရီးယို၊ ဒေါ်အဲလစ်ထွန်းနှင့် ဦးသျှားရယ်တို့ (၈)ဦးက ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းများကို ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလ၌ နပြေည်တော်၊ ဖေဖေဝါရီလ၌ ပင်လုံ၊ ဧပြီလ၌ နပြေည်တော်၊ သြဂုတ်လ၌ မြေတိုင်ကန်ရွာတို့တွင် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ၌ ကယားပြည်နယ် လွိုင်ကော်မြို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။
စကားဝိုင်းဆွေးနွေးပွဲအား နိုင်ငံပိုင် ရုပ်သံဌာနများနှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီတို့၏ Facebook Page များတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - အတိုင်ပင်ခံရုံး