တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရရွာေဖြသည့္အိမ္တြင္ မူးယစ္ေဆးႏွင့္ ခဲယမ္းအခ်ိဳ႕ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရရွာေဖြသည့္အိမ္တြင္ မူးယစ္ေဆးႏွင့္ ခဲယမ္းအခ်ိဳ႕ဖမ္းဆီးရမိ
ဒီဇင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္မွ ေနအိမ္တစ္လံုးအား ဒီဇင္ဘာလ (၈)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား အနည္းငယ္ႏွင့္ ထုိင္းႏိုင္ငံထုတ္ က်ည္ (၁၇)ေတာင့္တို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ရဲတပ္ႀကပ္ႀကီး ေက်ာ္ေဇယ်၊ တပ္ၾကပ္ေအာင္သိန္းဦး၊ တပ္ၾကပ္မ်ိဳးညႊန္႔ေအာင္၊ မူးယစ္တပ္ဖြဲ႕စု (၃၀) တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္းဦးစီးအဖြဲ႕၊ ဝမ္ေကာင္းျပည္သူ႔စစ္ ဦးစည္သူ၊ ဦးသန္းလိႈင္တို႔ႏွင့္အတူ သတင္းအရ ဆန္ဆိုင္း(ခ)ရပ္ကြက္မွ ေနအိမ္အား ေန႔လယ္ (၁၂)နာရီခြဲခန္႔တြင္ ဝင္ေရာက္ရွာေဖြရာ ေအာင္ေက်ာ္ဦး(ခ)မေကြးအား ေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၈)ျပားႏွင့္ ထုိင္းႏုိင္ငံထုတ္ 9MM က်ည္ (၁၇)ေတာင့္တို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၊ ခဲယမ္းတို႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ေက်ာ္ဦး (ခ) မေကြးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာငး္ သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်သတင်းအရရှာဖွေသည့်အိမ်တွင် မူးယစ်ဆေးနှင့် ခဲယမ်းအချို့ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ နေအိမ်တစ်လုံးအား ဒီဇင်ဘာလ (၈)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား အနည်းငယ်နှင့် ထိုင်းနိုင်ငံထုတ် ကျည် (၁၇)တောင့်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး ကျော်ဇေယျ၊ တပ်ကြပ်အောင်သိန်းဦး၊ တပ်ကြပ်မျိုးညွှန့်အောင်၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်းဦးစီးအဖွဲ့၊ ဝမ်ကောင်းပြည်သူ့စစ် ဦးစည်သူ၊ ဦးသန်းလှိုင်တို့နှင့်အတူ သတင်းအရ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ နေအိမ်အား နေ့လယ် (၁၂)နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ အောင်ကျော်ဦး(ခ)မကွေးအား နေအိမ်တွင် တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၈)ပြားနှင့် ထိုင်းနိုင်ငံထုတ် 9MM ကျည် (၁၇)တောင့်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊ ခဲယမ်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် အောင်ကျော်ဦး (ခ) မကွေးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောငး် သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~