တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီးတြင္ ထိုင္းႏိုင္ငံသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရရွိ

တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီးတြင္ ထိုင္းႏိုင္ငံသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရရွိ
ဒီဇင်ဘာ 25, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕မသုသာန္အနီးတြင္ ထိုင္းအမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ဒီဇင္ဘာလ(၂၅)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္မႈ/ကူတပ္ဖြဲ႔မွ ရဲအုပ္ေသာင္းေရႊ ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ ၀မ္ေကာင္းရပ္ကြက္အတြင္းမွ ျပည္သူ႔စစ္ အဖြဲ႔တို႔ ပါ၀င္သည့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔က မူးယစ္ေဆး၀ါသတင္းအရ သီရိဟံသာ ဘုန္းႀကီးေက်ာင္းေဘး တာခ်ီလိတ္ၿမိဳ႕မသုသာန္ေတာစပ္အနီးတြင္ ေစာင့္ဆိုင္းေနရာမွ မသကၤာဖြယ္ရာ ေတြ႔ရွိသည့္ အသက္(၄၀)ႏွစ္ရွိ အမ်ဳိးသားတစ္ဦးအား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ ၎သည္ ထိုင္းႏိုင္ငံသား တစ္ဦးျဖစ္ၿပီး ၎ထံက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ထိုင္းႏိုင္ငံသား ဖီခ်ဳိင္း(ခ)အိုက္ေယာင္အား စစ္ေဆးရာတြင္ ၎၀တ္ဆင္ထားသည့္ အက်ႌအိတ္ကပ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၅၅၀)ျပားအားလည္းေကာင္း၊ ခါးပတ္အတြင္မွ အေလးခ်ိန္(၃)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴမႈန္႔ (၃)ဂရမ္ခန္႔အား လည္းေကာင္း၊ အေလးခ်ိန္(၁)ဂရမ္ခန္႔ရွိသည့္ အိုက္စ္မ်ားအားလည္းေကာင္း သီးသီးရွာေဖြေတြ႕ရွိ သိမ္းဆည္းလိုက္ေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၁/၂၀၁၇၊ မူး/စိတ္ ၁၅/၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီးတြင္ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသားသည္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ပါရမ္းရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ်မြို့ရှိ မြို့မသုသာန်အနီးတွင် ထိုင်းအမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများကို ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်မှု/ကူတပ်ဖွဲ့မှ ရဲအုပ်သောင်းရွှေ ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဝမ်ကောင်းရပ်ကွက်အတွင်းမှ ပြည်သူ့စစ် အဖွဲ့တို့ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါသတင်းအရ သီရိဟံသာ ဘုန်းကြီးကျောင်းဘေး တာချီလိတ်မြို့မသုသာန်တောစပ်အနီးတွင် စောင့်ဆိုင်းနေရာမှ မသင်္ကာဖွယ်ရာ တွေ့ရှိသည့် အသက်(၄၀)နှစ်ရှိ အမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေးရှာဖွေရာမှ၎င်းသည် ထိုင်းနိုင်ငံသား တစ်ဦးဖြစ်ပြီး၎င်းထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံသား ဖီချိုင်း(ခ)အိုက်ယောင်အား စစ်ဆေးရာတွင်၎င်းဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၅၅၀)ပြားအားလည်းကောင်း၊ ခါးပတ်အတွင်မှ အလေးချိန်(၃)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့် (၃)ဂရမ်ခန့်အား လည်းကောင်း၊ အလေးချိန်(၁)ဂရမ်ခန့်ရှိသည့် အိုက်စ်များအားလည်းကောင်း သီးသီးရှာဖွေတွေ့ရှိ သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၁/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့မသုသာန်အနီးတွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါရမ်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~