မူဆယ္ၿမိဳ႕ လံုထန္ျပည္သူ႔စစ္အဖြဲ႔ပိုင္ အေပါင္ဆုိင္ေရွ႕မွ ပစ္ခတ္မႈႏွင့္ပတ္သက္၍ အဖမ္းခံရသည့္ တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔ တာဝန္ခံမွာ အခင္းျဖစ္ရပ္တြင္ ပါဝင္ျခင္း မရိွေၾကာင္း ထုတ္ျပန္

မူဆယ္ၿမိဳ႕ လံုထန္ျပည္သူ႔စစ္အဖြဲ႔ပိုင္ အေပါင္ဆုိင္ေရွ႕မွ ပစ္ခတ္မႈႏွင့္ပတ္သက္၍ အဖမ္းခံရသည့္ တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔ တာဝန္ခံမွာ အခင္းျဖစ္ရပ္တြင္ ပါဝင္ျခင္း မရိွေၾကာင္း ထုတ္ျပန္
ဒီဇင်ဘာ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ လုံထန္ျပည္သူ႔စစ္အဖြဲ႕ပိုင္ အေပါင္ဆိုင္ေရွ႕တြင္ လူတစ္ဦးေသဆံုးသည့္ ပစ္ခတ္မႈနွင့္ ဆက္စပ္၍ သံသယရိွမႈျဖင့္ ဖမ္းဆီးခံထားရသည့္ တအာင္းဥပေဒ အေထာက္အကူျပဳအဖြဲ႕ တာဝန္ခံ မုိင္းမ်ိဳးေအာင္မွာ အခင္းျဖစ္ပြားခ်ိန္က ပါဝင္ျခင္း မရိွေၾကာင္း တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔က ဒီဇင္ဘာလ (၂၇)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

“အဲဒီမနက္ပိုင္းမွာ အခင္းျဖစ္ပြားတဲ့ေနရာက ေလာင္းကစားရံုအေစာင့္နဲ႔ မုိင္းမ်ိဳးေအာင္နဲ႔ အတူပါလာတဲ့ သူေတြက ျပႆနာျဖစ္တာ ဟုတ္တယ္။ သူနဲ႔ျဖစ္တာမဟုတ္ဘူး။ သူတို႔ မနက္မွာ အဲဒီက ထြက္လာလုိက္ကတည္းက မုိင္းမ်ိဳးေအာင္က သူ႔အလုပ္ကိစၥအတြက္ တစ္ျခားေနရာေတြမွာ ေရာက္ေနတယ္။ ျဖစ္ရပ္မွာ ပါဝင္ျခင္း မရိွဘူးေပါ့ေနာ္။ ဒါေပမဲ့ စီစီတီဗီမွာ သူ႔ကားကိုေတြ႔ရတာေၾကာင့္ ရဲေတြက လာဖမ္းတယ္လို႔ သိရတယ္”ဟု တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔ အေထာက္အကူျပဳ ေကာ္မတီအဖြဲ႕ဝင္ မုိင္းရွိန္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ အခင္းျဖစ္ရပ္ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္တြင္ မူဆယ္ၿမိဳ႕၊ ေကာင္းေနာင္ရပ္ကြက္ရွိ လုံထန္ျပည္သူ႔စစ္အဖြဲ႕ပိုင္ ၿမိဳ႕မအေပါင္ဆိုင္(၃)ေရွ႕သို႔ YGN-7H/7378 Toyota Crown ယာဥ္ျဖင့္ အမ်ိဳးသား (၃) ဦးက ဒီဇင္ဘာလ (၂၁)ရက္ေန႔ နံနက္ (၈)နာရီခြဲခန္႔က ေရာက္ရွိလာၿပီး က်င္ငယ္စြန္႔ေနသျဖင့္ အေပါင္ဆိုင္အေစာင့္ တာဝန္က် အသက္ (၂၀)အရြယ္ ရန္ရင္ခ်န္း တားျမစ္ရာမွ စကားမ်ားၿပီး ထြက္ခြာသြားခဲ့ကာ နံနက္ (၁၀)နာရီခြဲတြင္ အမ်ိဳးသား (၃)ဦးသည္ ဆိုင္ကယ္ျဖင္‌့ ထပ္မံ ေရာက္ရွိလာၿပီး အေပါင္ဆုိိင္ အေစာင့္ျဖစ္သူ ရန္ရင္ခ်န္းႏွင့္ အသက္ (၁၈)ႏွစ္အရြယ္ အိုက္ေအာင္တို႔အား ေသနတ္ျဖင့္ပစ္၍ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေဖၚျပထားေသာ္လည္း ေလာင္းကစားရံုတြင္ ျပည္သူ႔စစ္အဖြဲ႔ဝင္ အခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ပြားျခင္းသာျဖစ္သည္ဟု တအာင္းဥပေဒ အေထာက္အကူျပဳ အဖြဲ႔က သတင္းထုတ္ျပန္ထားသည္။

“အမွန္က ေလာင္းကစားရံုေဘးမွာ အေပါင္ဆုိင္အခန္းက ရိွေနတာ။ အျဖစ္အပ်က္အမွန္ကေတာ့ ေလာင္းကစားရံုမွာ ျပည္သူ႔စစ္ေတြခ်င္း ပစ္ခတ္ၾကတာကေတာ့ပါ။ သူကေတာ့ (မိုင္းမ်ိဳးေအာင္) အခင္းမျဖစ္ခင္က အဲဒီေနရာမွာ ေရာက္ခဲ့တာပါ။ ရဲကေတာ့ အေပါင္ဆိုင္ေရွ႕မွာျဖစ္တယ္လို႔ ေျပာတာေပါ့ေနာ္”ဟု တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔ အေထာက္အကူျပဳေကာ္မတီအဖြဲ႕ဝင္ မုိင္းရွိန္ထြန္းက ေျပာသည္။

အဆိုပါ ပစ္ခတ္မႈေၾကာင့္ ရန္ရင္ခ်န္းမွာ ေဆးရံုသို႔ တင္ပို႔ထားစဥ္ ေသဆံုးသြားကာ အိုက္ေအာင္မွာ မူဆယ္ေဆးရံုတြင္ ကုသမႈခံယူေနရေၾကာင္း သိရၿပီး ထြက္ေျပးေနသူႏွစ္ဦးျဖစ္သည့္ မန္းေက်ာ္ဟိန္းႏွင့္ အားဟုပ္တို႔အား ဆက္လက္ရွာေဖြေနေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

လက္ရိွတြင္ ဖမ္းဆီးခံထားရသည့္ မုိင္းမ်ိဳးေအာင္အား စစ္ေဆးရာတြင္ ရုိက္ႏွက္ခံထားရသည္ကို ေတြ႔ရသည္ဟု သြားေရာက္ေတြ႔ဆံုခဲ့သည့္ တအာင္းဥပေဒအေထာက္အကူျပဳ ေကာ္မတီဝင္မ်ားထံမွ သိရသည္ဟု  တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔ အေထာက္အကူျပဳေကာ္မတီအဖြဲ႕ဝင္ မုိင္းရွိန္ထြန္းက ဆိုသည္။

“ဒီဇင္ဘာလ (၂၆) ရက္ေန႔တုန္းက ဥပေဒအေထာက္အကူျပဳ အဖြဲ႔ဝင္တစ္ခ်ိဳ႕နဲ႔ ခဏေတြ႔ရတယ္။ ေတြ႔တဲ့အခ်ိန္ ေျပာျပတာက ဒီဇင္ဘာ (၂၄)  ရက္ေန႔တုန္းကလည္း ၁၀၅ မိုင္မွာ မုိင္းေပါက္ကြဲေတာ့ သူ႔ကို ဘာမွမဆုိင္ဘဲ လာစစ္ေဆးတယ္ေပါ့။ သူအစစ္ေမးခံရခ်ိန္မွာ အရုိက္ခံရတယ္ဆိိုတာေတာ့ သူ႔အမ်ိဳးသမီး သြားေတြ႔တဲ့အခ်ိန္မွာေရာ ကၽြန္ေတာ္တုိ႔ ဥပေဒအေထာက္အကူျပဳအဖြဲ႔ေတြ သြားေတြ႔ခ်ိန္မွာေရာ သူ႔ မ်က္ႏွာမွာ အညိဳအမည္းစြဲေနတာေတြ ေတြ႔ခဲ့ရတာေၾကာင့္ အတည္ျပဳႏိုင္တာပါ”ဟု တအာင္းဥပေဒ အေထာက္အကူျပဳအဖြဲ႔ အေထာက္အကူျပဳေကာ္မတီအဖြဲ႕ဝင္ မုိင္းရွိန္ထြန္းက ဆိုသည္။

ရဲတပ္ဖြဲ႕၏ သတင္းအရ အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္၍ ဒီဇင္ဘာလ (၂၁)ရက္ေန႔ (၂)နာရီ (၂၅)မိနစ္တြင္  ေသနတ္ျဖင့္ပစ္ခတ္သည္ဟု သတင္းရသည့္ အမ်ိဳးသားသံုးဦးအား မူဆယ္ၿမိဳ႕မရဲစခန္း၌ (ပ)၅၀၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၇/၁၁၄(လူသတ္မႈ/လူသတ္ရန္အားထုတ္မႈ/အားေပး ကူညီမႈ)ျဖင့္ အမႈဖြင့္စုံစမ္းခဲ့ရာ ညေန (၅)နာရီခြဲခန္႔တြင္ YGN-7H/7378 Toyota Crown ယာဥ္ႏွင့္အတူ မိုင္းမ်ိဳးေအာင္အား မူဆယ္ၿမိဳ႕၊ ေတာင္ရပ္ကြက္အတြင္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

မူဆယ္ၿမိဳ႕မရဲစခန္းမွဴးႏွင့္ အဖြဲ႕မွ အခင္းျဖစ္ေနရာရွိ CCTV မွတ္တမ္းအား ၾကည့္ရႈစစ္ေဆးခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ား ထြက္ေျပးစဥ္ ၎တို႔ခါးၾကားမွ ပစၥတိုေသနတ္ တစ္လက္ ျပဳတ္က်က်န္ခဲ့ေၾကာင္း ေတြ႕ရွိရသျဖင့္ လိုက္လံစုံစမ္းရာ ညေန (၆)နာရီေက်ာ္တြင္ အေပါင္ဆိုင္မန္ေနဂ်ာက အခင္းျဖစ္ေနရာမွ ေတြ႕ရွိခဲ့သည့္ Glock အမ်ိဳးအစား ၉ မမ ပစၥတို ၁ လက္၊ ၎က်ည္အိမ္ ၁ ခု၊ ၎က်ည္ ၁ ေတာင့္၊ ၎ က်ည္ခြံ ၇ ခု တို႔အား မူဆယ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္အပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

တအာင္းဥပေဒအေထာက္အကူျပဳအဖြဲ႔က အဆိုပါအမႈႏွင့္ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရး ေဆာင္ရြက္ေပးရန္ တိုက္တြန္းေၾကာင္း ေျပာၾကားသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်အဖွဲ့ပိုင် အပေါင်ဆိုင်ရှေ့တွင် လူတစ်ဦးသေဆုံးသည့် ပစ်ခတ်မှုနှင့် ဆက်စပ်၍ သံသယရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင်မှာ အခင်းဖြစ်ပွားချိန်က ပါဝင်ခြင်း မရှိကြောင်း တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“အဲဒီမနက်ပိုင်းမှာ အခင်းဖြစ်ပွားတဲ့နေရာက လောင်းကစားရုံအစောင့်နဲ့ မိုင်းမျိုးအောင်နဲ့ အတူပါလာတဲ့ သူတွေက ပြဿနာဖြစ်တာ ဟုတ်တယ်။ သူနဲ့ဖြစ်တာမဟုတ်ဘူး။ သူတို့ မနက်မှာ အဲဒီက ထွက်လာလိုက်ကတည်းက မိုင်းမျိုးအောင်က သူ့အလုပ်ကိစ္စအတွက် တစ်ခြားနေရာတွေမှာ ရောက်နေတယ်။ ဖြစ်ရပ်မှာ ပါဝင်ခြင်း မရှိဘူးပေါ့နော်။ ဒါပေမဲ့ စီစီတီဗီမှာ သူ့ကားကိုတွေ့ရတာကြောင့် ရဲတွေက လာဖမ်းတယ်လို့ သိရတယ်”ဟု တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ အထောက်အကူပြု ကော်မတီအဖွဲ့ဝင် မိုင်းရှိန်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်ရှိ လုံထန်ပြည်သူ့စစ်အဖွဲ့ပိုင် မြို့မအပေါင်ဆိုင်(၃)ရှေ့သို့ YGN-7H/7378 Toyota Crown ယာဉ်ဖြင့် အမျိုးသား (၃) ဦးက ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက် (၈)နာရီခွဲခန့်က ရောက်ရှိလာပြီး ကျင်ငယ်စွန့်နေသဖြင့် အပေါင်ဆိုင်အစောင့် တာဝန်ကျ အသက် (၂၀)အရွယ် ရန်ရင်ချန်း တားမြစ်ရာမှ စကားများပြီး ထွက်ခွာသွားခဲ့ကာ နံနက် (၁၀)နာရီခွဲတွင် အမျိုးသား (၃)ဦးသည် ဆိုင်ကယ်ဖြင်‌့ ထပ်မံ ရောက်ရှိလာပြီး အပေါင်ဆိုင် အစောင့်ဖြစ်သူ ရန်ရင်ချန်းနှင့် အသက် (၁၈)နှစ်အရွယ် အိုက်အောင်တို့အား သေနတ်ဖြင့်ပစ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း လောင်းကစားရုံတွင် ပြည်သူ့စစ်အဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခြင်းသာဖြစ်သည်ဟု တအာင်းဥပဒေ အထောက်အကူပြု အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“အမှန်က လောင်းကစားရုံဘေးမှာ အပေါင်ဆိုင်အခန်းက ရှိနေတာ။ အဖြစ်အပျက်အမှန်ကတော့ လောင်းကစားရုံမှာ ပြည်သူ့စစ်တွေချင်း ပစ်ခတ်ကြတာကတော့ပါ။ သူကတော့ (မိုင်းမျိုးအောင်) အခင်းမဖြစ်ခင်က အဲဒီနေရာမှာ ရောက်ခဲ့တာပါ။ ရဲကတော့ အပေါင်ဆိုင်ရှေ့မှာဖြစ်တယ်လို့ ပြောတာပေါ့နော်”ဟု တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ အထောက်အကူပြုကော်မတီအဖွဲ့ဝင် မိုင်းရှိန်ထွန်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရန်ရင်ချန်းမှာ ဆေးရုံသို့ တင်ပို့ထားစဉ် သေဆုံးသွားကာ အိုက်အောင်မှာ မူဆယ်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရပြီး ထွက်ပြေးနေသူနှစ်ဦးဖြစ်သည့် မန်းကျော်ဟိန်းနှင့် အားဟုပ်တို့အား ဆက်လက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် မိုင်းမျိုးအောင်အား စစ်ဆေးရာတွင် ရိုက်နှက်ခံထားရသည်ကို တွေ့ရသည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် တအာင်းဥပဒေအထောက်အကူပြု ကော်မတီဝင်များထံမှ သိရသည်ဟု တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ အထောက်အကူပြုကော်မတီအဖွဲ့ဝင် မိုင်းရှိန်ထွန်းက ဆိုသည်။

“ဒီဇင်ဘာလ (၂၆) ရက်နေ့တုန်းက ဥပဒေအထောက်အကူပြု အဖွဲ့ဝင်တစ်ချို့နဲ့ ခဏတွေ့ရတယ်။ တွေ့တဲ့အချိန် ပြောပြတာက ဒီဇင်ဘာ (၂၄) ရက်နေ့တုန်းကလည်း ၁၀၅ မိုင်မှာ မိုင်းပေါက်ကွဲတော့ သူ့ကို ဘာမှမဆိုင်ဘဲ လာစစ်ဆေးတယ်ပေါ့။ သူအစစ်မေးခံရချိန်မှာ အရိုက်ခံရတယ်ဆိုတာတော့ သူ့အမျိုးသမီး သွားတွေ့တဲ့အချိန်မှာရော ကျွန်တော်တို့ ဥပဒေအထောက်အကူပြုအဖွဲ့တွေ သွားတွေ့ချိန်မှာရော သူ့ မျက်နှာမှာ အညိုအမည်းစွဲနေတာတွေ တွေ့ခဲ့ရတာကြောင့် အတည်ပြုနိုင်တာပါ”ဟု တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ အထောက်အကူပြုကော်မတီအဖွဲ့ဝင် မိုင်းရှိန်ထွန်းက ဆိုသည်။

ရဲတပ်ဖွဲ့၏ သတင်းအရ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ (၂၁)ရက်နေ့ (၂)နာရီ (၂၅)မိနစ်တွင် သေနတ်ဖြင့်ပစ်ခတ်သည်ဟု သတင်းရသည့် အမျိုးသားသုံးဦးအား မူဆယ်မြို့မရဲစခန်း၌ (ပ)၅၀၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄(လူသတ်မှု/လူသတ်ရန်အားထုတ်မှု/အားပေး ကူညီမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ ညနေ (၅)နာရီခွဲခန့်တွင် YGN-7H/7378 Toyota Crown ယာဉ်နှင့်အတူ မိုင်းမျိုးအောင်အား မူဆယ်မြို့၊ တောင်ရပ်ကွက်အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူဆယ်မြို့မရဲစခန်းမှူးနှင့် အဖွဲ့မှ အခင်းဖြစ်နေရာရှိ CCTV မှတ်တမ်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများ ထွက်ပြေးစဉ်၎င်းတို့ခါးကြားမှ ပစ္စတိုသေနတ် တစ်လက် ပြုတ်ကျကျန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် လိုက်လံစုံစမ်းရာ ညနေ (၆)နာရီကျော်တွင် အပေါင်ဆိုင်မန်နေဂျာက အခင်းဖြစ်နေရာမှ တွေ့ရှိခဲ့သည့် Glock အမျိုးအစား ၉ မမ ပစ္စတို ၁ လက်၊၎င်းကျည်အိမ် ၁ ခု၊၎င်းကျည် ၁ တောင့်၊၎င်း ကျည်ခွံ ၇ ခု တို့အား မူဆယ်မြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က အဆိုပါအမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~