ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ ကလေးစာပေပွဲတော် နှစ်ရက်ကြာ ကျင်းပမည်

ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ ကလေးစာပေပွဲတော် နှစ်ရက်ကြာ ကျင်းပမည်
ဒီဇင်ဘာ 1, 2017
By Tachileik News Agency



ကလေးစာပေပွဲတော်များအား ပြန်ကြားရေးဝန်ကြီးဌာနမှဦးစီး၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ ကျင်းပနေခြင်းဖြစ်ပြီး ကျိုင်းတုံမြို့မှ ကလေးစာပေပွဲတော်ကို ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ (၂) ရက်နေ့မှစ၍ ကလေးစာပေ ပွဲတော်အား နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ရာ ကလေးစာပေများ ပြသရောင်းချခြင်းနှင့် ကလေးများအတွက် အစီအစဉ်မျိုးစုံ ထည့်သွင်းထားကြောင်း သိရသည်။

ကျိုင်းတုံမြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၂) ရက်နေ့နှင့် (၃)ရက်နေ့များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကလေးစာပေများ လေ့လာနိုင်ရန် ပြသခြင်း၊ ရောင်းချခြင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်၊ ဂိမ်းကစားခြင်း၊ အရုပ်ဆက်ခြင်းစသည်တို့ ထည့်သွင်းထားပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်များအား ပြန်ကြားရေးဝန်ကြီးဌာနမှဦးစီး၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ ကျင်းပနခြေင်းဖြစ်ပြီး ကျိုင်းတုံမြို့မှ ကလေးစာပေပွဲတော်ကို ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~