ေနာင္ခ်ိဳတြင္ ဆိုင္ကယ္ျဖင့္ မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူ အမ်ဳိးသားတစ္ဦးအား အေရးယူ

ေနာင္ခ်ိဳတြင္ ဆိုင္ကယ္ျဖင့္ မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူ အမ်ဳိးသားတစ္ဦးအား အေရးယူ
ဒီဇင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသားႏွစ္ဦးထံမွ စိတ္ၾကြေဆးျပား (၆၀၀)ဖမ္းမိ၍ မူးယစ္ဥပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရွိုးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ အိုရီယမ္တယ္တိုးဂိတ္တြင္ ဒီဇင္ဘာလ (၂၈) ရက္ေန႔  ည (၁၁)နာရီအခ်ိန္က စစ္ေဆးေနစဥ္ ဆိုင္ကယ္ေမာင္းနွင္လာသည့္ အမ်ိဳးသားနွစ္ဦးအား စစ္ေဆးရာ ဆုိင္ကယ္ေမာင္းနွင္လာသည့္  ျမင့္နိုင္ဆိုသူ၏ အက်ႌအိတ္အတြင္း စိတ္ၾကြရူးသြပ္ေဆးျပား (၆၀၀)ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသည့္ ျမင့္ႏိုင္ႏွင့္ အဆိုပါဆုိင္ကယ္ျဖင့္ လိုက္ပါလာသူ ညိဳဝင္းကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား (၆၀၀)ဖမ်းမိ၍ မူးယစ်ဥပဒဖြေင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်တွင် ဒီဇင်ဘာလ (၂၈) ရက်နေ့ ည (၁၁)နာရီအချိန်က စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးအား စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသည့် မြင့်နိုင်ဆိုသူ၏ အင်္ကျီအိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀)ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား သယ်လာသည့် မြင့်နိုင်နှင့် အဆိုပါဆိုင်ကယ်ဖြင့် လိုက်ပါလာသူ ညိုဝင်းကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~