နမ့္ခမ္းၿမိဳ႕တြင္ ေတာင္ယာတဲအတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္၍ ၿမိဳ႕တြင္းေနအိမ္တစ္လံုးမွ မူးယစ္ေဆးမ်ား ဆက္လက္ဖမ္းမိ

နမ့္ခမ္းၿမိဳ႕တြင္ ေတာင္ယာတဲအတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္၍ ၿမိဳ႕တြင္းေနအိမ္တစ္လံုးမွ မူးယစ္ေဆးမ်ား ဆက္လက္ဖမ္းမိ
ဒီဇင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၈)ရက္ေန႔က ေတာင္ယာတဲတစ္လံုးအတြင္း ရွာေဖြရာ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိၿပီး ကြင္းဆက္အရ နမ့္ခမ္းၿမိဳ႕တြင္းမွ ေနအိမ္တစ္လံုးမွလည္း စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္  ဒီဇင္ဘာလ (၂၈)ရက္ေန႔ ညေန (၄)နာရီခန္႔တြင္ နမ့္ခမ္းၿမိဳ႕၊ မန္႔နားရပ္ကြက္၊ ငွက္ေပ်ာၿခံေန လွ်ိဳတြန္းဟြာ၏ ေတာင္ယာတဲအတြင္း ရွာေဖြရာ အေလးခ်ိန္ (၁၂၈) ဂရမ္ရွိသည့္ ဘိန္းျဖဴ ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား  (၅,၄၂၀) တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈမွ ကြင္းဆက္သတင္းအရ ယင္းေန႔ ညေန (၅)နာရီတြင္ နမ့္ခမ္းၿမိဳ႕၊ ေအာင္ေမတၱာ ရပ္ကြက္ရိွ တြမ္တြဲခ်န္း၏ ေနအိမ္အား ရွာေဖြရာတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၉၀) ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္  လွ်ိဳတြန္းဟြာႏွင့္ တြမ္တြဲခ်န္းတိုအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဒီဇင်ဘာလ (၂၈)ရက်နေ့က တောင်ယာတဲတစ်လုံးအတွင်း ရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ကွင်းဆက်အရ နမ့်ခမ်းမြို့တွင်းမှ နေအိမ်တစ်လုံးမှလည်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၂၈)ရက်နေ့ ညနေ (၄)နာရီခန့်တွင် နမ့်ခမ်းမြို့၊ မန့်နားရပ်ကွက်၊ ငှက်ပျောခြံနေ လျှိုတွန်းဟွာ၏ တောင်ယာတဲအတွင်း ရှာဖွေရာ အလေးချိန် (၁၂၈) ဂရမ်ရှိသည့် ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၅,၄၂၀) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှ ကွင်းဆက်သတင်းအရ ယင်းနေ့ ညနေ (၅)နာရီတွင် နမ့်ခမ်းမြို့၊ အောင်မေတ္တာ ရပ်ကွက်ရှိ တွမ်တွဲချန်း၏ နေအိမ်အား ရှာဖွေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား (၃၉၀) ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လျှိုတွန်းဟွာနှင့် တွမ်တွဲချန်းတိုအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~