မူဆယ္ၿမိဳ႕နယ္ မံုးေပၚအထကခြဲမွ ေက်ာင္းသားမ်ား ေဆာ့ကစားရာမွ မိုင္းေပါက္ကြဲ၍ တစ္ဦးေသ၊ ေလးဦးဒဏ္ရာရ

မူဆယ္ၿမိဳ႕နယ္ မံုးေပၚအထကခြဲမွ ေက်ာင္းသားမ်ား ေဆာ့ကစားရာမွ မိုင္းေပါက္ကြဲ၍ တစ္ဦးေသ၊ ေလးဦးဒဏ္ရာရ
ဒီဇင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္ မံုးေပၚ အထက(ခြဲ) ေက်ာင္းမွ မူလတန္းေက်ာင္းသား(၅)ဦး ဒီဇင္ဘာလ (၁၉)ရက္ေန႔ ညေနပိုင္းက ေက်ာင္းမွျပန္လာစဥ္ ခဲမ်ားျဖင့္ ပစ္ေပါက္ေဆာ့ကစားလာရာမွ လမ္းေဘးရိွ မိုင္းအား ထိမွန္ေပါက္ကြဲ၍ (၁)ဦး ေသဆံုးကာ (၄) ဦး ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

“ဒီဇင္ဘာ(၁၉)ရက္ေန႔ ညေန (၄)နာရီ ဝန္းက်င္ခန္႔အခ်ိန္မွာ ကေလးေတြက ေက်ာင္းဆင္းၿပီးေတာ့ ျပန္အလာ ဟိုနားေက်းရြာနဲ႔ မန္က်ပ္ရြာအၾကားမွာ ေထာင္ထားတဲ့ မိုင္းတစ္လံုးကို ခဲနဲ႔ပစ္မိရာက ေပါက္ကြဲမႈျဖစ္ခဲ့တာပါ။ ခဲနဲ႔ပစ္လိုက္တဲ့ တတိယတန္းက ကေလးကေတာ့ ေနရာမွာေသဆံုးသြားပါတယ္။ က်န္တဲ့ ကေလး(၄)ဦး ကေတာ့ ဒဏ္ရာအသီးသီးရရွိထားလို႔ ေဆးကုသမႈခံယူဖို႔ေဆးရံုတင္ထားရပါတယ္” ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းေဘးမွ မုိင္းေပါက္ကြဲမႈေၾကာင့္ မံုးေပၚေက်းရြာ အထက(ခြဲ)ေက်ာင္းမွ အသက္ (၉)ႏွစ္အရြယ္ ဒုတိယတန္း ေက်ာင္းသား ေမာင္ခိုင္လင္းထြန္း၊ အသက္ (၁၀)ႏွစ္အရြယ္ တတိယတန္းေက်ာင္းသား ေမာင္အိုက္စိုးႏွင့္ အသက္ (၉)ႏွစ္အရြယ္ ေမာင္အိုက္အံုး၊ အသက္ (၁၂)ႏွစ္အရြယ္ တတိယတန္း ေက်ာင္းသား ေမာင္တန္မိုင္တို႔ ဒဏ္ရာအသီးသီးရရိွသြားသျဖင့္ မူဆယ္ျပည္သူ႔ေဆးရံုတြင္ (၂)ဦးႏွင့္ မႏၱေလးျပည္သူ႔ေဆးရံုတြင္(၂)ဦး ပို႔ေဆာင္၍ ကုသမႈခံယူေနၿပီး အေျခအေနမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

ေသဆံုးသူ အသက္ (၁၂)ႏွစ္အရြယ္ တတိယတန္းမွ ေမာင္ေအာင္လင္းထြန္းမွာ မုိင္းေပါက္ကြဲမႈေၾကာင့္ ေနရာတြင္ပင္ ေသဆံုးသြားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် မုံးပေါ် အထက(ခွဲ) ကျောင်းမှ မူလတန်းကျောင်းသား(၅)ဦး ဒီဇင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းက ကျောင်းမှပြန်လာစဉ် ခဲများဖြင့် ပစ်ပေါက်ဆော့ကစားလာရာမှ လမ်းဘေးရှိ မိုင်းအား ထိမှန်ပေါက်ကွဲ၍ (၁)ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ဒီဇင်ဘာ(၁၉)ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်ခန့်အချိန်မှာ ကလေးတွေက ကျောင်းဆင်းပြီးတော့ ပြန်အလာ ဟိုနားကျေးရွာနဲ့ မန်ကျပ်ရွာအကြားမှာ ထောင်ထားတဲ့ မိုင်းတစ်လုံးကို ခဲနဲ့ပစ်မိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ခဲနဲ့ပစ်လိုက်တဲ့ တတိယတန်းက ကလေးကတော့ နေရာမှာသေဆုံးသွားပါတယ်။ ကျန်တဲ့ ကလေး(၄)ဦး ကတော့ ဒဏ်ရာအသီးသီးရရှိထားလို့ ဆေးကုသမှုခံယူဖို့ဆေးရုံတင်ထားရပါတယ်” ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းဘေးမှ မိုင်းပေါက်ကွဲမှုကြောင့် မုံးပေါ်ကျေးရွာ အထက(ခွဲ)ကျောင်းမှ အသက် (၉)နှစ်အရွယ် ဒုတိယတန်း ကျောင်းသား မောင်ခိုင်လင်းထွန်း၊ အသက် (၁၀)နှစ်အရွယ် တတိယတန်းကျောင်းသား မောင်အိုက်စိုးနှင့် အသက် (၉)နှစ်အရွယ် မောင်အိုက်အုံး၊ အသက် (၁၂)နှစ်အရွယ် တတိယတန်း ကျောင်းသား မောင်တန်မိုင်တို့ ဒဏ်ရာအသီးသီးရရှိသွားသဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် (၂)ဦးနှင့် မန္တလေးပြည်သူ့ဆေးရုံတွင်(၂)ဦး ပို့ဆောင်၍ ကုသမှုခံယူနပြေီး အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။

သေဆုံးသူ အသက် (၁၂)နှစ်အရွယ် တတိယတန်းမှ မောင်အောင်လင်းထွန်းမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~