တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ဟုတ္ေခ်ာင္းတြင္ ေပ်ာက္ေနသည့္ ၉ ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္တစ္ဦးအား (၅)ရက္ေျမာက္ ေန႔လည္ပိုင္းအခ်ိန္အထိ ရွာမေတြ႔ေသး

တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ဟုတ္ေခ်ာင္းတြင္ ေပ်ာက္ေနသည့္ ၉ ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္တစ္ဦးအား (၅)ရက္ေျမာက္ ေန႔လည္ပိုင္းအခ်ိန္အထိ ရွာမေတြ႔ေသး
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ မယ္ဟုတ္ေခ်ာင္းတြင္ ဒီဇင္ဘာလ(၂၆)ရက္ေန႔က ကေလးတစ္ဦးႏွင့္ ရဲတပ္ၾကပ္တစ္ဦး ေရထဲက်သြားသည္ဟု ယူဆရသျဖင့္ ရဲတပ္ဖြဲ႕၊ ကယ္ဆယ္ေရးအဖြဲ႔ႏွင့္ လူမႈေရးအသင္းအဖြဲ႔တို႔က ရွာေဖြေနရာ ဒီဇင္ဘာလ(၃၀)ရက္ေန႔  ေန႔လည္ပိုင္း အခ်ိန္အထိ မေတြ႔ရွိရေသးေၾကာင္း သိရသည္။

မယ္ဟုတ္ေခ်ာင္းတြင္ ေရနစ္သည္ဟု ယူဆရသည့္ အသက္ (၉)ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္ သန္းထြန္းဦးတို႔အား တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္မ်ား၊ မီးသတ္ႏွင့္ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားမွ  ရွာေဖြေပးေနေၾကာင္း သိရသည္။

ျဖစ္စဥ္၏ (၅)ရက္ေျမာက္ေန႔ျဖစ္သည့္ ဒီဇင္ဘာလ(၃၀)ရက္ေန႔ ေန႔လည္ပိုင္း အခ်ိန္အထိ ေတြ႔ရွိျခင္း မရွိေသးသည့္အတြက္ ညေနပိုင္းတြင္လည္း ဆက္လက္ရွာေဖြသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပံုအညႊန္း - မယ္ဟုတ္ေခ်ာင္းအေနအထား ႏွင့္ ေခ်ာင္းတစ္ေလွ်ာက္ ေတြ႔ရွိရမႈ အေျခအေနအား Drone ျဖင့္ ရိုက္ကူးထားပံု

ဓါတ္ပံု - ျမင့္သူ ( ေရႊျပည္ေက်ာ္ )



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းတွင် ဒီဇင်ဘာလ(၂၆)ရက်နေ့က ကလေးတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး ရေထဲကျသွားသည်ဟု ယူဆရသဖြင့် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က ရှာဖွေနေရာ ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ မတွေ့ရှိရသေးကြောင်း သိရသည်။

မယ်ဟုတ်ချောင်းတွင် ရေနစ်သည်ဟု ယူဆရသည့် အသက် (၉)နှစ်အရွယ် မိန်းကလေးနှင့် ရဲတပ်ကြပ် သန်းထွန်းဦးတို့အား တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် လူမှုရေးအသင်းအဖွဲ့များမှ ရှာဖွေပေးနေကြောင်း သိရသည်။

ဖြစ်စဉ်၏ (၅)ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ တွေ့ရှိခြင်း မရှိသေးသည့်အတွက် ညနေပိုင်းတွင်လည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - မယ်ဟုတ်ချောင်းအနေအထား နှင့် ချောင်းတစ်လျှောက် တွေ့ရှိရမှု အခြေအနေအားီမသညန ဖြင့် ရိုက်ကူးထားပုံ

ဓာတ်ပုံ - မြင့်သူ ( ရွှပြေည်ကျော် )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~