မေကြးတုိင္းအတြင္း ေစ်းကြက္မွ သက္တမ္းလြန္မုန္႔ႏွင့္ ထုတ္ကုန္ပစၥည္းမ်ားအား ခ်က္ခ်င္းသိမ္းဆည္း

မေကြးတုိင္းအတြင္း ေစ်းကြက္မွ သက္တမ္းလြန္မုန္႔ႏွင့္ ထုတ္ကုန္ပစၥည္းမ်ားအား ခ်က္ခ်င္းသိမ္းဆည္း
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးအတြင္း ေစ်းကြက္မွ သက္တမ္းလြန္မုန္႔မ်ားႏွင့္ ထုတ္ကုန္ပစၥည္းမ်ားကို စစ္ေဆးေတြ႔႐ွိပါက ခ်က္ခ်င္း သိမ္းဆည္းျခင္းကို ဒီဇင္ဘာလအတြင္း စတင္ေဆာင္ရြက္ေနေၾကာင္း မေကြးတိုင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာနထံမွ သိရသည္။

“လုပ္ငန္း႐ွင္ေတြကို အသိပညာေပးခဲ႔တဲ႔ကာလက ၾကာခဲ႔ပါၿပီ။ ေခၚယူေဆြးေႏြးတဲ႔ေနရာမွာ ပူးေပါင္းပါ၀င္မႈ အားနည္းတာေတြရိွပါတယ္။ အခုေတာ႔ သက္တမ္းလြန္မုန္႔ေတြနဲ႔ ကုန္ပစၥည္းေတြေတြ႔ရင္ ခ်က္ခ်င္းသိမ္းဆည္းသြားဖို႔ တိုင္းေဒသႀကီးအျငင္းပြားမႈေျဖ႐ွင္းေရးအဖြဲ႔အေနနဲ႔ ခ႐ိုင္(၅)ခုက အျငင္း ပြားမႈေျဖ႐ွင္းေရးအဖြဲ႔ေတြဆီ ဒီဇင္ဘာလဆန္းပိုင္းကတည္းက ညႊန္ၾကားစာထုတ္ထားၿပီးပါၿပီ ”ဟု မေကြး တိုင္းစားသံုးသူေရးရာဦးစီးဌာန၊ ဒုတိယတိုင္းေဒသႀကီးဦးစီးမွဴး ေဒၚေအးေအးမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္စည္ပင္၊ က်န္းမာေရးဦးစီးဌာန၊ စီမံကိန္းဦးစီးဌာန ႏွင္႔ အမ်ိဳးသမီးေရးရာအဖြဲ႔တို႔ပါ၀င္ေသာ ခ႐ိုင္အျငင္းပြားမႈေျဖ႐ွင္းေရးအဖြဲ႔သည္ ဒီဇင္ဘာလအတြင္း မေကြးၿမိဳ႕႐ွိ ကုန္စံုဆိုင္မ်ားအား ေ႐ွာင္တခင္စစ္ေဆးမႈမ်ားလုပ္ေဆာင္ကာ သက္တမ္းလြန္ မုန္႔မ်ားႏွင့္ ကုန္ပစၥည္းမ်ားကို သိမ္းဆည္းမႈ စတင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ သိမ္းဆည္းရာတြင္ အဆိုပါကုန္ပစၥည္းမ်ား၏ မူရင္းျဖန္႔ခ်ိသူ၊ ထုတ္လုပ္သူမ်ားႏွင္႔ ဆက္သြယ္ႏိုင္မည့္ လိပ္စာေပးႏိုင္ပါက ေရာင္းခ်သူမ်ား နစ္နာဆံုးရံႈးမႈ ေလ်ာ့နည္းေစရန္ နစ္နာသည့္တန္ဖိုး ေတာင္းခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေစ်းကြက္အတြင္း စစ္ေဆးရာတြင္ ေဒသတြင္းထုတ္လုပ္သည့္မုန္႔အမ်ားစုမွာ ထုတ္ကုန္ သတင္းအခ်က္အလက္ ျပည္႔စံုစြာေဖာ္ျပထားမႈမ႐ွိျခင္း၊ ထုတ္လုပ္ရက္စြဲႏွင့္ ကုန္ဆံုးရက္စြဲ ေဖၚျပမႈမရိွျခင္းႏွင့္ ျပင္ဆင္ျခင္းမ်ားကို စစ္ေဆးေတြ႔ရိွရေလ့ရိွေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်မှ သက်တမ်းလွန်မုန့်များနှင့် ထုတ်ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိပါက ချက်ချင်း သိမ်းဆည်းခြင်းကို ဒီဇင်ဘာလအတွင်း စတင်ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

“လုပ်ငန်းရှင်တွေကို အသိပညာပေးခဲ့တဲ့ကာလက ကြာခဲ့ပါပြီ။ ခေါ်ယူဆွေးနွေးတဲ့နေရာမှာ ပူးပေါင်းပါဝင်မှု အားနည်းတာတွေရှိပါတယ်။ အခုတော့ သက်တမ်းလွန်မုန့်တွေနဲ့ ကုန်ပစ္စည်းတွေတွေ့ရင် ချက်ချင်းသိမ်းဆည်းသွားဖို့ တိုင်းဒေသကြီးအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အနေနဲ့ ခရိုင်(၅)ခုက အငြင်း ပွားမှုဖြေရှင်းရေးအဖွဲ့တွေဆီ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ညွှန်ကြားစာထုတ်ထားပြီးပါပြီ ”ဟု မကွေး တိုင်းစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ ကျန်းမာရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပါဝင်သော ခရိုင်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သည် ဒီဇင်ဘာလအတွင်း မကွေးမြို့ရှိ ကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေးမှုများလုပ်ဆောင်ကာ သက်တမ်းလွန် မုန့်များနှင့် ကုန်ပစ္စည်းများကို သိမ်းဆည်းမှု စတင်လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ သိမ်းဆည်းရာတွင် အဆိုပါကုန်ပစ္စည်းများ၏ မူရင်းဖြန့်ချိသူ၊ ထုတ်လုပ်သူများနှင့် ဆက်သွယ်နိုင်မည့် လိပ်စာပေးနိုင်ပါက ရောင်းချသူများ နစ်နာဆုံးရှုံးမှု လျော့နည်းစေရန် နစ်နာသည့်တန်ဖိုး တောင်းခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်း စစ်ဆေးရာတွင် ဒေသတွင်းထုတ်လုပ်သည့်မုန့်အများစုမှာ ထုတ်ကုန် သတင်းအချက်အလက် ပြည့်စုံစွာဖော်ပြထားမှုမရှိခြင်း၊ ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲ ဖော်ပြမှုမရှိခြင်းနှင့် ပြင်ဆင်ခြင်းများကို စစ်ဆေးတွေ့ရှိရလေ့ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~