မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးသင့်ဒေသမှ စိုက်ပျိုးရေးဌာန ကွင်းဆင်း ၀န်ထမ်းများအတွက် ဆိုင်ကယ် အစီးရေ (၃၀၀)ပံ့ပိုးပေးမည်

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးသင့်ဒေသမှ စိုက်ပျိုးရေးဌာန ကွင်းဆင်း ၀န်ထမ်းများအတွက် ဆိုင်ကယ် အစီးရေ (၃၀၀)ပံ့ပိုးပေးမည်
ဒီဇငျဘာ 28, 2017
By Tachileik News Agency


"ပွင့်ဖြူ ၊ စလင်းနဲ့ မင်းဘူးမြို့များမှာ မုန်းချောင်းရေလျှံပြီး ရေကြီးနစ်မြုပ်ခံခဲ့ရတဲ့ သဘာဝဘေး အန္တရာယ်ဖြစ်စဉ် အတွက် လိုအပ်ချက်များ တင်ပြတောင်းခံရန် ညွှန်ကြားချက်ရရှိတာကြောင့် မျိုး၊ ဓါတ်မြေ သြဇာ၊ သီးနှံသိုလှောင်အိတ်နဲ့ ၀န်ထမ်းတွေ အရေးပေါ် သွား လာမှုလွယ်ကူရေးအတွက် ယာဉ်များ တောင်းခံလိုက်တဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရက IRM Project ချေးငွေနဲ့ ထောက်ပံ့ချထားပေးခဲ့တာ ဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန  တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးဌာန အနေဖြင့် ကွင်းဆင်းဝန်ထမ်းများအား ခရီးစရိတ် အလုံအလောက် ထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့၍ အရေးပေါ်သွားလာရေးအတွက် အခက်အခဲကြုံတွေ့ရလေ့ရှိရာ ဆိုင်ကယ်ထောက်ပံ့ပေးပါက လက်ရှိပံ့ပိုးပေးနေသည့် ခရီးစရိတ်အား ဆီဖိုးအဖြစ်သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်အစီး(၃၀၀)အား ရေဘေးသင့်ခံရသည့် မြို့နယ်များရှိ ကွင်းဆင်းဝန်ထမ်းများအား ဦးစားပေး ချထားပေးမည်ဖြစ်ပြီး ကျန်မြို့နယ်များမှဝန်ထမ်းများအတွက် နေပြည်တော်(ရုံးချုပ်) ၏ စီမံခန့်ခွဲမှု ၊ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုကိုခံယူကာ ကြိုတင်ကာကွယ်ရေး စီမံချက်အနေဖြင့် သင့်တင့်လျောက်ပတ်သည့် ခွဲတမ်းတစ်ခု သတ်မှတ်ချထားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

အဆိုပါ ဆိုင်ကယ်များအား နေပြည်တော်တွင် လိုင်စင်ပြုလုပ်နေဆဲဖြစ်၍ လိုင်စင်နံပတ်များရပါက ဦးစားပေး မြို့နယ်များသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

သတင်း/ဓါတ်ပုံ #ဖီးနစ်



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြုံခဲ့ရသည့် စိုက်ပျိုးမြေများအတွက် လိုအပ်ချက်များကွင်းဆင်း ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဝန်ထမ်းများအား ဆိုင်ကယ်အစီးရေ (၃၀၀) ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

"ပွင့်ဖြူ၊ စလင်းနဲ့ မင်းဘူးမြို့များမှာ မုန်းချောင်းရေလျှံပြီး ရကြေီးနစ်မြုပ်ခံခဲ့ရတဲ့ သဘာဝဘေး အန္တရာယ်ဖြစ်စဉ် အတွက် လိုအပ်ချက်များ တင်ပြတောင်းခံရန် ညွှန်ကြားချက်ရရှိတာကြောင့် မျိုး၊ ဓာတ်မြေ သြဇာ၊ သီးနှံသိုလှောင်အိတ်နဲ့ ဝန်ထမ်းတွေ အရေးပေါ် သွား လာမှုလွယ်ကူရေးအတွက် ယာဉ်များ တောင်းခံလိုက်တဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရက IRM Project ချေးငွေနဲ့ ထောက်ပံ့ချထားပေးခဲ့တာ ဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးဌာန အနဖြေင့် ကွင်းဆင်းဝန်ထမ်းများအား ခရီးစရိတ် အလုံအလောက် ထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့၍ အရေးပေါ်သွားလာရေးအတွက် အခက်အခဲကြုံတွေ့ရလေ့ရှိရာ ဆိုင်ကယ်ထောက်ပံ့ပေးပါက လက်ရှိပံ့ပိုးပေးနေသည့် ခရီးစရိတ်အား ဆီဖိုးအဖြစ်သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်အစီး(၃၀၀)အား ရေဘေးသင့်ခံရသည့် မြို့နယ်များရှိ ကွင်းဆင်းဝန်ထမ်းများအား ဦးစားပေး ချထားပေးမည်ဖြစ်ပြီး ကျန်မြို့နယ်များမှဝန်ထမ်းများအတွက် နပြေည်တော်(ရုံးချုပ်)၏ စီမံခန့်ခွဲမှု၊ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုကိုခံယူကာ ကြိုတင်ကာကွယ်ရေး စီမံချက်အနဖြေင့် သင့်တင့်လျောက်ပတ်သည့် ခွဲတမ်းတစ်ခု သတ်မှတ်ချထားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

အဆိုပါ ဆိုင်ကယ်များအား နပြေည်တော်တွင် လိုင်စင်ပြုလုပ်နေဆဲဖြစ်၍ လိုင်စင်နံပတ်များရပါက ဦးစားပေး မြို့နယ်များသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~