တာခ်ီလိတ္တြင္ ခင္ပြန္းျဖစ္သူ ေသာက္ေနသည့္ အရက္အား ဇနီးျဖစ္သူမွ ယူေသာက္မိ၍ ရိုက္ႏွက္ရာမွ လူသတ္မႈျဖစ္ေပၚ

တာခ်ီလိတ္တြင္ ခင္ပြန္းျဖစ္သူ ေသာက္ေနသည့္ အရက္အား ဇနီးျဖစ္သူမွ ယူေသာက္မိ၍ ရိုက္ႏွက္ရာမွ လူသတ္မႈျဖစ္ေပၚ
ဒီဇင်ဘာ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ ခင္ပြန္းျဖစ္သူ ေသာက္ေနသည့္ အရက္ကို ယူေသာက္မိသည့္ ဇနီးျဖစ္သူအား ခင္ပြန္းကရုိက္ႏွက္၍ ေသဆံုးသြားသျဖင့္ ဒီဇင္ဘာလ (၃၁)ရက္ေန႔တြင္ လူသတ္မႈျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္၊ ေဟြခုိက္ရြာ လမ္းမေပၚတြင္ ဒီဇင္ဘာလ (၃၀)ရက္ေန႔ ည(၉)နာရီေက်ာ္က အမ်ိဳးသမီးတစ္ဦး လဲက် ေသဆံုးေနသည္ကို ေတြ႔ရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ လူေသမႈျဖင့္ အမႈဖြင့္ စစ္ေဆးရာမွ ေသဆံုးသူ၏ ခင္ပြန္းသည္ အရက္မူးလွ်င္ ဇနီးျဖစ္သူအား ရိုက္ႏွက္ေလ့ရိွသည္ကို စံုစမ္းသိရိွခဲ့ရေၾကာင္း သိရသည္။

ေသဆံုးသူ၏ ခင္ပြန္းျဖစ္သူ ဝင္းဆုိင္(ခ) ခင္ေမာင္ၾကည္အား ဆက္လက္စစ္ေဆးရာ ဒီဇင္ဘာလ (၃၀)ရက္ေန႔ ညေန (၅)နာရီခန္႔က ေနအိမ္တြင္ အရက္ေသာက္ေနစဥ္ ဇနီးျဖစ္သူ မမိုးျဖဴက ၎၏အရက္အား  ယူူေသာက္သျဖင့္ စကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူက ထြက္ေျပးသြားစဥ္ အေနာက္မွလိုက္ဖမ္းၿပီး ဆံပင္မွဆြဲလုိက္ရာ ပက္လက္လန္လဲသြားျခင္းျဖစ္သည္ဟု ထြက္ဆိုသည္။

လဲသြားသည့္ ဇနီးျဖစ္သူ၏ ရင္ဘတ္အား လက္သီးျဖင့္ထိုးျခင္း၊ ဆံပင္ဆြဲကာ ဦးေခါင္းအား ေက်ာက္ခင္းေျမသားလမ္းျဖင့္ ကိုင္ေစာင့္ျခင္းတို႔ကို အဆက္မျပတ္ျပဳလုပ္ၿပီးေနာက္ သတိလစ္သြားသည့္ ဇနီးသည္အား ထားခဲ့ကာ အိမ္ျပန္လာျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

ဇနီးျဖစ္သူအား ေသဆံုးသည္ အထိ ရိုက္ႏွက္ခဲ့သည့္ ဝင္းဆုိင္ (ခ)ခင္ေမာင္ၾကည္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ (၃၁)ရက္ေန႔က (ပ) ၂၅၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် ခင်ပွန်းဖြစ်သူ သောက်နေသည့် အရက်ကို ယူသောက်မိသည့် ဇနီးဖြစ်သူအား ခင်ပွန်းကရိုက်နှက်၍ သေဆုံးသွားသဖြင့် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် လူသတ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ ဟွေခိုက်ရွာ လမ်းမပေါ်တွင် ဒီဇင်ဘာလ (၃၀)ရက်နေ့ ည(၉)နာရီကျော်က အမျိုးသမီးတစ်ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် လူသေမှုဖြင့် အမှုဖွင့် စစ်ဆေးရာမှ သေဆုံးသူ၏ ခင်ပွန်းသည် အရက်မူးလျှင် ဇနီးဖြစ်သူအား ရိုက်နှက်လေ့ရှိသည်ကို စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဝင်းဆိုင်(ခ) ခင်မောင်ကြည်အား ဆက်လက်စစ်ဆေးရာ ဒီဇင်ဘာလ (၃၀)ရက်နေ့ ညနေ (၅)နာရီခန့်က နေအိမ်တွင် အရက်သောက်နေစဉ် ဇနီးဖြစ်သူ မမိုးဖြူက၎င်း၏အရက်အား ယူသောက်သဖြင့် စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ထွက်ပြေးသွားစဉ် အနောက်မှလိုက်ဖမ်းပြီး ဆံပင်မှဆွဲလိုက်ရာ ပက်လက်လန်လဲသွားခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။

လဲသွားသည့် ဇနီးဖြစ်သူ၏ ရင်ဘတ်အား လက်သီးဖြင့်ထိုးခြင်း၊ ဆံပင်ဆွဲကာ ဦးခေါင်းအား ကျောက်ခင်းမြေသားလမ်းဖြင့် ကိုင်စောင့်ခြင်းတို့ကို အဆက်မပြတ်ပြုလုပ်ပြီးနောက် သတိလစ်သွားသည့် ဇနီးသည်အား ထားခဲ့ကာ အိမ်ပြန်လာခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

ဇနီးဖြစ်သူအား သေဆုံးသည် အထိ ရိုက်နှက်ခဲ့သည့် ဝင်းဆိုင် (ခ)ခင်မောင်ကြည်အား တာချီလိတ်မြို့မရဲစခန်းတွင် ဒီဇင်ဘာလ (၃၁)ရက်နေ့က (ပ) ၂၅၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~