ကေလာအဆင္းလမ္းတြင္ တြဲကားတစ္စီး မေတာ္တဆျဖစ္ၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းေပးျခင္းမရိွ၍ ခရီးသည္တင္ယာဥ္မ်ား ၉ နာရီေက်ာ္ ေစာင့္ဆုိင္းခဲ့ရ

ကေလာအဆင္းလမ္းတြင္ တြဲကားတစ္စီး မေတာ္တဆျဖစ္ၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းေပးျခင္းမရိွ၍ ခရီးသည္တင္ယာဥ္မ်ား ၉ နာရီေက်ာ္ ေစာင့္ဆုိင္းခဲ့ရ
ဒီဇင်ဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) က​ေလာၿမိဳ႕မွ ရန္​ကုန္​အဆင္​းလမ္​းတြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔ ညေနက တြဲကားတစ္စီး မေတာ္တဆျဖစ္၍ လမ္းပိတ္ဆို႔သြားရာမွ တာဝန္ရိွသူမ်ား ေျဖရွင္းေပးျခင္း မရိွသျဖင့္ အဆိုပါ လမ္းပိုင္းမွ ခရီးသည္တင္ယာဥ္မ်ား အပါအဝင္ ေမာ္ေတာ္ယာဥ္မ်ားမွ ခရီးသြားမ်ားမွာ လမ္းပိတ္ဆို႔သည့္ ေနရာတြင္ (၉)နာရီေက်ာ္ခန္႔ ေစာင့္ဆုိင္းခဲ့ရေၾကာင္း သိရသည္။

"က​ေလာက​ေန (၂၄) ရက္​​ေန႔ည ႐ွစ္​နာရီခြဲမွာ ရန္​ကုန္​ကို ဆင္​းတ့ဲ ကား​ေတြဟာ (၂၅) ရက္​​ေန႔ မနက္​အထိကို က​ေလာ ဧရိယာျပင္​ပကို မ​ေရာက္​ႏိုင္​ခ့ဲဘူး။ ​ေတာင္​အဆင္​းလမ္​း စား​ေသာက္​ဆိုင္​မ႐ွိ၊ အိမ္​သာ မ႐ွိတ့ဲ​ေနရာမွာ ခရီးသည္​​ေတြဟာ (၈) နာရီက​ေန (၉) နာရီ ေက်ာ္​ၾကာ အလံုပိတ္​ကား​ေတြ​ေပၚ ထိုင္​ရက္​ပဲ။ က​ေလာ က​ေန ယင္​းမာပင္​ ​ေရာက္​ဖို႔ အခ်ိန္​ ၉ နာရီ​ေက်ာ္​ ပိတ္​မိခ့ဲတယ္​။ ကား​ေတြကလည္​း မွန္​လံု​ေတြကို စက္​သတ္​ၿပီး ​ေတာင္​​ေစာင္​း​ေတြမွာ ရပ္​ထားရ​ေတာ့ အဲကြန္​းမရ၊ အသက္​႐ွဴၾကပ္​၊  ညဘက္​မွာဆို​ေတာ့ ကား​ေအာက္​လည္​း ဆင္​း​ေနလို႔မရ။ အသက္ႀကီးတဲ့သူေတြ၊ အမ်ိဳးသမီး​ေတြဆို ပိုဒုကၡေရာက္တယ္။ အမွန္က (၂၄)ရက္ေန႔ညေနက ကားအက္ဆီးဒင့္ျဖစ္ၿပီးကတည္းက အတက္ကားေတြကို ပိတ္ထားသင့္တာ​"ဟု အဆိုပါလမ္းပိုင္းမွ ယာဥ္ေၾကာပိတ္ဆို႔ေနသည့္ ခရီးသည္တင္ယာဥ္မွ ခရီးသြားတစ္ဦးက ေျပာသည္။

ေတာင္အတက္အဆင္းလမ္းျဖစ္သည့္ အဆုိပါ ျပည္​​ေထာင္​စုလမ္​းမႀကီး​ေပၚတြင္ ခရီးသည္​တင္​ယာဥ္မ်ား၊ ကုန္​တင္​ယာဥ္​​မ်ား၊ ဆီသယ္​ယာဥ္​​မ်ား ပိတ္မိေနခဲ့ေသာ္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈအား ေျဖရွင္းေပးျခင္းမရိွေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု #Myat Thandar Mg


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) က​လောမြို့မှ ရန်​ကုန်​အဆင်​းလမ်​းတွင် ဒီဇင်ဘာလ (၂၄)ရက်နေ့ ညနေက တွဲကားတစ်စီး မတော်တဆဖြစ်၍ လမ်းပိတ်ဆို့သွားရာမှ တာဝန်ရှိသူများ ဖြေရှင်းပေးခြင်း မရှိသဖြင့် အဆိုပါ လမ်းပိုင်းမှ ခရီးသည်တင်ယာဉ်များ အပါအဝင် မော်တော်ယာဉ်များမှ ခရီးသွားများမှာ လမ်းပိတ်ဆို့သည့် နေရာတွင် (၉)နာရီကျော်ခန့် စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

"က​လောက​နေ (၂၄) ရက်​​နေ့ည ရှစ်​နာရီခွဲမှာ ရန်​ကုန်​ကို ဆင်​းတဲ့ ကား​တွေဟာ (၂၅) ရက်​​နေ့ မနက်​အထိကို က​လော ဧရိယာပြင်​ပကို မ​ရောက်​နိုင်​ခဲ့ဘူး။ ​တောင်​အဆင်​းလမ်​း စား​သောက်​ဆိုင်​မရှိ၊ အိမ်​သာ မရှိတဲ့​နေရာမှာ ခရီးသည်​​တွေဟာ (၈) နာရီက​နေ (၉) နာရီ ကျော်​ကြာ အလုံပိတ်​ကား​တွေ​ပေါ် ထိုင်​ရက်​ပဲ။ က​လော က​နေ ယင်​းမာပင်​ ​ရောက်​ဖို့ အချိန်​ ၉ နာရီ​ကျော်​ ပိတ်​မိခဲ့တယ်​။ ကား​တွေကလည်​း မှန်​လုံ​တွေကို စက်​သတ်​ပြီး ​တောင်​​စောင်​း​တွေမှာ ရပ်​ထားရ​တော့ အဲကွန်​းမရ၊ အသက်​ရှူကြပ်​၊ ညဘက်​မှာဆို​တော့ ကား​အောက်​လည်​း ဆင်​း​နေလို့မရ။ အသက်ကြီးတဲ့သူတွေ၊ အမျိုးသမီး​တွေဆို ပိုဒုက္ခရောက်တယ်။ အမှန်က (၂၄)ရက်နေ့ညနေက ကားအက်ဆီးဒင့်ဖြစ်ပြီးကတည်းက အတက်ကားတွေကို ပိတ်ထားသင့်တာ​"ဟု အဆိုပါလမ်းပိုင်းမှ ယာဉ်ကြောပိတ်ဆို့နေသည့် ခရီးသည်တင်ယာဉ်မှ ခရီးသွားတစ်ဦးက ပြောသည်။

တောင်အတက်အဆင်းလမ်းဖြစ်သည့် အဆိုပါ ပြည်​​ထောင်​စုလမ်​းမကြီး​ပေါ်တွင် ခရီးသည်​တင်​ယာဉ်များ၊ ကုန်​တင်​ယာဉ်​​များ၊ ဆီသယ်​ယာဉ်​​များ ပိတ်မိနေခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ #Myat Thandar Mg

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~