က်ဳိင္းတံုတြင္ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးအား သတ္၍ မီးရိႈ႕အေလာင္းေဖ်ာက္သည့္ ကိစၥႏွင့္ ပတ္သက္၍ အခင္းျဖစ္သည့္ ေနအိမ္မွ ဆရာမထံက စစ္ေဆးခ်က္ယူရန္ ေဆာင္ရြက္ထား

က်ဳိင္းတံုတြင္ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးအား သတ္၍ မီးရိႈ႕အေလာင္းေဖ်ာက္သည့္ ကိစၥႏွင့္ ပတ္သက္၍ အခင္းျဖစ္သည့္ ေနအိမ္မွ ဆရာမထံက စစ္ေဆးခ်က္ယူရန္ ေဆာင္ရြက္ထား
ဒီဇင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အသက္ (၁၈)ႏွစ္အရြယ္ မိန္းကေလးအား လူသတ္မီးရိႈ႕ အေလာင္းေဖ်ာက္သည့္ အမႈမွ အခင္းျဖစ္ေနအိမ္ကို ငွားရမ္းထားသည့္ ဆရာမထံမွ စစ္ေဆးခ်က္ရယူရန္ ဆက္သြယ္ေဆာင္ရြက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕နယ္၊ လြယ္ေမြေက်းရြာအနီး က်ိဳင္းတုံ - လြိဳင္ေမြကားလမ္း မိုင္တိုင္(၈/၄) လမ္းဝဲဘက္ အနက္
(၆) ေပခန္႔ရွိေခ်ာင္းထဲ၌ မီးေလာင္ကၽြမ္းထားသည့္ အမ်ိဳးသမီးအေလာင္းကို ဒီဇင္ဘာလ (၂၂)ရက္ေန႔တြင္ ရဲတပ္ဖြဲ႔က ေတြ႔ရိွခဲ့ျခင္းျဖစ္ၿပီး အေလာင္းတြင္ က်န္ခဲ့သည့္ လက္စြပ္အား ေသဆံုးသူ၏ ရည္းစားျဖစ္သူက ေသဆံုးသူမွာ ဧၿပီလ (သို႔) ေအဘီလျဖစ္ေၾကာင္း အတည္ျပဳေပးႏုိင္ခဲ့သျဖင့္ တရားခံႏွစ္ဦးအား ဖမ္းဆီး ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဖမ္းမိတဲ့ ႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ ထြက္ခ်က္ရယူထားၿပီး ရမန္ယူထားၿပီးပါၿပီ။ သာစည္မွာ ဖမ္းမိတဲ့ တစ္ေယာက္ဆီက စစ္ေဆးခ်က္ယူဖို႔ လုပ္ေနပါတယ္။ မုိင္းေယာင္းေရာက္ေနတဲ့ ဆရာမကိုလည္း ဆက္သြယ္ၿပီး စစ္ေဆး ေမးျမန္းဖို႔ လုပ္စရာရိွတာေတြ လုပ္ထားၿပီးပါၿပီ"ဟု က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ျမင့္ေဆြက ဒီဇင္ဘာလ(၂၇)ရက္ေန႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသြားသည့္ မိန္းကေလးမွာ ဒီဇင္ဘာလ (၂၀) ရက္ေန႔က ၎၏ ရည္းစားျဖစ္သူထံမွ ဆိုင္ကယ္ ငွားရမ္း၍ ရပ္ကြက္(၄)ေပါက္တိုက္ရပ္ေန ဆရာမ ေဒၚႏြမ္းဘြိဳင္း၏ ေနအိမ္သို႔ ငါးကင္သြားပို႔ခဲ့ေၾကာင္း သတင္းအရ ျပစ္မႈက်ဴးလြန္သူႏွစ္ဦးအား ရဲတပ္ဖြဲ႕က ဒီဇင္ဘာလ (၂၆) ရက္ေန႔တြင္ ဖမ္းဆီးႏုိင္ခဲ့ကာ သက္ေသခံပစၥည္း ဖုန္းႏွင့္ ဆိုင္ကယ္မ်ားအား ျပန္လည္ သိမ္းဆည္းႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ စိုးလြင္ဆိုသူ၏ ထြက္ဆိုခ်က္အရ ေသဆုံးသူသည္ ဒီဇင္ဘာလ (၂၀) ရက္ေန႔ ညေန (၅)နာရီခြဲခန္႔က ေပါက္တိုက္ရပ္ရွိ ေဒၚႏြမ္းဘြိဳင္း ငွားရမ္းေနထိုင္သည့္ အိမ္တြင္ ငါးကင္သြားပို႔ခ်ိန္  စိုးလြင္ႏွင့္ ၎၏ သူငယ္ခ်င္း စိုင္းရွဲန္ (ခ)အိုက္ပီးတို႔ အတူရိွေနၾကၿပီး အဆိုပါမိန္းကေလး ေရာက္ရိွလာစဥ္ စိုင္းရွဲန္(ခ) အိုက္ပီးအား ေနအိမ္အတြင္းရွိ အျခားအခန္းတြင္ ပုန္းခိုင္းထားကာ မိန္းကေလးအား အခန္းတြင္းဆြဲေခၚရာ ႐ုန္းကန္ၿပီး ေအာ္ဟစ္မည္ျပဳသျဖင့္ လည္ပင္းညႇစ္ကာ အိပ္ခန္းခုတင္နံရံျဖင့္ ဦးေခါင္းအား သံုးခ်က္ခန္႔ ရိုက္ေဆာင့္ခဲ့၍ ၾကမ္းျပင္ေပၚသို႔ လဲက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

မိန္းကေလးက ဆက္လက္ ႐ုန္းကန္ေနသျဖင့္ လည္ပင္းအား ေျခေထာက္ျဖင့္ တက္နင္းထားစဥ္ စိုင္းရွဲန္(ခ)အိုက္ပီးက အခန္းအတြင္းသို႔ ဝင္လာၿပီး ၎ႏွင့္အတူ တက္နင္းခဲ့ရာ ေသဆုံးသြားခဲ့ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

ယင္းေနာက္ မိန္းကေလးတြင္ ပါလာသည့္ လက္ကိုင္ဖုန္းအား ထုေခ်ကာ ဖိနပ္အား ေနအိမ္အနီးရွိ လူမေနသည့္ ၿခံအလြတ္အတြင္းသို႔ လႊင့္ပစ္ခဲ့ၿပီး ည (၇)နာရီခန္႔တြင္္ ေသဆုံးသူ စီးနင္းလာသည့္ ဆိုင္ကယ္ျဖင့္ က်ိဳင္းတုံ - လြယ္ေမြသြားကားလမ္း ေတာစပ္တြင္ အေလာင္းအား ပစ္ခ်ကာ ဓါတ္ဆီျဖင့္ေလာင္း၍ မီးရိႈ႕ခဲ့ေၾကာင္းႏွင့္ မိန္းကေလးစီးနင္းလာသည့္ ဆိုင္ကယ္အား (၃)ရပ္ကြက္ ၿမိဳ႕သစ္ရပ္ေန ကိုနိုင္ထံတြင္ ေငြက်ပ္ (၁၀) သိန္းျဖင့္ ေပါင္ႏွံခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရသည္။

တရားခံထံမွ စစ္ေဆးေပၚေပါက္ခ်က္ကို က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕က ဒီဇင္ဘာလ (၂၆)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕၌ သတင္းစာရွင္းလင္းပြဲလုပ္၍ အမ်ားျပည္သူအား အသိေပးရွင္းလင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ အမႈအား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔က (ပ)၂၃၂/၂၀၁၇ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/ ၂၀၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက် (၁၈)နှစ်အရွယ် မိန်းကလေးအား လူသတ်မီးရှို့ အလောင်းဖျောက်သည့် အမှုမှ အခင်းဖြစ်နေအိမ်ကို ငှါးရမ်းထားသည့် ဆရာမထံမှ စစ်ဆေးချက်ရယူရန် ဆက်သွယ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအနီး ကျိုင်းတုံ - လွိုင်မွေကားလမ်း မိုင်တိုင်(၈/၄) လမ်းဝဲဘက် အနက်
(၆) ပေခန့်ရှိချောင်းထဲ၌ မီးလောင်ကျွမ်းထားသည့် အမျိုးသမီးအလောင်းကို ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းတွင် ကျန်ခဲ့သည့် လက်စွပ်အား သေဆုံးသူ၏ ရည်းစားဖြစ်သူက သေဆုံးသူမှာ ဧပြီလ (သို့) အေဘီလဖြစ်ကြောင်း အတည်ပြုပေးနိုင်ခဲ့သဖြင့် တရားခံနှစ်ဦးအား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဖမ်းမိတဲ့ နှစ်ယောက်မှာ တစ်ယောက်ကတော့ ထွက်ချက်ရယူထားပြီး ရမန်ယူထားပြီးပါပြီ။ သာစည်မှာ ဖမ်းမိတဲ့ တစ်ယောက်ဆီက စစ်ဆေးချက်ယူဖို့ လုပ်နေပါတယ်။ မိုင်းယောင်းရောက်နေတဲ့ ဆရာမကိုလည်း ဆက်သွယ်ပြီး စစ်ဆေး မေးမြန်းဖို့ လုပ်စရာရှိတာတွေ လုပ်ထားပြီးပါပြီ"ဟု ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဆွေက ဒီဇင်ဘာလ(၂၇)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသွားသည့် မိန်းကလေးမှာ ဒီဇင်ဘာလ (၂၀) ရက်နေ့က၎င်း၏ ရည်းစားဖြစ်သူထံမှ ဆိုင်ကယ် ငှါးရမ်း၍ ရပ်ကွက်(၄)ပေါက်တိုက်ရပ်နေ ဆရာမ ဒေါ်နွမ်းဘွိုင်း၏ နေအိမ်သို့ ငါးကင်သွားပို့ခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူနှစ်ဦးအား ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကာ သက်သေခံပစ္စည်း ဖုန်းနှင့် ဆိုင်ကယ်များအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စိုးလွင်ဆိုသူ၏ ထွက်ဆိုချက်အရ သေဆုံးသူသည် ဒီဇင်ဘာလ (၂၀) ရက်နေ့ ညနေ (၅)နာရီခွဲခန့်က ပေါက်တိုက်ရပ်ရှိ ဒေါ်နွမ်းဘွိုင်း ငှါးရမ်းနေထိုင်သည့် အိမ်တွင် ငါးကင်သွားပို့ချိန် စိုးလွင်နှင့်၎င်း၏ သူငယ်ချင်း စိုင်းရှဲန် (ခ)အိုက်ပီးတို့ အတူရှိနကြပြေီး အဆိုပါမိန်းကလေး ရောက်ရှိလာစဉ် စိုင်းရှဲန်(ခ) အိုက်ပီးအား နေအိမ်အတွင်းရှိ အခြားအခန်းတွင် ပုန်းခိုင်းထားကာ မိန်းကလေးအား အခန်းတွင်းဆွဲခေါ်ရာ ရုန်းကန်ပြီး အော်ဟစ်မည်ပြုသဖြင့် လည်ပင်းညှစ်ကာ အိပ်ခန်းခုတင်နံရံဖြင့် ဦးခေါင်းအား သုံးချက်ခန့် ရိုက်ဆောင့်ခဲ့၍ ကြမ်းပြင်ပေါ်သို့ လဲကျသွားခြင်းဖြစ်ကြောင်း သိရသည်။

မိန်းကလေးက ဆက်လက် ရုန်းကန်နေသဖြင့် လည်ပင်းအား ခြေထောက်ဖြင့် တက်နင်းထားစဉ် စိုင်းရှဲန်(ခ)အိုက်ပီးက အခန်းအတွင်းသို့ ဝင်လာပြီး၎င်းနှင့်အတူ တက်နင်းခဲ့ရာ သေဆုံးသွားခဲ့ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

ယင်းနောက် မိန်းကလေးတွင် ပါလာသည့် လက်ကိုင်ဖုန်းအား ထုချေကာ ဖိနပ်အား နေအိမ်အနီးရှိ လူမနေသည့် ခြံအလွတ်အတွင်းသို့ လွှင့်ပစ်ခဲ့ပြီး ည (၇)နာရီခန့်တွင် သေဆုံးသူ စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ကျိုင်းတုံ - လွယ်မွေသွားကားလမ်း တောစပ်တွင် အလောင်းအား ပစ်ချကာ ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့ခဲ့ကြောင်းနှင့် မိန်းကလေးစီးနင်းလာသည့် ဆိုင်ကယ်အား (၃)ရပ်ကွက် မြို့သစ်ရပ်နေ ကိုနိုင်ထံတွင် ငွေကျပ် (၁၀) သိန်းဖြင့် ပေါင်နှံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

တရားခံထံမှ စစ်ဆေးပေါ်ပေါက်ချက်ကို ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ကျိုင်းတုံမြို့၌ သတင်းစာရှင်းလင်းပွဲလုပ်၍ အများပြည်သူအား အသိပေးရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် ဒီဇင်ဘာလ (၂၂)ရက်နေ့က (ပ)၂၃၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၂၀၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~