တာလေမြို့ နားယောင်းကျေးရွာအုပ်စု နမ့်လင်းချောင်းဘေးတွင် တရားမဝင်ရွှေတူးသူတစ်ဦးအား ဖမ်းဆီးရမိ

တာလေမြို့ နားယောင်းကျေးရွာအုပ်စု နမ့်လင်းချောင်းဘေးတွင် တရားမဝင်ရွှေတူးသူတစ်ဦးအား ဖမ်းဆီးရမိ
ဒီဇငျဘာ 2, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စု  နမ့်လင်းချောင်း အတွင်း တရားမဝင် ရွှေတူးနေသူတစ်ဦးအား ရွှေတူးဖေါ်သည့် ပစ္စည်းများနှင့်အတူ ဒီဇင်ဘာလ (၁)ရက်နေ့က ဖမ်းဆီးရမိသဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တာလေမြို့နှင့် ပါခါးလုံကျေးရွာကြား နမ့်လမ်းချောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖေါ်မှုများအား တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည်  သက်သေများနှင့်အတူ ဒီဇင်ဘာလ (၁)ရက်နေ့က လိုက်လံစစ်ဆေးရာ နားယောင်းအုပ်စု၊ ပါဟုတ်ကျေးရွာနှင့် ပါခါးလုံကြား နမ့်လင်းချောင်း တစ်ဖက်ကမ်းတွင် တရားမဝင် ရွှေတူးနေသည်ကို စစ်ဆေးတွေ့ရပြီး ကျော်ဦးဆိုသူအား ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် အင်ဂျင်၊ လေအိုး၊ လေမှုတ်စက်၊ ရေငုတ်ဝတ်စုံ၊ မျောဇလားစသည် တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။



သတင်း - စိုင်းဇေယျာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့ နားယောင်းကျေးရွာအုပ်စု နမ့်လင်းချောင်းအတွင်း တရားမဝင် ရွှေတူးနေသူတစ်ဦးအား ရွှေတူးဖော်သည့် ပစ္စည်းများနှင့်အတူ ဒီဇင်ဘာလ (၁)ရက်နေ့က ဖမ်းဆီးရမိသဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တာလမြေို့နှင့် ပါခါးလုံကျေးရွာကြား နမ့်လမ်းချောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများအား တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ ဒီဇင်ဘာလ (၁)ရက်နေ့က လိုက်လံစစ်ဆေးရာ နားယောင်းအုပ်စု၊ ပါဟုတ်ကျေးရွာနှင့် ပါခါးလုံကြား နမ့်လင်းချောင်း တစ်ဖက်ကမ်းတွင် တရားမဝင် ရွှေတူးနေသည်ကို စစ်ဆေးတွေ့ရပြီး ကျော်ဦးဆိုသူအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် အင်ဂျင်၊ လေအိုး၊ လေမှုတ်စက်၊ ရေငုတ်ဝတ်စုံ၊ မျောဇလားစသည် တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တရားမဝင် ရွှေတူးဖော်နေသည့် ကျော်ဦးအား တာလေနယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၁၇၊ သတ္တုတွင်းအက်ဥပဒေပုဒ်မ ၃၀ (ခ)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းကဲ့သို့ပင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုအုပ်စု တာလကျေးရွာအနီး နမ့်လုံချောင်း အတွင်း ဒီဇင်ဘာလ (၁)ရက်နေ့က တရားမဝင်ရွှေဖောင်တစ်ဖောင်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~