တာခ်ီလိတ္တြင္ တပ္မေတာ္က ဖမ္းမိသည့္ မူးယစ္ေဆးသယ္လာသည့္ လူငယ္ႏွစ္ဦးအား ရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္း

တာခ်ီလိတ္တြင္ တပ္မေတာ္က ဖမ္းမိသည့္ မူးယစ္ေဆးသယ္လာသည့္ လူငယ္ႏွစ္ဦးအား ရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္း
ဒီဇင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးအုပ္စု ေဟြလန္းရြာအနီး ကားလမ္းတြင္ ဒီဇင္ဘာလ (၂၉)ရက္ေန႔က စိတ္ၾကြရူးသြပ္ေဆးျပား (၉၉၄၀)ျပား သယ္ေဆာင္လာသူအား ခမရ (၅၇၁)က ဖမ္းဆီးရမိ သျဖင့္ တာခ်ီလိတ္ၿမိဳ႕မစခန္းသို႔ လႊဲေျပာင္းေပးအပ္ၿပီး အေရးယူထားေၾကာင္း သိရသည္။

တာေလတပ္နယ္အတြင္းရွိ ခမရ (၅၇၁)တပ္မွ ဗိုလ္မွဴးေက်ာ္မ်ိဳးထြန္းႏွင့္အဖြဲ႕သည္ မုိင္းကိုးေက်းရြာ အုပ္စုအတြင္း နယ္ေျမလႈပ္ရွား ေဆာင္ရြက္ေနစဥ္ နံနက္ (၁၀)နာရီခန္႔က နမ့္ဖုန္းရြာဘက္မွ ေဟြ႕လန္းရြာ ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ လူငယ္အမ်ိဳးသား ႏွစ္ဦးအား စစ္ေဆးရာမွ စိတ္ၾကြရူးသြပ္ ေဆးျပားမ်ား ေတြ႔ရွိသိမ္းဆည္း ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသူႏွစ္ဦးအား တပ္စခန္းတြင္ ေခတၱ ထိန္းသိမ္းထားေၾကာင္း အေၾကာင္းၾကားသျဖင့္ ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူမ်ားက ေန႔လယ္ (၁)နာရီခြဲ ၀န္းက်င္တြင္ လႊဲေျပာင္း ေခၚေဆာင္ခဲ့ၿပီး မူးယစ္ေဆးသယ္ေဆာင္လာသူမ်ား ျဖစ္သည့္ က်ာရွာႏွင့္ ေယာဟန္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၃/၁၇၊ မူး/စိတ္ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု ဟွေလန်းရွာအနီး ကားလမ်းတွင် ဒီဇင်ဘာလ (၂၉)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၉၉၄၀)ပြား သယ်ဆောင်လာသူအား ခမရ (၅၇၁)က ဖမ်းဆီးရမိ သဖြင့် တာချီလိတ်မြို့မစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အရေးယူထားကြောင်း သိရသည်။

တာလေတပ်နယ်အတွင်းရှိ ခမရ (၅၇၁)တပ်မှ ဗိုလ်မှူးကျော်မျိုးထွန်းနှင့်အဖွဲ့သည် မိုင်းကိုးကျေးရွာ အုပ်စုအတွင်း နယ်မြေလှုပ်ရှား ဆောင်ရွက်နေစဉ် နံနက် (၁၀)နာရီခန့်က နမ့်ဖုန်းရွာဘက်မှ ဟွေ့လန်းရွာ ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်အမျိုးသား နှစ်ဦးအား စစ်ဆေးရာမှ စိတ်ကြွရူးသွပ် ဆေးပြားများ တွေ့ရှိသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူနှစ်ဦးအား တပ်စခန်းတွင် ခေတ္တ ထိန်းသိမ်းထားကြောင်း အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှ တာဝန်ရှိသူများက နေ့လယ် (၁)နာရီခွဲ ဝန်းကျင်တွင် လွှဲပြောင်း ခေါ်ဆောင်ခဲ့ပြီး မူးယစ်ဆေးသယ်ဆောင်လာသူများ ဖြစ်သည့် ကျာရှာနှင့် ယောဟန်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၃/၁၇၊ မူး/စိတ် ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~