ကယားျပည္နယ္တြင္း တုိက္ပြဲအၿပီးတြင္ ေဒသခံမ်ား၏ ေတာင္ယာေျမမ်ား တပ္ပိုင္ေျမျဖစ္သြားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္အား တင္ျပေဆြးေႏြး

ကယားျပည္နယ္တြင္း တုိက္ပြဲအၿပီးတြင္ ေဒသခံမ်ား၏ ေတာင္ယာေျမမ်ား တပ္ပိုင္ေျမျဖစ္သြားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္အား တင္ျပေဆြးေႏြး
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

လိြဳင္ေကာ္တြင္ က်င္းပသည့္ ေဒသခံလူငယ္မ်ားႏွင့္ ၿငိမ္းခ်မ္းေရးစကားဝိုင္းတြင္ တပ္ပိုင္ေျမကိစၥမ်ားႏွင့္ ပတ္သက္၍ တင္ျပေဆြးေႏြးခ်က္ႏွင့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က တုိက္တြန္းခ်က္တို႔အား သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက အမွန္တကယ္လုပ္ေဆာင္ေပးရန္ ေမွ်ာ္လင့္ေၾကာင္း ေဒသခံတို႔က ေျပာၾကားလုိက္သည္။

"စကားဝိုင္းမွ မာရီးယို ေဆြးေႏြးတာ အထိေရာက္ဆုံးနဲ႔ လက္ေတြ႕အက်ဆုံးပဲ ။ ဝန္ႀကီးခ်ဳပ္၊ နယ္လုံတု႔ိကို ေဒၚေအာင္ဆန္းစုၾကည္ သတိေပး ေျပာသြားသလို ဝန္ႀကီးခ်ဳပ္နဲ႔ နယ္လုံတို႔က ေျမယာကိစၥေတြကို အေလးနက္ထားၿပီး လုပ္ေပးမယ္လို႔ ေမွ်ာ္လင့္တယ္ "ဟု ေဒသခံတစ္ဦးျဖစ္သည့္ ဦးဖရန္စစ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္း ေဒသခံေတာင္သူမ်ား၏ေျမယာမ်ား တပ္ပိုင္ေျမျဖစ္ေနသည့္ကိစၥအား ဦးမာရီးယိုက တင္ျပေဆြးေႏြးမႈအေပၚ အေလးထားေျဖ႐ွင္း လုပ္ေဆာင္ေပးရန္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ နယ္စပ္ေရးရာ လံုၿခံဳေရးဝန္ႀကီးတို႔အား ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ဒီဇင္ဘာလ (၂၉)ရက္ေန႔တြင္ တိုက္တြန္းလုိက္ျခင္းျဖစ္သည္။

"ေတာင္ယာနဲ႔ပတ္သက္ၿပီး ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ စစ္ပြဲလည္းၿပီးေရာ ေတာင္ယာသြားမယ္ဆိုၿပီး ေတာင္ယာသြားၾကည့္လိုက္ေတာ့ တပ္ပိုင္ေျမမက်ဴးေက်ာ္ရဆိုတဲ့ ဆိုင္းဘုတ္ေတြျဖစ္ေနတယ္ "ဟု ဦးမာရီးယိုက ေျပာဆိုေဆြးေႏြးသြားျခင္းျဖစ္သည္။

ေဒသခံတိုင္းရင္းသားမ်ား အေနျဖင့္ မိမိတို႔ကိုးကြယ္ရာ ဘာသာတရားမ်ားအား လြတ္လပ္စြာ ကိုးကြယ္ခြင့္ႏွင့္ တပ္စခန္းမ်ား အေနျဖင့္ အဆိုပါ ဘာသာေရး အထိမ္းအမွတ္ ေတာင္ကုန္းမ်ားအေပၚ တည္ေနျခင္းမ်ားကိုလည္း တင္ျပေဆြးေႏြးခဲ့ၿပီး  အဆိုပါ ၿငိမ္းခ်မ္းေရးစကားဝိုင္းတြင္ ေတာင္းဆိုလိုက္သည္။

" အဲ့ဒါဆိုလို႔ရိွရင္ ဒီဟာေတြကို ေျပာရမွာပဲ။ ဘယ္လိုလုပ္တပ္ပိုင္ေျမေတြ ဘယ့္ႏွယ့္ တပ္ပိုင္ေျမ မက်ဴးေက်ာ္ရေတြ ျဖစ္သြားရတာလည္းဆိုတာ အဲဒါေလးကိုေတာ့ ၾကည့္ၿပီးေတာ့ လုပ္ရမယ္။ ဝန္ႀကီးခ်ဳပ္ကလည္း ဒီဟာကို ၾကည့္ေပးပါ။ အစိုးရကလည္းၾကည့္ေပးပါ။ ဒီမွာ႐ွိေနတဲ့ နယ္လုံဝန္ႀကီးတို႔ တပ္တို႔ကလည္းၾကည့္ေပးပါ။ ဘယ္လိုလုပ္ ျပည္သူေတြ လယ္မလုပ္ရဘဲ တပ္ပိုင္ေျမေတြပဲ ျဖစ္ေနလည္းဆိုတာ"ဟု အဆိုပါ ေဆြးေႏြးခ်က္အေပၚ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္တိုက္တြန္း ေဆြးေႏြးခဲ့သည္။

လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ ဒီဇင္ဘာလ (၂၉)ရက္ေန႔က က်င္းပသည့္ ေဒသခံလူငယ္မ်ားႏွင့္ ၿငိမ္းခ်မ္းေရး စကားဝိုင္းတြင္ ပါဝင္ေဆြးေႏြးသည့္ ေဒသခံတစ္ဦးျဖစ္သည့္ ဦးမာရီးယိုက ေဒသတြင္း တိုက္ပြဲမ်ား အၿပီးတြင္ ေတာင္ယာအမ်ားစုမွာ တပ္ပိုင္ေျမမ်ားျဖစ္သြားေၾကာင္း ေဆြးေႏြးခဲ့ျခင္းႏွင့္ ပတ္သက္၍ ယင္းကဲ့သို႔ တုိက္တြန္းလိုက္ျခင္းျဖစ္သည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္အေနျဖင့္ ေဒသခံမ်ား ပို႔ထားေသာ တိုင္ၾကားစာမ်ားကို ထိေရာက္စြာ အေရးယူေပးပါရန္ ကိုလည္း ဦးမာရီးယိုက ျပည္နယ္ဝန္ႀကီးခ်ဳပ္အား ေမတၱာရပ္ခံလုိက္သည္။

"ဒါကဝန္ႀကီးခ်ဳပ္အေနနဲ႔ ျပည္သူက တိုင္တဲ့စာေတြကို ေသေသခ်ာခ်ာ ဖတ္ရလိမ့္မယ္။ ကိုယ္တိုင္မဖတ္ႏိုင္ရင္ ဖတ္တဲ့အဖြဲ႔ေလးလည္း ဖြဲ႔ထားရပါလိမ့္မယ္။ ဖတ္တဲ့အဖြဲ႔ကလည္း နည္းနည္း ေျဖာင့္မတ္ဖို႔လိုတယ္။ သူတို႔အေၾကာင္း တိုင္တာပါလို႔ရိွရင္ ေတာ္ၾကာမတင္ျပမွာလည္း စိုးရိမ္ရေသးတယ္။ အဲဒါကို ေသေသခ်ာခ်ာမွာခဲ့ပါမယ္" ဟု ေဒၚေအာင္ဆန္းစုၾကည္က ျပည္နယ္ဝန္ႀကီးခ်ဳပ္အား တုိက္တြန္းေဆြးေႏြးလုိက္သည္။

ပါဝင္ ေဆြးေႏြးသူမ်ား အနက္ ဦးမာရီးယို၏ ေဆြးေႏြးခ်က္မ်ားမွာ ျပည္နယ္တြင္း အမွန္တကယ္ ျဖစ္ပ်က္ေနေသာ လက္ေတြ႕က်သည့္ ေဆြးေႏြးခ်က္မ်ားျဖစ္သျဖင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားအေနျဖင့္ အေလးထားေျဖရွင္းေပးေစလိုသည္ဟု ေဆြးေႏြးပြဲတက္လာသည့္ ေဒသခံမ်ားက ေျပာၾကားလုိက္သည္။

လိြဳင္ေကာ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၉)ရက္ေန႔က က်င္းပသည့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္နွင့္ ေဒသခံလူငယ္မ်ား၏ ၿငိမ္းခ်မ္းေရးစကားဝိုင္းတြင္ ေဒသခံလူငယ္ (၈)ဦး ပါဝင္ေဆြးေႏြးခဲ့ၿပီး အဆိုပါ စကားဝိုင္း ေဆြးေႏြးပြဲသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈအပါအဝင္ ျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ ဌာနဆုိင္ရာတာဝန္ရိွသူမ်ားလည္း ေဒသခံမ်ားႏွင့္အတူ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

လွိုင်ကော်တွင် ကျင်းပသည့် ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တပ်ပိုင်မြေကိစ္စများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးချက်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းချက်တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အမှန်တကယ်လုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်း ဒေသခံတို့က ပြောကြားလိုက်သည်။

"စကားဝိုင်းမှ မာရီးယို ဆွေးနွေးတာ အထိရောက်ဆုံးနဲ့ လက်တွေ့အကျဆုံးပဲ။ ဝန်ကြီးချုပ်၊ နယ်လုံတို့ကို ဒေါ်အောင်ဆန်းစုကြည် သတိပေး ပြောသွားသလို ဝန်ကြီးချုပ်နဲ့ နယ်လုံတို့က မြေယာကိစ္စတွေကို အလေးနက်ထားပြီး လုပ်ပေးမယ်လို့ မျှော်လင့်တယ် "ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးဖရန်စစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်တွင်း ဒေသခံတောင်သူများ၏မြေယာများ တပ်ပိုင်မြဖြေစ်နေသည့်ကိစ္စအား ဦးမာရီးယိုက တင်ပြဆွေးနွေးမှုအပေါ် အလေးထားဖြေရှင်း လုပ်ဆောင်ပေးရန် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးတို့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"တောင်ယာနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့ စစ်ပွဲလည်းပြီးရော တောင်ယာသွားမယ်ဆိုပြီး တောင်ယာသွားကြည့်လိုက်တော့ တပ်ပိုင်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွဖြေစ်နေတယ် "ဟု ဦးမာရီးယိုက ပြောဆိုဆွေးနွေးသွားခြင်းဖြစ်သည်။

ဒေသခံတိုင်းရင်းသားများ အနဖြေင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရားများအား လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် တပ်စခန်းများ အနဖြေင့် အဆိုပါ ဘာသာရေး အထိမ်းအမှတ် တောင်ကုန်းများအပေါ် တည်နခြေင်းများကိုလည်း တင်ပြဆွေးနွေးခဲ့ပြီး အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းတွင် တောင်းဆိုလိုက်သည်။

" အဲ့ဒါဆိုလို့ရှိရင် ဒီဟာတွေကို ပြောရမှာပဲ။ ဘယ်လိုလုပ်တပ်ပိုင်မြေတွေ ဘယ့်နှယ့် တပ်ပိုင်မြေ မကျူးကျော်ရတွေ ဖြစ်သွားရတာလည်းဆိုတာ အဲဒါလေးကိုတော့ ကြည့်ပြီးတော့ လုပ်ရမယ်။ ဝန်ကြီးချုပ်ကလည်း ဒီဟာကို ကြည့်ပေးပါ။ အစိုးရကလည်းကြည့်ပေးပါ။ ဒီမှာရှိနေတဲ့ နယ်လုံဝန်ကြီးတို့ တပ်တို့ကလည်းကြည့်ပေးပါ။ ဘယ်လိုလုပ် ပြည်သူတွေ လယ်မလုပ်ရဘဲ တပ်ပိုင်မြေတွေပဲ ဖြစ်နေလည်းဆိုတာ"ဟု အဆိုပါ ဆွေးနွေးချက်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တိုက်တွန်း ဆွေးနွေးခဲ့သည်။

လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ဒီဇင်ဘာလ (၂၉)ရက်နေ့က ကျင်းပသည့် ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ဒေသခံတစ်ဦးဖြစ်သည့် ဦးမာရီးယိုက ဒေသတွင်း တိုက်ပွဲများ အပြီးတွင် တောင်ယာအများစုမှာ တပ်ပိုင်မြေများဖြစ်သွားကြောင်း ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်အနဖြေင့် ဒေသခံများ ပို့ထားသော တိုင်ကြားစာများကို ထိရောက်စွာ အရေးယူပေးပါရန် ကိုလည်း ဦးမာရီးယိုက ပြည်နယ်ဝန်ကြီးချုပ်အား မေတ္တာရပ်ခံလိုက်သည်။

"ဒါကဝန်ကြီးချုပ်အနေနဲ့ ပြည်သူက တိုင်တဲ့စာတွေကို သေသေချာချာ ဖတ်ရလိမ့်မယ်။ ကိုယ်တိုင်မဖတ်နိုင်ရင် ဖတ်တဲ့အဖွဲ့လေးလည်း ဖွဲ့ထားရပါလိမ့်မယ်။ ဖတ်တဲ့အဖွဲ့ကလည်း နည်းနည်း ဖြောင့်မတ်ဖို့လိုတယ်။ သူတို့အကြောင်း တိုင်တာပါလို့ရှိရင် တော်ကြာမတင်ပြမှာလည်း စိုးရိမ်ရသေးတယ်။ အဲဒါကို သေသေချာချာမှာခဲ့ပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်ဝန်ကြီးချုပ်အား တိုက်တွန်းဆွေးနွေးလိုက်သည်။

ပါဝင် ဆွေးနွေးသူများ အနက် ဦးမာရီးယို၏ ဆွေးနွေးချက်များမှာ ပြည်နယ်တွင်း အမှန်တကယ် ဖြစ်ပျက်နေသော လက်တွေ့ကျသည့် ဆွေးနွေးချက်များဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနဖြေင့် အလေးထားဖြေရှင်းပေးစေလိုသည်ဟု ဆွေးနွေးပွဲတက်လာသည့် ဒေသခံများက ပြောကြားလိုက်သည်။

လွိုင်ကော်မြို့တွင် ဒီဇင်ဘာလ (၂၉)ရက်နေ့က ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေသခံလူငယ် (၈)ဦး ပါဝင်ဆွေးနွေးခဲ့ပြီး အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလည်း ဒေသခံများနှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ ဋဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~