တာခ်ီလိတ္ခရိုင္ ကုတင္ (၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီးတြင္ CT Scan စက္ ပံ့ပိုးထားၿပီးျဖစ္၍ ကြ်မ္းက်င္ဝန္ထမ္းမ်ား ခန္႔အပ္ေရး တင္ျပထား

တာခ်ီလိတ္ခရိုင္ ကုတင္ (၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီးတြင္ CT Scan စက္ ပံ့ပိုးထားၿပီးျဖစ္၍ ကြ်မ္းက်င္ဝန္ထမ္းမ်ား ခန္႔အပ္ေရး တင္ျပထား
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ကုတင္ (၁၀၀)ဆံ့ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ က်န္းမာေရး ဝန္ႀကီးဌာနက  Computed tomography Scan ( CT Scan ) ပံ့ပိုးေပးထားသျဖင့္ လိုအပ္သည့္ ကၽြမ္းက်င္ ပညာရွင္ဝန္ထမ္း ေတာင္းဆို ထားဆဲျဖစ္ၿပီး လက္ရိွတြင္ က်ဳိင္းတံုျပည္သူ႔ေဆးရံုမွ ဆရာဝန္က ကူညီေပးေနေၾကာင္း သိရသည္။

“စက္ေတြကေတာ့ အစိုးရက ပံ့ပိုးတာေပါ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ရန္ပံုေငြနဲ႔ ေရာက္လာတာပါ။ လက္ရိွမွာေတာ့  CT Scan ရိုက္လို႔ရေအာင္ က်ိဳင္းတံုေဆးရံုက ဆရာဝန္ကို ခရိုင္မွဴးဆီကတစ္ဆင့္ အကူအညီေတာင္းၿပီး ေခၚထားရတယ္။ ကၽြန္ေတာ္တို႔က စက္ရိွေပမဲ့ လူမရိွရင္ သံုးလုိ႔ရမွာ မဟုတ္ဘူးေလ။ ဒါေၾကာင့္ လိုအပ္တဲ့ ကၽြမ္းက်င္ဝန္ထမ္းကိုေတာ့ တင္ျပေတာင္းခံထားၿပီး ျဖစ္ပါတယ္။ လတ္တေလာ အေျခအေနကေတာ့ က်ိဳင္းတံုက ဆရာဝန္ကလည္း လကုန္ရင္ ျပန္ခ်င္တာဆိုေတာ့ အဆင္ ေျပေအာင္ေတာ့ ေတာင္းဆိုထားပါတယ္”ဟု  တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ခရိုင္ေဆးရုံအုပ္ႀကီး   ေဒါက္တာေရႊ၀င္းမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

လက္ရိွတြင္ အဆိုပါ CT Scan စက္အသံုးျပဳႏုိင္ေရး အတြက္ လိုအပ္သည့္ ကၽြမ္းက်င္ဝန္ထမ္း ေတာင္းခံထားျခင္းနွင့္အတူ စက္၏ ေရရွည္ႀကံ႕ခုိင္ေရးအတြက္ အင္ဂ်င္နီယာမ်ားျဖင့္ တုိင္ပင္ျခင္း၊ ေရရွည္ လည္ပတ္ႏိုင္ေရးအတြက္ စရိတ္မွ်ေပးစနစ္ျဖင့္ ေဆာင္ရြက္ႏုိင္ရန္ ေဆြးေႏြးညိႇႏိႈင္းျခင္းမ်ားကို  လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“စက္ရဲ႕ ေရရွည္ႀကံ႕ခုိင္မႈအေနအထားအတြက္ အင္ဂ်င္နီယာေတြနဲ႔ တိုင္ပင္ရအံုးမယ္။ ဒီစက္က မီတာအသံုးျပဳတဲ့ အေနအထားကိုလည္း ၾကည့္ရအံုးမယ္။ ဒီစက္ထားဖို႔က အဲကြန္းကို (၅)လံုးေလာက္ အၿမဲတမ္း ဖြင့္ထားေပးရတယ္။ စက္လည္း ေရရွည္အသံုးျပဳႏုိင္ေအာင္ လိုအပ္တဲ့လူနာေတြအတြက္လည္း ေဆာင္ရြက္ေပးႏုိင္ေအာင္ ရန္ပံုေငြတစ္ခုနဲ႔ လည္ပတ္ႏုိင္ေရးအတြက္ တတ္ႏိုင္တဲ့လူနာေတြအတြက္ သင့္တင့္တဲ့ ႏႈန္းထားတစ္ခုနဲ႔ သတ္မွတ္ၿပီး မတတ္ႏိုင္တဲ့လူနာေတြကိုေတာ့ အခမဲ့ကုသေပးဖို႔ စဥ္းစားထားပါတယ္။ ဒါေတြက ညိႇႏိႈင္းေဆြးေႏြးရဦးမွာပါ”ဟု ေဒါက္တာ ေရႊဝင္းက ေျပာသည္။

CT Scan စက္ရိွလာသျဖင့္ ယာဥ္မေတာ္တဆမႈမ်ားကဲ့သို႔ ထိခုိက္ဒဏ္ရာ အေရးေပၚလူနာမ်ားအား ေရာဂါစစ္ေဆးရွာေဖြရာတြင္ ပိုမိုျမန္ဆန္ တိက်လာမည္ျဖစ္သျဖင့္ အသက္အႏၱရာယ္ထိခုိက္မႈ ေလွ်ာ့ခ်လာႏုိင္မည္ျဖစ္ၿပီး ျပင္ပလူနာမ်ားအေနျဖင့္ ပံုမွန္ေဆးစစ္မႈမ်ားအတြက္ လုပ္ေဆာင္ေပးမည္ မဟုတ္ေၾကာင္း သိရသည္။

“ဒီဟာကို ရိုက္မယ္ဆိုရင္ အစိုးရေဆးရံုေတြမွာက အတုိင္ပင္ခံဆရာဝန္က ရိုက္ခုိင္းမွသာ ရိုက္ေပးပါတယ္။ အကယ္၍ အျပင္က ဆရာဝန္ညႊန္ၾကားခ်က္နဲ႔ လာမယ္ဆုိရင္ေတာင္ အစိုးရေဆးရံုေတြမွာေတာ့ အတုိင္ပင္ခံဆရာဝန္က လိုအပ္တယ္ဆိုမွ ရိုက္ေပးပါတယ္။ အမွန္တကယ္ လိုအပ္ရင္ေတာ့ ရိုက္ေပးမွာျဖစ္ေပမဲ့ medical check up လုပ္ခ်င္တာေလာက္ေတာ့ ရိုက္ေပးဖို႔ အဆင္ေျပမွာ မဟုတ္ဘူး။ အေရးေပၚလူနာေတြ လုိအပ္ခ်က္အရေတာ ့ ရိုက္ေပးမွာပါ။ အရင္ကဆို ကၽြန္ေတာ္တာဝန္က်တဲ့ နယ္ေတြမွာဆို ယာဥ္မေတာ္တဆမႈျဖစ္လာတာမ်ိဳးဆိုရင္ ဒီလိုစက္ရိွတဲ့ ရန္ကုန္တုိ႔ မႏၱေလးတို႔ လႊတ္ရတယ္။ မသြားႏိုင္တဲ့သူေတြက်ေတာ့ ဒီလိုပဲ တိုက္နယ္ေဆးရံုမွာပဲ ေနရင္း ဖိတ္စင္ သြားတာေတြလည္း ရိွတာေပါ့ေနာ္။ အခုေတာ့ ဒီမွာလည္း စက္ရိွလာၿပီဆိုေတာ့ ေရာဂါအျမန္ဆံုး ရွာေဖြလာႏိုင္ေတာ့ ကုသေရးအတြက္ ပိုထိေရာက္လာပါတယ္”ဟု ေဒါက္တာေရႊဝင္းက ဆုိသည္။

တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးတြင္ CT Scan စက္ျဖင့္ စမ္းသပ္စစ္ေဆးရန္ ကၽြမ္းက်င္ဝန္ထမ္းမ်ား ေတာင္းဆိုထားဆဲ ျဖစ္ေသာ္လည္း  က်ိဳင္းတံုျပည္သူ႔ေဆးရံုမွ ဆရာဝန္၏ အကူအညီျဖင့္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၇)ရက္ေန႔က ေလျဖတ္လူနာအား ပထမဆံုး စမ္းသပ္စစ္ေဆးေပးႏုိင္ခဲ့ၿပီး အဆိုပါ ေဆးရံုတြင္ ၂၀၁၇ခုႏွစ္ ႏိုဝင္ဘာလ (၈)ရက္ေန႔ကစ၍ ေက်ာက္ကပ္ေဆးစက္ကို စတင္တပ္ဆင္ ကုသေပးေနေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု  - ခရိုင္ျပည္သူ႔ေဆးရံု


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ကုတင် (၁၀၀)ဆံ့ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ကြီးဌာနက Computed tomography Scan ( CT Scan ) ပံ့ပိုးပေးထားသဖြင့် လိုအပ်သည့် ကျွမ်းကျင် ပညာရှင်ဝန်ထမ်း တောင်းဆို ထားဆဲဖြစ်ပြီး လက်ရှိတွင် ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆရာဝန်က ကူညီပေးနေကြောင်း သိရသည်။

“စက်တွေကတော့ အစိုးရက ပံ့ပိုးတာပေါ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေနဲ့ ရောက်လာတာပါ။ လက်ရှိမှာတော့ CT Scan ရိုက်လို့ရအောင် ကျိုင်းတုံဆေးရုံက ဆရာဝန်ကို ခရိုင်မှူးဆီကတစ်ဆင့် အကူအညီတောင်းပြီး ခေါ်ထားရတယ်။ ကျွန်တော်တို့က စက်ရှိပေမဲ့ လူမရှိရင် သုံးလို့ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် လိုအပ်တဲ့ ကျွမ်းကျင်ဝန်ထမ်းကိုတော့ တင်ပြတောင်းခံထားပြီး ဖြစ်ပါတယ်။ လတ်တလော အခြေအနေကတော့ ကျိုင်းတုံက ဆရာဝန်ကလည်း လကုန်ရင် ပြန်ချင်တာဆိုတော့ အဆင် ပြေအောင်တော့ တောင်းဆိုထားပါတယ်”ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ CT Scan စက်အသုံးပြုနိုင်ရေး အတွက် လိုအပ်သည့် ကျွမ်းကျင်ဝန်ထမ်း တောင်းခံထားခြင်းနှင့်အတူ စက်၏ ရေရှည်ကြံ့ခိုင်ရေးအတွက် အင်ဂျင်နီယာများဖြင့် တိုင်ပင်ခြင်း၊ ရေရှည် လည်ပတ်နိုင်ရေးအတွက် စရိတ်မျှပေးစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

“စက်ရဲ့ ရေရှည်ကြံ့ခိုင်မှုအနေအထားအတွက် အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ရအုံးမယ်။ ဒီစက်က မီတာအသုံးပြုတဲ့ အနေအထားကိုလည်း ကြည့်ရအုံးမယ်။ ဒီစက်ထားဖို့က အဲကွန်းကို (၅)လုံးလောက် အမြဲတမ်း ဖွင့်ထားပေးရတယ်။ စက်လည်း ရေရှည်အသုံးပြုနိုင်အောင် လိုအပ်တဲ့လူနာတွေအတွက်လည်း ဆောင်ရွက်ပေးနိုင်အောင် ရန်ပုံငွေတစ်ခုနဲ့ လည်ပတ်နိုင်ရေးအတွက် တတ်နိုင်တဲ့လူနာတွေအတွက် သင့်တင့်တဲ့ နှုန်းထားတစ်ခုနဲ့ သတ်မှတ်ပြီး မတတ်နိုင်တဲ့လူနာတွေကိုတော့ အခမဲ့ကုသပေးဖို့ စဉ်းစားထားပါတယ်။ ဒါတွေက ညှိနှိုင်းဆွေးနွေးရဦးမှာပါ”ဟု ဒေါက်တာ ရွှေဝင်းက ပြောသည်။

CT Scan စက်ရှိလာသဖြင့် ယာဉ်မတော်တဆမှုများကဲ့သို့ ထိခိုက်ဒဏ်ရာ အရေးပေါ်လူနာများအား ရောဂါစစ်ဆေးရှာဖွေရာတွင် ပိုမိုမြန်ဆန် တိကျလာမည်ဖြစ်သဖြင့် အသက်အန္တရာယ်ထိခိုက်မှု လျှော့ချလာနိုင်မည်ဖြစ်ပြီး ပြင်ပလူနာများအနဖြေင့် ပုံမှန်ဆေးစစ်မှုများအတွက် လုပ်ဆောင်ပေးမည် မဟုတ်ကြောင်း သိရသည်။

“ဒီဟာကို ရိုက်မယ်ဆိုရင် အစိုးရဆေးရုံတွေမှာက အတိုင်ပင်ခံဆရာဝန်က ရိုက်ခိုင်းမှသာ ရိုက်ပေးပါတယ်။ အကယ်၍ အပြင်က ဆရာဝန်ညွှန်ကြားချက်နဲ့ လာမယ်ဆိုရင်တောင် အစိုးရဆေးရုံတွေမှာတော့ အတိုင်ပင်ခံဆရာဝန်က လိုအပ်တယ်ဆိုမှ ရိုက်ပေးပါတယ်။ အမှန်တကယ် လိုအပ်ရင်တော့ ရိုက်ပေးမှာဖြစ်ပေမဲ့ medical check up လုပ်ချင်တာလောက်တော့ ရိုက်ပေးဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ အရေးပေါ်လူနာတွေ လိုအပ်ချက်အရတော့ ရိုက်ပေးမှာပါ။ အရင်ကဆို ကျွန်တော်တာဝန်ကျတဲ့ နယ်တွေမှာဆို ယာဉ်မတော်တဆမှုဖြစ်လာတာမျိုးဆိုရင် ဒီလိုစက်ရှိတဲ့ ရန်ကုန်တို့ မန္တလေးတို့ လွှတ်ရတယ်။ မသွားနိုင်တဲ့သူတွေကျတော့ ဒီလိုပဲ တိုက်နယ်ဆေးရုံမှာပဲ နေရင်း ဖိတ်စင် သွားတာတွေလည်း ရှိတာပေါ့နော်။ အခုတော့ ဒီမှာလည်း စက်ရှိလာပြီဆိုတော့ ရောဂါအမြန်ဆုံး ရှာဖွေလာနိုင်တော့ ကုသရေးအတွက် ပိုထိရောက်လာပါတယ်”ဟု ဒေါက်တာရွှေဝင်းက ဆိုသည်။

တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် CT Scan စက်ဖြင့် စမ်းသပ်စစ်ဆေးရန် ကျွမ်းကျင်ဝန်ထမ်းများ တောင်းဆိုထားဆဲ ဖြစ်သော်လည်း ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆရာဝန်၏ အကူအညီဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့က လဖြေတ်လူနာအား ပထမဆုံး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး အဆိုပါ ဆေးရုံတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ကစ၍ ကျောက်ကပ်ဆေးစက်ကို စတင်တပ်ဆင် ကုသပေးနေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ခရိုင်ပြည်သူ့ဆေးရုံ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~