အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေးဌာနများ အဂတိလိုက်စားမှုနှင့် မမှန်ကန်မှုများရှိပါက တိုင်ကြားနိုင်သည့် ပြည်သူတို့၏ အခွင့်အရေးကို အပြည့်အဝ အသုံးချရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေးဌာနများ အဂတိလိုက်စားမှုနှင့် မမှန်ကန်မှုများရှိပါက တိုင်ကြားနိုင်သည့် ပြည်သူတို့၏ အခွင့်အရေးကို အပြည့်အဝ အသုံးချရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီဇငျဘာ 31, 2017
By Tachileik News Agency
အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အဂတိလိုက်စားမှုနှင့် မမှန်ကန်သော လုပ်ရပ်များအား ပြည်သူများ အနေဖြင့် တိုင်ကြားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့တွင်  ဒီဇင်ဘာလ (၂၉)ရက်နေ့က ကျင်းပသည့်  လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုက်တွန်းလိုက်သည်။
အစိုးရအဖွဲ့ဖြစ်စေ၊ ဌာနဆိုင်ရာများ ဖြစ်စေ မမှန်ကန်သည့် လုပ်ဆောင်ချက်များအား တိုင်ကြားမှု မလုပ်ခြင်းသည် အဆိုပါ လုပ်ရပ်များအား အားပေးသူဖြစ်စေသည့်အတွက် အပြုသဘောဆောင်သည့် တိုင်ကြားမှုများကို ပြည်သူများ အနေဖြင့် မကြောက်မရွံ့လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
အဂတိလိုက်စားမှုများကို ဖြေရှင်းရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ဝင် (၁၂)ဦးဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့က ဖွဲ့စည်းထားပြီး အုပ်စု(၁) အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်တွင် ရုံးဖွင့်လှစ်ထားကာ ဆက်သွယ်လိုသူများအနေဖြင့် myanmaracc2014@gmail. com သို့လည်းကောင်း ဖုန်းနံပါတ် ဝ၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အဂတိလိုက်စားမှုနှင့် မမှန်ကန်သော လုပ်ရပ်များအား ပြည်သူများ အနဖြေင့် တိုင်ကြားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဒီဇင်ဘာလ (၂၉)ရက်နေ့က ကျင်းပသည့် လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုက်တွန်းလိုက်သည်။
"ပြည်သူတွေကို တိုင်ခွင့်ပေးထားတယ်။ တိုင်ခွင့်ပေးထားပြီး တိုင်ပါလို့ ဒီသန်းငါးဆယ်ကို ပြည်သူတွေ အားလုံးကို တစ်ယောက်ချင်း ဘယ်လို လိုက်ပြောရမလဲ။ ကိုယ်က ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်သင့်တိုင်ရမယ့် ကိစ္စတွေကို၊ မတရားတဲ့ ကိစ္စတွေကို၊ မမှန်တဲ့ကိစ္စတွေကို တိုင်ရမယ်။ အဲဒီတော့ အခုဒီမှာ အခန်းထဲမှာဆိုရင် အစိုးရအဖွဲ့ဝင်တွေလည်းရှိတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ပုဂ္ဂိုလ်တွေလည်းရှိတယ်။ အဲဒီတော့ အဲဒီကလူတွေက မမှန်မကန်တာ လုပ်တယ်ဆို ပြည်သူတွေက တိုင်ကြပါ။ ကိုယ့်မှာ တိုင်ပိုင်ခွင့်ရှိတယ်။ ဒီအခွင့်ရေးကို ကိုယ်သုံးရမယ်။ မသုံးဘူးဆို အလကားပဲ။ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ပွစိပွစိနဲ့ ပြောနပြေီးတော့ ဟာဒီဝန်ကြီးကဖြင့် မဟုတ်ဘူး။ လုပ်တာ ကိုင်တာတွေက မတရားဘူးဆိုရင် အဲဒီလိုပြောနေလို့ရှိရင် ကျွန်မတို့မသိရင် ဘာမှလုပ်လို့မရဘူး။ သိမှစည်းမျဉ်း စည်းကမ်းအရ ဥပဒေအရ အရေးယူလို့ရမှာ။ ဒါကြောင့်ကိုယ့်မှာ အဲဒီလောက်တော့ တာဝန်ယူမှုရှိရမယ်။ ကြောက်ပြီးတော့ မလုပ်ရဲပါဘူး၊ မတိုင်ရဲပါဘူးဆိုပြီး ထိုင်ပြီးကြောက်နေရမှာလား။ အဲဒီတော့ ကြောက်မနေနဲ့ ပြောစရာရှိတာ ကိုယ်ပြောရမယ်၊ လုပ်စရာရှိတာကိုယ်လုပ်ရမယ်။ တိုင်စရာရှိတာတို်င်ပါ ဘယ်လူကြီးကိုမှ မကြောက်ကြပါနဲ့ "ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အစိုးရအဖွဲ့ဖြစ်စေ၊ ဌာနဆိုင်ရာများ ဖြစ်စေ မမှန်ကန်သည့် လုပ်ဆောင်ချက်များအား တိုင်ကြားမှု မလုပ်ခြင်းသည် အဆိုပါ လုပ်ရပ်များအား အားပေးသူဖြစ်စေသည့်အတွက် အပြုသဘောဆောင်သည့် တိုင်ကြားမှုများကို ပြည်သူများ အနဖြေင့် မကြောက်မရွံ့လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
အဂတိလိုက်စားမှုများကို ဖြေရှင်းရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အဖွဲ့ဝင် (၁၂)ဦးဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့က ဖွဲ့စည်းထားပြီး အုပ်စု(၁) အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နပြေည်တော်တွင် ရုံးဖွင့်လှစ်ထားကာ ဆက်သွယ်လိုသူများအနဖြေင့် myanmaracc2014@gmail. com သို့လည်းကောင်း ဖုန်းနံပါတ် ဝ၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~