ရွမ္းျပည္နယ္တြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ား ေဒသလုိင္စင္အတြက္ ဒဏ္ေၾကးေလွ်ာ့ေပးရန္ ျပည္နယ္အစိုးရအား တုိက္တြန္းသည့္အဆို အတည္ျပဳ

ရွမ္းျပည္နယ္တြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ား ေဒသလုိင္စင္အတြက္ ဒဏ္ေၾကးေလွ်ာ့ေပးရန္ ျပည္နယ္အစိုးရအား တုိက္တြန္းသည့္အဆို အတည္ျပဳ
ဒီဇင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္တြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ား ေဒသလိုင္စင္ထုတ္ေပးသည့္ ဒဏ္ေၾကးေလွ်ာ့ေပါ့ေပးရန္ ျပည္နယ္အစိုးရအား တိုက္တြန္းသည့္အဆိုကို ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ဒီဇင္ဘာလ (၆)ရက္ေန႔က အတည္ျပဳလုိက္ေၾကာင္း သိရသည္။

“သူတို႔အခု အတည္ျပဳၿပီဆိုေတာ့ သူတို႔ျပန္တြက္ခ်က္ၿပီးေတာ့ ေလွ်ာ့ခ်ေပးဖုိ႔ လုပ္ၾကရမွာ။ ကၽြန္မတို႔အေနနဲ႔ ကေတာ့ သူတို႔အေကာင္အထည္ေဖၚတာကို ေစာင့္ၾကည့္ရမွာပဲ ရိွေတာ့တယ္။ သူတို႔ အတည္ျပဳၿပီးၿပီဆိုတာနဲ႔ အစိုးရကတိကဝတ္ျဖစ္သြားတယ္။ အစိုးရကတိကဝတ္ဟာ တစ္လ၊ ႏွစ္လအတြင္း အလြန္ဆံုး ေျခာက္လ မေက်ာ္မီ လုပ္ရမွာေပါ့။ ကၽြန္မတို႔က ေစာင့္ၾကည့္ၿပီး ႏွစ္လ၊ သံုးလအထိ မလုပ္ဘူးဆိုရင္ေတာ့ ဘယ္အခ်ိန္မွာ အေကာင္အထည္ေဖၚမလဲဆိုတာ လႊတ္ေတာ္တြင္းမွာထပ္ၿပီး ေမးရမွာေပါ့”ဟု သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ နန္းစမ္းစမ္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အစိုးရ၏ႀကီးၾကပ္မႈျဖင့္ ျပည္နယ္တြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ စတင္လုပ္ေဆာင္ေပးေနေသာ္လည္း ေပးေဆာင္ရသည့္ ဒဏ္ေၾကးမွာ မ်ားလြန္းေနသည့္အတြက္ ေဒသခံမ်ား အမွန္တကယ္လုပ္ေဆာင္ႏုိင္ျခင္းမရိွသျဖင့္ လိုင္စင္ေၾကးႏႈန္းထားမ်ား ေလွ်ာ့ခ်ေပးရန္ တုိက္တြန္းေၾကာင္းအဆိုအား ဒီဇင္ဘာလ (၅)ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အဌမပံုမွန္အစည္းအေဝးတြင္ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ နန္းစမ္းစမ္းေအးက တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ ဒဏ္ေၾကးကို ျပန္တြက္ခ်က္ၿပီးေတာ့ ျပန္ေလွ်ာ့ေပါ့ေပးဖို႔ရိွတယ္လို႔ေတာ့ ဝန္ႀကီးကေျပာတယ္။ ဒဏ္ေၾကးက ေစ်းႏႈန္းရဲ႕  ေလးပံုတစ္ပံုဆိုေတာ့ အဲဒီေလာက္မယူဘဲ ေလွ်ာ့ခ်ေပးဖို႔ အခုယူတဲ့ ႏႈန္းထားအတိုင္း မဟုတ္ဘဲ ၁၀ ရာခုိင္ႏႈန္း သို႔မဟုတ္ ၂၀ ရာခုိင္ႏႈန္းေလာက္အထိပဲ ယူဖို႔ေဆြးေႏြးထားတာ ရိွပါတယ္”ဟု အဆိုတင္သြင္းသည့္ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ နန္းစမ္းစမ္းေအးက ေျပာသည္။

ယင္းအဆုိအား လႊတ္ေတာ္တြင္း မဲခြဲဆံုးျဖတ္ရာ ေထာက္ခံမဲ (၆၈)မဲ၊ ကန္႔ကြက္မဲ (၅၃)မဲျဖင့္ ဒီဇင္ဘာလ (၆)ရက္ေန႔တြင္ အတည္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္နယ္အစိုးရအေနျဖင့္ လုိင္စင္ထုတ္ေပးသည့္ ရည္ရြယ္ခ်က္တြင္ ေဒသတြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ား  ေလ်ာ့နည္းပေပ်ာက္ေစရန္ဟုပါရိွရာ ေဒသခံမ်ား အမွန္တကယ္လုပ္ေဆာင္ႏုိင္မည့္ ဒဏ္ေၾကးပမာဏအထိ ေလွ်ာ့ခ်သတ္မွတ္ေပးရန္ႏွင့္ နယ္စပ္မွ ဝင္လာသည့္ ဆုိင္ကယ္မ်ား၊ ဆိုင္ကယ္အေရာင္းဆုိင္မ်ားမွ ဆုိင္ကယ္မ်ားကို လုိင္စင္ထုတ္ေပးျခင္းမ်ားကို လုပ္ေဆာင္ရန္ အႀကံျပဳတင္ျပထားေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်အတွက် ဒဏ်ကြေးလျှော့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆို အတည်ပြု
***********
ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးသည့် ဒဏ်ကြေးလျှော့ပေါ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် ဒီဇင်ဘာလ (၆)ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။

“သူတို့အခု အတည်ပြုပြီဆိုတော့ သူတို့ပြန်တွက်ချက်ပြီးတော့ လျှော့ချပေးဖို့ လုပ်ကြရမှာ။ ကျွန်မတို့အနေနဲ့ ကတော့ သူတို့အကောင်အထည်ဖေါ်တာကို စောင့်ကြည့်ရမှာပဲ ရှိတော့တယ်။ သူတို့ အတည်ပြုပြီးပြီဆိုတာနဲ့ အစိုးရကတိကဝတ်ဖြစ်သွားတယ်။ အစိုးရကတိကဝတ်ဟာ တစ်လ၊ နှစ်လအတွင်း အလွန်ဆုံး ခြောက်လ မကျော်မီ လုပ်ရမှာပေါ့။ ကျွန်မတို့က စောင့်ကြည့်ပြီး နှစ်လ၊ သုံးလအထိ မလုပ်ဘူးဆိုရင်တော့ ဘယ်အချိန်မှာ အကောင်အထည်ဖေါ်မလဲဆိုတာ လွှတ်တော်တွင်းမှာထပ်ပြီး မေးရမှာပေါ့”ဟု သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် ပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှ စတင်လုပ်ဆောင်ပေးနေသော်လည်း ပေးဆောင်ရသည့် ဒဏ်ကြေးမှာ များလွန်းနေသည့်အတွက် ဒေသခံများ အမှန်တကယ်လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် လိုင်စင်ကြေးနှုန်းထားများ လျှော့ချပေးရန် တိုက်တွန်းကြောင်းအဆိုအား ဒီဇင်ဘာလ (၅)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးတွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ဒဏ်ကြေးကို ပြန်တွက်ချက်ပြီးတော့ ပြန်လျှော့ပေါ့ပေးဖို့ရှိတယ်လို့တော့ ဝန်ကြီးကပြောတယ်။ ဒဏ်ကြေးက စျေးနှုန်းရဲ့  လေးပုံတစ်ပုံဆိုတော့ အဲဒီလောက်မယူဘဲ လျှော့ချပေးဖို့ အခုယူတဲ့ နှုန်းထားအတိုင်း မဟုတ်ဘဲ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းလောက်အထိပဲ ယူဖို့ဆွေးနွေးထားတာ ရှိပါတယ်”ဟု အဆိုတင်သွင်းသည့် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နန်းစမ်းစမ်းအေးက ပြောသည်။

ယင်းအဆိုအား လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၆၈)မဲ၊ ကန့်ကွက်မဲ (၅၃)မဲဖြင့် ဒီဇင်ဘာလ (၆)ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရအနေဖြင့် လိုင်စင်ထုတ်ပေးသည့် ရည်ရွယ်ချက်တွင် ဒေသတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ  လျော့နည်းပပျောက်စေရန်ဟုပါရှိရာ ဒေသခံများ အမှန်တကယ်လုပ်ဆောင်နိုင်မည့် ဒဏ်ကြေးပမာဏအထိ လျှော့ချသတ်မှတ်ပေးရန်နှင့် နယ်စပ်မှ ဝင်လာသည့် ဆိုင်ကယ်များ၊ ဆိုင်ကယ်အရောင်းဆိုင်များမှ ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးခြင်းများကို လုပ်ဆောင်ရန် အကြံပြုတင်ပြထားကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~