
ဒီဇငျဘာ 8, 2017
By 🌸

ဒီဇင်ဘာလ (၇)ရက်နေ့က စတင်ဆွေးနွေးနေသည့် အဆိုပါညီလာခံ၏ ပထမနေ့တွင် ကျင့်ဝတ်စောင့်ထိန်းလိုက်နာပြီး ပရော်ဖက်ရှင်နယ်ပီသမှုကို ထိန်းသိမ်းခြင်း၊ မီဒီယာဆိုင်ရာ ဗဟုဝါဒနှင့် ရေရှည်တည်တံ့ရေး၊ သတင်းအချက်အလက် ရရှိနိုင်ရေးနှင့် သတင်းအချက်အလက်ရောက်ရှိနိုင်ရေး၊ သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် ပြစ်ဒဏ်ကင်းလွတ်မှုရရှိရေး၊ မီဒီယာနှင့် ဆက်နွှယ်သောဥပဒေများ၊ ဒစ်ဂျစ်တယ်ဆိုင်ရာအခွင့်အရေးနှင့် အွန်လိုင်းဥပဒေရေးရာအုပ်ချုပ်ရေးစနစ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍ၊ သတင်းအတုပြဿနာ၊ ဆိုရှယ်မီဒီယာနှင့် အချက်အလက်များစစ်ဆေးခြင်း ခေါင်းစဉ်များကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များက ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့အဖြစ် ကျင်းပနေသည့် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ဒေသအသီးသီးမှ မီဒီယာလုပ်ငန်းဦးဆောင်သူများ၊ ကျွမ်းကျင်သူများက မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြီးသတ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း #ချယ်ရီထိုက်

~~~~~~~~⊰❂ unicode ~~~~~~~~
 မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဒုတိယနေ့ ဆက်လက်ဆွေးနွေး
***********
ဆဌမအကြိမ် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ၏ ဒုတိယနေ့ဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ဒီဇင်ဘာလ (၈)ရက်နေ့က ဆက်လက်ကျင်းပနေပြီး မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးနေကြကြောင်း သိရသည်။

ဒီဇင်ဘာလ (၇)ရက်နေ့က စတင်ဆွေးနွေးနေသည့် အဆိုပါညီလာခံ၏ ပထမနေ့တွင် ကျင့်ဝတ်စောင့်ထိန်းလိုက်နာပြီး ပရော်ဖက်ရှင်နယ်ပီသမှုကို ထိန်းသိမ်းခြင်း၊ မီဒီယာဆိုင်ရာ ဗဟုဝါဒနှင့် ရေရှည်တည်တံ့ရေး၊ သတင်းအချက်အလက် ရရှိနိုင်ရေးနှင့် သတင်းအချက်အလက်ရောက်ရှိနိုင်ရေး၊ သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် ပြစ်ဒဏ်ကင်းလွတ်မှုရရှိရေး၊ မီဒီယာနှင့် ဆက်နွှယ်သောဥပဒေများ၊ ဒစ်ဂျစ်တယ်ဆိိုင်ရာအခွင့်အရေးနှင့် အွန်လိုင်းဥပဒေရေးရာအုပ်ချုပ်ရေးစနစ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍ၊ သတင်းအတုပြဿနာ၊ ဆိုရှယ်မီဒီယာနှင့် အချက်အလက်များစစ်ဆေးခြင်း ခေါင်းစဉ်များကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များက ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့အဖြစ် ကျင်းပနေသည့် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ဒေသအသီးသီးမှ မီဒီယာလုပ်ငန်းဦးဆောင်သူများ၊ ကျွမ်းကျင်သူများက မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြီးသတ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံသို့ မြန်မာ့မီဒီယာဖွံ့ဖြိုးရေး ကူညီပံ့ပိုးနေသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများနှင့် ဒေသအသီးသီးမှ မီဒီယာအဖွဲ့အစည်းများမှ တက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဆဌမအကြိမ်ညီလာခံသို့ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~