ေလာင္းကစားဂိမ္းဆုိင္တစ္ခုမွ ႏုိင္ငံျခားသား ႏွစ္ဦးအပါအဝင္ ၉ ဦးဖမ္းမိၿပီး ဆုိင္ရွင္ႏွင့္ တာဝန္ခံ ထြက္ေျပးလြတ္ေျမာက္ေန

ေလာင္းကစားဂိမ္းဆုိင္တစ္ခုမွ ႏုိင္ငံျခားသား ႏွစ္ဦးအပါအဝင္ ၉ ဦးဖမ္းမိၿပီး ဆုိင္ရွင္ႏွင့္ တာဝန္ခံ ထြက္ေျပးလြတ္ေျမာက္ေန
နိုဝင်ဘာ 25, 2017
By 🌸
ရန္ကုန္တုိင္းေဒသႀကီး ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ေလာင္းကစားဂိမ္းဆုိင္မွ ဖမ္းဆီးရမိထားသည့္ ဖိလစ္ပိုင္ႏုိင္ငံသား တစ္ဦးႏွင့္ တရုတ္ႏုိင္ငံသားတစ္ဦးအပါအဝင္ စုစုေပါင္း(၉) ဦးတို႔အား အမႈဖြင့္လွစ္ ေဆာင္ရြက္ေနၿပီး ဆုိင္ရွင္ႏွင့္တာဝန္ခံတို႔မွာ ထြက္ေျပးလြတ္ေျမာက္ေနေၾကာင္း သိရသည္။

ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕က ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဈ)ရပ္ကြက္၊ သီရိရတနာ လက္ကားေဈးဝင္း႐ုံ ဆိုင္ခန္းအမွတ္ (၂၂/၂၃)တြင္ ႏိုဝင္ဘာလ (၂၃)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ ဖိလစ္ပိုင္နိုင္ငံသား Poterno Agosto၊ တ႐ုတ္နိုင္ငံသား Lee Jang Wooတုိ႔ႏွင့္အတူ ျမန္မာႏုိင္ငံသား အမ်ိဳးသား (၁)ဦး၊ အမ်ိဳးသမီး (၆)ဦး စုစုေပါင္း (၉) ဦးအား ေလာင္းကစားဂိမ္းကစားသည့္စက္မ်ားႏွင့္ အတူ ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂိမ္းဆုိင္မွ ဂိမ္းစက္ (၄၂) လုံး၊ ဂိမ္းေလာင္းကစားရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ (၇၆,၀၀၀) က်ပ္တို႔အား သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

အဆိုပါ ေလာင္းကစားဂိမ္းဆုိင္အားဖြင့္လွစ္လုပ္ကိုင္သူမွာ ေဇာ္မင္းထြန္းဆိုသူျဖစ္ၿပီး တာဝန္ခံအျဖစ္ ပီတာဆိုသူက ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ ၎တို႔ႏွစ္ဦးအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ ဖမ္းဆီးရမိထားသည့္ ဖိလစ္ပိုင္ႏိုင္ငံသား၊ တရုတ္ႏုိင္ငံသားတို႔အပါအဝင္ စုစုေပါင္း (၉)ဦးႏွင့္ ထြက္ေျပးလြတ္ေျမာက္ေနသည့္ ေဇာ္မင္းထြန္း၊ ပီတာတို႔အား ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္း (ပ)၁၂၃၃/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၁၃(က)/၁၄(က)ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
လောင်းကစားဂိမ်းဆိုင်တစ်ခုမှ နိုင်ငံခြားသား နှစ်ဦးအပါအဝင် ၉ ဦးဖမ်းမိပြီး ဆိုင်ရှင်နှင့် တာဝန်ခံ ထွက်ပြေးလွတ်မြောက်နေ
**********
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် လောင်းကစားဂိမ်းဆိုင်မှ ဖမ်းဆီးရမိထားသည့် ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် စုစုပေါင်း(၉) ဦးတို့အား အမှုဖွင့်လှစ် ဆောင်ရွက်နေပြီး ဆိုင်ရှင်နှင့်တာဝန်ခံတို့မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိရတနာ လက်ကားဈေးဝင်းရုံ ဆိုင်ခန်းအမှတ် (၂၂/၂၃)တွင် နိုဝင်ဘာလ (၂၃)ရက်နေ့က ဝင်ရောက်ရှာဖွေရာ ဖိလစ်ပိုင်နိုင်ငံသား Poterno Agosto၊ တရုတ်နိုင်ငံသား Lee Jang Wooတို့နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား (၁)ဦး၊ အမျိုးသမီး (၆)ဦး စုစုပေါင်း (၉) ဦးအား လောင်းကစားဂိမ်းကစားသည့်စက်များနှင့် အတူ ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိမ်းဆိုင်မှ ဂိမ်းစက် (၄၂) လုံး၊ ဂိမ်းလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ (၇၆,၀၀၀) ကျပ်တို့အား သိမ်းဆည်းရမိထားကြောင်း သိရသည်။

အဆိုပါ လောင်းကစားဂိမ်းဆိုင်အားဖွင့်လှစ်လုပ်ကိုင်သူမှာ ဇော်မင်းထွန်းဆိုသူဖြစ်ပြီး တာဝန်ခံအဖြစ် ပီတာဆိုသူက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဖိလစ်ပိုင်နိုင်ငံသား၊ တရုတ်နိုင်ငံသားတို့အပါအဝင် စုစုပေါင်း (၉)ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသည့် ဇော်မင်းထွန်း၊ ပီတာတို့အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၂၃၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~