တာခ်ီလိတ္ၿမိဳ႕ ယမ္းေခါင္ရြာအတြင္း စိတ္ၾကြေဆးျပားမ်ား၊ ဘိန္းျဖဴမ်ားႏွင့္အတူ အမ်ဳိးသားႏွစ္ဦးအားဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ယမ္းေခါင္ရြာအတြင္း စိတ္ၾကြေဆးျပားမ်ား၊ ဘိန္းျဖဴမ်ားႏွင့္အတူ အမ်ဳိးသားႏွစ္ဦးအားဖမ္းဆီးရမိ
နိုဝင်ဘာ 18, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဟဲ(ေအာက္)ေက်းရြာအုပ္စု၊ ယမ္းေခါင္ရြာရွိ ေနအိမ္အား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ ၀င္ေရာက္ စစ္ေဆးရွာေဖြရာ စိတ္ၾကြေဆးျပားမ်ားႏွင့္ ဘိန္းျဖဴမႈန္႔မ်ားအား အမ်ဳိးသားႏွစ္ဦးထံက ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

မိုင္းဟဲ(ေအာက္)ေက်းရြာအုပ္စု၊ ယမ္းေခါင္ရြာရွိ ေခၚေက(က်ား)၏ ေနအိမ္အား ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၈)ရက္ေန႔ ညေန(၃း၁၀)နာရီ ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္း ဦးစီးသည့္တပ္ဖြဲ႔၀င္မ်ား၊ ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ ဒုရဲအုပ္ေက်ာ္မင္းႏိုင္ ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ား၊ စရဖ(တသခ)စု-၂ မွ တပ္ၾကပ္ႀကီး ရဲလင္းထိုက္ႏွင့္ လြယ္စီတံုျပည္သူ႔စစ္အဖြဲ႔မွ ဦးေအာင္ဆန္းလင္း ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြ႔ဲတို႔မွ ၀င္ေရာက္ စစ္ေဆးရွာေဖြရာက အဆိုပါ ေနအိမ္အတြင္းမွ ေခၚေက(က်ား) ႏွင့္အတူ မူးယစ္ေဆး၀ါးသံုးစြဲရန္ ေရာက္ရွိေနသူ စိုင္းရွဲန္တို႔အား အသင့္ေတြ႕ရွိရၿပီး ဆက္လက္၍ ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားအား ေတြ႕ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ ေနအိမ္မီးဖိုခန္းနံရံ၌ ခ်ိတ္ဆြဲထားသည့္ ဆာလာအိိတ္အတြင္းမွ အေလးခ်ိန္စုစုေပါင္း (၁.၄)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴမႈန္႔မ်ားကို လည္းေကာင္း၊ ေနအိမ္အေပၚထပ္ စပါးအိတ္မ်ား ၾကားတြင္ သို၀ွက္ထားသည့္ ဘိန္းျဖဴမႈန္႔အေလးခ်ိန္ စုစုေပါင္း (၇၅)ဂရမ္ခန္႔ ႏွင့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၅၈၀၀)ျပားတို႔အားလည္းေကာင္း၊ ေနအိမ္ေရွ႕ၿခံ၀န္းအတြင္းမွ စိုင္းရွဲန္စီးနင္းလာေသာ ေမာ္ေတာ္ဆိုင္ကယ္(၁)စီးအား လည္းေကာင္း အသီးသီး ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ မူးယစ္ေဆး၀ါး စုစုေပါင္းမွာ ဘိန္းျဖဴ (၇၆.၄)ဂရမ္ ၊ စိတ္ၾကြေဆးျပား (၅၈၀၀)ျပား ႏွင့္ ဆိုင္ကယ္(၁)စီး ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၅၈)ႏွစ္အရြယ္ ေခၚေက ႏွင့္ အသက္(၅၀)ႏွစ္အရြယ္ စိုင္းရွဲန္တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ယမ်းခေါင်ရွာရှိ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူမှုန့်များအား အမျိုးသားနှစ်ဦးထံက ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ယမ်းခေါင်ရွာရှိ ခေါ်ကေ(ကျား)၏ နေအိမ်အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ ညနေ(၃း၁၀)နာရီ ဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်း ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ကျော်မင်းနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ စရဖ(တသခ)စု-၂ မှ တပ်ကြပ်ကြီး ရဲလင်းထိုက်နှင့် လွယ်စီတုံပြည်သူ့စစ်အဖွဲ့မှ ဦးအောင်ဆန်းလင်း နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက် စစ်ဆေးရှာဖွေရာက အဆိုပါ နေအိမ်အတွင်းမှ ခေါ်ကေ(ကျား) နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ စိုင်းရှဲန်တို့အား အသင့်တွေ့ရှိရပြီး ဆက်လက်၍ ရှာဖွေရာမှ မူးယစ်ဆေးဝါးများအား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် နေအိမ်မီးဖိုခန်းနံရံ၌ ချိတ်ဆွဲထားသည့် ဆာလာအိတ်အတွင်းမှ အလေးချိန်စုစုပေါင်း (၁.၄)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်များကို လည်းကောင်း၊ နေအိမ်အပေါ်ထပ် စပါးအိတ်များ ကြားတွင် သိုဝှက်ထားသည့် ဘိန်းဖြူမှုန့်အလေးချိန် စုစုပေါင်း (၇၅)ဂရမ်ခန့် နှင့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၅၈၀၀)ပြားတို့အားလည်းကောင်း၊ နေအိမ်ရှေ့ခြံဝန်းအတွင်းမှ စိုင်းရှဲန်စီးနင်းလာသော မော်တော်ဆိုင်ကယ်(၁)စီးအား လည်းကောင်း အသီးသီး တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး စုစုပေါင်းမှာ ဘိန်းဖြူ (၇၆.၄)ဂရမ်၊ စိတ်ကြွဆေးပြား (၅၈၀၀)ပြား နှင့် ဆိုင်ကယ်(၁)စီး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၈)နှစ်အရွယ် ခေါ်ကေ နှင့် အသက်(၅၀)နှစ်အရွယ် စိုင်းရှဲန်တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~