တာခ်ီလိတ္တြင္ ဦးဇင္းတစ္ပါး ေမာင္းလာသည့္ ယာဥ္မွ အရွိန္ျပင္းတိုက္မိမႈေၾကာင့္ အမ်ဳိးသမီးတစ္ဦး ေနရာတြင္ ေသဆံုး

တာခ်ီလိတ္တြင္ ဦးဇင္းတစ္ပါး ေမာင္းလာသည့္ ယာဥ္မွ အရွိန္ျပင္းတိုက္မိမႈေၾကာင့္ အမ်ဳိးသမီးတစ္ဦး ေနရာတြင္ ေသဆံုး
နိုဝင်ဘာ 26, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု ဧဒင္ရြာအနီး စလီေက်းရြာရွိ တာခ်ီလိတ္ - က်ဳိင္းတံုသြား ကားလမ္းမေပၚ အေကြ႕တြင္ ဦးဇင္းတစ္ပါး ေမာင္းလာသည့္ယာဥ္၏ အရွိန္ျပင္းမႈေၾကာင့္ အသက္(၆၀)၀န္းက်င္ရွိ အမ်ဳိးသမီးတစ္ဦး ေနရာ၌ပင္ ေသဆံုးသြားမႈ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၆)ရက္ေန႔ နံနက္(၆)နာရီ ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အသက္(၆၀)၀န္းက်င္ရွိ ေဒၚဘူးယုသည္ ေနအိမ္အေရွ႕လမ္းေဘးတြင္ ရပ္ေနစဥ္ အသက္(၂၄)အရြယ္ရွိ ဦးဇင္း ၀ိစိတၱ(ခ)စိုင္းကြတ္ ( သကၤန္း၀တ္ျဖင့္) ေမာင္းႏွင္လာသည့္ ယာဥ္က အရွိန္ျပင္းစြာ ၀င္ေရာက္ တိုက္မိကာ ယာဥ္မွာ လမ္းေဘးတြင္ တိမ္းေမွာက္သြားခဲ့ၿပီး အဆိုပါ အမ်ဳိးသမီးမွာ  ၀မ္းဗိုက္ပြင့္ထြက္၊ ၀ဲဘက္ေပါင္အရင္းမွ ျပတ္ထြက္ၿပီး ျပင္းထန္သည့္ ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ပင္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာေနရာသို႔ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေရာက္ရွိကာ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေသဆံုးသူ၏ ရုပ္အေလာင္းအား သယ္ေဆာင္ကာ တာခ်ီလိတ္ျပည္သူ႔ ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း ဦးဇင္း ၀ိစိတၱ(စိုင္းကြတ္)အား လူ၀တ္လဲကာ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ ယာဥ္(ပ)၅၄/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၃၃၇/၃၀၄-ကအရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ဧဒင်ရွာအနီး စလီကျေးရွာရှိ တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမပေါ် အကွေ့တွင် ဦးဇင်းတစ်ပါး မောင်းလာသည့်ယာဉ်၏ အရှိန်ပြင်းမှုကြောင့် အသက်(၆၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး နေရာ၌ပင် သေဆုံးသွားမှု ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက်(၆၀)ဝန်းကျင်ရှိ ဒေါ်ဘူးယုသည် နေအိမ်အရှေ့လမ်းဘေးတွင် ရပ်နေစဉ် အသက်(၂၄)အရွယ်ရှိ ဦးဇင်း ဝိစိတ္တ(ခ)စိုင်းကွတ် ( သင်္ကန်းဝတ်ဖြင့်) မောင်းနှင်လာသည့် ယာဉ်က အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိကာ ယာဉ်မှာ လမ်းဘေးတွင် တိမ်းမှောက်သွားခဲ့ပြီး အဆိုပါ အမျိုးသမီးမှာ ဝမ်းဗိုက်ပွင့်ထွက်၊ ဝဲဘက်ပေါင်အရင်းမှ ပြတ်ထွက်ပြီး ပြင်းထန်သည့် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရောက်ရှိကာ စစ်ဆေးမှုများပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းက သေဆုံးသူ၏ ရုပ်အလောင်းအား သယ်ဆောင်ကာ တာချီလိတ်ပြည်သူ့ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဇင်း ဝိစိတ္တ(စိုင်းကွတ်)အား လူဝတ်လဲကာ တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၅၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄-ကအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~