တာချီလိတ်မြို့ သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် အလှူရှင်များ လှူဒါန်းနိုင်ရန် ရှမ်းရိုးမကွင်းရှေ့တွင် အလှူခံဌာနဖွင့်လှစ်ထား

နိုဝင်ဘာ 19, 2017
By Tachileik News Agency

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဘ၀နတ်ထံပျံလွန်တော်မူသွားသည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ဥတုဇ ရုပ်ကလာပ်တော်အား နောက်ဆုံး ပူဇော်ခံထားသည့် ကာလအတွင်း ကုန်ကျမည့် ငွေကြေးများအတွက် အလှူရှင်များ လိုအပ်နေလျက်ရှိရာ အလှူခံဌာနအား အဆိုပါ ကျောင်းတွင် ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင်လည်း အလှူခံဌာနတစ်ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် ဖွင့်လှစ်ထားရှိသည့် အလှူခံဌာနသို့ နိုဝင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဘဒ္ဒန္တအာစရ၏ ဥတုဇ ရုပ်ကလာပ်တော်အား ပူဇော်ခံထားရှိသည့် ကာလအတွင်း လိုအပ်နေသည့် နေ့စဉ် ဆွမ်းကိစ္စနှင့် ပတ်သက်၍ အာရုံဆွမ်းအတွက် ဘတ်(၄၀၀၀)၊ နေ့ဆွမ်းအတွက် ဘတ်(၁၂၀၀၀)နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှင့် မည်သူမဆို လှူဒါန်းလိုပါက ရှမ်းရိုးမကွင်းရှေ့ရှိ အလှူခံဌာနတွင် ဖြစ်စေ၊ သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်သို့ လာရောက်၍ဖြစ်စေ မြန်မာဖုန်း (ဦးခင်မောင်တင့် ) 09458033337 ၊ 09254966883 နှင့် (မ၀ါ) 095242270 သို့လည်း ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သာသနာ့ဝေပုလ္လ လွမ်းမိုးတောရကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာစရ၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန အခမ်းအနားဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ နေ့တွင် ဧည့်ခံကျွေးမွေးလှူဒါန်းမှုများအတွက် စုစုပေါင်း ဘတ်(၅)သိန်းဝန်းကျင် ကုန်ကျနိုင်မည်ဖြစ်သည့်အတွက် အလှူရှင်များလိုအပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~