မေကြးတိုင္းတြင္ မိုးရာသီအတြင္း စိုက္ဧက(၂)ေသာင္းေက်ာ္၌ သစ္ပင္ (၆၄)သိန္း နီးပါး စိုက္ပ်ိဳးၿပီးစီး

မေကြးတိုင္းတြင္ မိုးရာသီအတြင္း စိုက္ဧက(၂)ေသာင္းေက်ာ္၌ သစ္ပင္ (၆၄)သိန္း နီးပါး စိုက္ပ်ိဳးၿပီးစီး
နိုဝင်ဘာ 29, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၇-၂၀၁၈ခုႏွစ္ မိုးရာသီ၌ ႏိုင္ငံေတာ္ပိုင္ စိုက္ခင္းအျဖစ္ စိုက္ဧက (၂၁၇၀၄.၆၆) တြင္ သစ္ပင္ေပါင္း(၆,၃၈၂,၈၆၂) ပင္ စိုက္ပ်ိဳးထားေၾကာင္း တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာနမွ သိရသည္။

“ျမန္မာႏိုင္ငံသစ္ေတာမ်ား ျပန္လည္ထူေထာင္ေရး(၁၀)ႏွစ္စီမံခ်က္ ခ်ထားတာ႐ွိပါတယ္။ အဓိကကေတာ႔ ကမၻာႀကီး ပူေႏြးလာၿပီး ရာသီဥတုေတြေျပာင္းလာတဲ႔အခါ ဒီသစ္ပင္ေတြက အမ်ားႀကီးလိုလာၿပီျဖစ္ပါတယ္။ စီမံခ်က္မွာလည္း တိုးစိုက္ဖို႔ လမ္းညႊန္ထားပါတယ္” ဟု တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာန၊ ညႊန္ၾကား ေရးမွဴး ဦးျမင္႔သိန္းခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ - ၂၀၁၈ခုႏွစ္ မိုးရာသီအတြင္း ပထမနည္းလမ္းျဖင့္ စီးပြားေရး ကၽြန္းစိုက္ခင္း ဧက (၁,၄၀၀) အတြင္း ကၽြန္းပင္ေပါင္း (၁,၆၉၄,၀၀၀) ပင္၊ ေရေဝေရလဲစိုက္ခင္းဧက (၂၅၀) ၌ အပင္(၅၀,၀၀၀)၊ စိုက္ခင္းေဟာင္းမ်ား ျပန္လည္ျပဳစုထိန္းသိမ္းသည့္ ဧက(၁,၅၁၃)၌ (၈၁၇,၀၂၀) ပင္ စိုက္ပ်ိဳးခဲ႔ၿပီး ဒုတိယနည္းလမ္းျဖစ္သည္႔ မိုးရာသီလူထုလႈပ္ရွားမႈျဖင္႔ သစ္ပင္ေပါင္း (၈၉၇,၅၈၂) ပင္၊ သဘာ၀ေတာတန္ဖိုးျမႇင္႔စိုက္ပ်ိဳးျခင္း တတိယနည္းလမ္းျဖင္႔ (၁,၆၃၅)ဧကအတြင္း(၁၁၄,၄၅၀) ပင္၊ တိုင္းေဒသႀကီး အစိုးရ အစီအစဥ္ျဖင္႔စိုက္ပ်ိဳးျခင္း စတုတၳနည္းလမ္းျဖင္႔ ေက်း႐ြာသံုး မိုးနည္းစိုက္ခင္း (၂၁၈)ဧက၌ (၂၆၃,၇၈၀) ပင္ ၊ ပဥၥမေျမာက္နည္းလမ္းျဖစ္သည္႔ စည္ပင္သာယာေရးေကာ္မတီမ်ားအစီအစဥ္ျဖင္႔ (၁၂.၉၅)ဧက၌ အရိပ္ရပင္ (၇၀၀၀) ၊ (၄၁.၆၆)ဧက၌ ပန္း အလွပင္ (၂၂,၅၀၀)ပင္၊ အစိုးရ မဟုတ္ေသာအဖြဲ႔အစည္းမ်ား၏ အစီအစဥ္ျဖင္႔ စိုက္ပ်ိဳးျခင္း ဆဌမ နည္းလမ္းျဖင္႔ (၃.၇) ဧက၌ အရိပ္ရပင္ (၂၂၆၀) ပင္ ၊ (၀.၅၅)ဧက၌ ပန္းအလွပင္ (၃၀၀) ပင္ ၊ သတၱမေျမာက္ နည္းလမ္းျဖင့္ ေဒသအစုအဖြဲ႔ပိုင္ သစ္ေတာတည္ေထာင္ျခင္း လုပ္ငန္းစဥ္တြင္ ဧကေပါင္း (၁၆,၅၇၉.၈၀) ဧကအတြင္း သစ္ပင္ေပါင္း (၂၄၈၆၉၇၀) ပင္၊ အဌမေျမာက္နည္းလမ္း ျဖစ္သည္႔ပုဂၢလိကစိုက္ခင္းတည္ေထာင္ျခင္းလုပ္ငန္းတြင္ လတ္တေလာ ဧက (၅၀) အတြင္း သစ္မာအမ်ိဳးအစားအပင္ (၂၇,၀၀၀) ပင္ စိုက္ပ်ိဳးႏိုင္ခဲ႔ေၾကာင္း သစ္ေတာဦးစီးဌာန မွတ္တမ္းမ်ားအရ သိရသည္။

ကၽြန္းစိုက္ခင္းတစ္ခင္း၌တစ္ဧကလ်ွင္(၆)သိန္းက်ပ္၀န္းက်င္ ႏိုင္ငံေတာ္၏ ဘတ္ဂ်က္ျဖင့္ သံုးစြဲရာ တစ္ဧကတြင္(၁၂၁၀) ပင္ စိုက္ပ်ိဳးသျဖင့္ ကၽြန္းပင္တစ္ပင္အေပၚ၌ တစ္ႏွစ္သားအထိ စိုက္ပ်ိဳးရွင္သန္ရန္ (၅၀၀) က်ပ္ သံုးစြဲေဆာင္႐ြက္ရေၾကာင္း ညႊန္ၾကားေရးမွဴးထံမွ သ္ိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ် မိုးရာသီ၌ နိုင်ငံတော်ပိုင် စိုက်ခင်းအဖြစ် စိုက်ဧက (၂၁၇၀၄.၆၆) တွင် သစ်ပင်ပေါင်း(၆,၃၈၂,၈၆၂) ပင် စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး(၁၀)နှစ်စီမံချက် ချထားတာရှိပါတယ်။ အဓိကကတော့ ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုတွေပြောင်းလာတဲ့အခါ ဒီသစ်ပင်တွေက အများကြီးလိုလာပြီဖြစ်ပါတယ်။ စီမံချက်မှာလည်း တိုးစိုက်ဖို့ လမ်းညွှန်ထားပါတယ်” ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးမြင့်သိန်းခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ - ၂၀၁၈ခုနှစ် မိုးရာသီအတွင်း ပထမနည်းလမ်းဖြင့် စီးပွားရေး ကျွန်းစိုက်ခင်း ဧက (၁,၄၀၀) အတွင်း ကျွန်းပင်ပေါင်း (၁,၆၉၄,ဝဝဝ) ပင်၊ ရေဝေရေလဲစိုက်ခင်းဧက (၂၅၀)၌ အပင်(၅၀,ဝဝဝ)၊ စိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းသည့် ဧက(၁,၅၁၃)၌ (၈၁၇,ဝ၂၀) ပင် စိုက်ပျိုးခဲ့ပြီး ဒုတိယနည်းလမ်းဖြစ်သည့် မိုးရာသီလူထုလှုပ်ရှားမှုဖြင့် သစ်ပင်ပေါင်း (၈၉၇,၅၈၂) ပင်၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း တတိယနည်းလမ်းဖြင့် (၁,၆၃၅)ဧကအတွင်း(၁၁၄,၄၅၀) ပင်၊ တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့်စိုက်ပျိုးခြင်း စတုတ္ထနည်းလမ်းဖြင့် ကျေးရွာသုံး မိုးနည်းစိုက်ခင်း (၂၁၈)ဧက၌ (၂၆၃,၇၈၀) ပင်၊ ပဉ္စမမြောက်နည်းလမ်းဖြစ်သည့် စည်ပင်သာယာရေးကော်မတီများအစီအစဉ်ဖြင့် (၁၂.၉၅)ဧက၌ အရိပ်ရပင် (၇၀၀၀)၊ (၄၁.၆၆)ဧက၌ ပန်း အလှပင် (၂၂,၅၀၀)ပင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် စိုက်ပျိုးခြင်း ဆဌမ နည်းလမ်းဖြင့် (၃.၇) ဧက၌ အရိပ်ရပင် (၂၂၆၀) ပင်၊ (ဝ.၅၅)ဧက၌ ပန်းအလှပင် (၃၀၀) ပင်၊ သတ္တမမြောက် နည်းလမ်းဖြင့် ဒေသအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းစဉ်တွင် ဧကပေါင်း (၁၆,၅၇၉.၈၀) ဧကအတွင်း သစ်ပင်ပေါင်း (၂၄၈၆၉၇၀) ပင်၊ အဌမမြောက်နည်းလမ်း ဖြစ်သည့်ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းတွင် လတ်တလော ဧက (၅၀) အတွင်း သစ်မာအမျိုးအစားအပင် (၂၇,ဝဝဝ) ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ကျွန်းစိုက်ခင်းတစ်ခင်း၌တစ်ဧကလျှင်(၆)သိန်းကျပ်ဝန်းကျင် နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် သုံးစွဲရာ တစ်ဧကတွင်(၁၂၁၀) ပင် စိုက်ပျိုးသဖြင့် ကျွန်းပင်တစ်ပင်အပေါ်၌ တစ်နှစ်သားအထိ စိုက်ပျိုးရှင်သန်ရန် (၅၀၀) ကျပ် သုံးစွဲဆောင်ရွက်ရကြောင်း ညွှန်ကြားရေးမှူးထံမှ သိ်ရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~