တာခ်ီလိတ္ၿမိဳ႕ ေတာ္ေကာ့(တြင္း)၌ အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ ေတာ္ေကာ့(တြင္း)၌ အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆံုး
နိုဝင်ဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)၌ မိသားစု (၃)ဦးေနထိုင္သည့္ ေနအိမ္တြင္ ႏိုဝင္ဘာလ (၄)ရက္ေန႔ညက ဖခင္ျဖစ္သူ ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားေၾကာင္း သိရသည္။

ည (၈) နာရီ (၄၅)မိနစ္၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ သတင္းပို႔လာသည့္အတြက္ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာ အိုက္ဆိုင္းဆိုသည့္ အသက္ (၂၉)ႏွစ္အရြယ္ အမ်ိဳးသားသည္ ေနအိမ္ ေရခ်ိဳးခန္းအတြင္း ႀကိဳးဆြဲခ်အေနအထားျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုး၊ တာဝန္မွဴး ရဲအုပ္ကိုလတ္တို႔က သက္ေသမ်ား ပါဝင္သည့္ အဖြဲ႔ျဖင့္ အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္ အေလာင္းအား ဓမၼတာအတုိင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးရန္ ရဲေဆးစာျဖင့္ တာခ်ီလိတ္ နာေရးကူညီမႈအသင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ႀကိဳးဆြဲခ်ေသဆံုးသူမွာ ေနအိမ္အတြင္းရွိ ေရခ်ဳိးခန္းႏွင့္အိမ္သာအတြင္း အမိုးမ်က္ႏွာက်က္ အေပါက္ေပၚ အျမင့္(၁၉)ေပ၀န္းက်င္ရွိ အိမ္ေခါင္မိုးထုတ္တန္းအား ထိုင္ခံုမ်ားဆင့္ကာ တက္၍ ႀကိဳးဆြဲခ်ေသဆံုးျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ေသဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၄၆/၂၀၁၇ ျဖင့္ အမႈဖြင့္ စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ မိသားစု (၃)ဦးနေထိုင်သည့် နေအိမ်တွင် နိုဝင်ဘာလ (၄)ရက်နေ့ညက ဖခင်ဖြစ်သူ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ည (၈) နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က တာချီလိတ်မြို့မရဲစခန်းသို့ သတင်းပို့လာသည့်အတွက် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ အိုက်ဆိုင်းဆိုသည့် အသက် (၂၉)နှစ်အရွယ် အမျိုးသားသည် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး၊ တာဝန်မှူး ရဲအုပ်ကိုလတ်တို့က သက်သေများ ပါဝင်သည့် အဖွဲ့ဖြင့် အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် အလောင်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးရန် ရဲဆေးစာဖြင့် တာချီလိတ် နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသူမှာ နေအိမ်အတွင်းရှိ ရေချိုးခန်းနှင့်အိမ်သာအတွင်း အမိုးမျက်နှာကျက် အပေါက်ပေါ် အမြင့်(၁၉)ပေဝန်းကျင်ရှိ အိမ်ခေါင်မိုးထုတ်တန်းအား ထိုင်ခုံများဆင့်ကာ တက်၍ ကြိုးဆွဲချသေဆုံးခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄၆/၂၀၁၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~