တာခ်ီလိတ္တြင္ ပစ္ခတ္မႈျဖစ္ပြားသည့္ ဂိုေဒါင္အားရွာေဖြရာမွ စိတ္ၾကြေဆးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား၊ လက္နက္ႏွင့္အတူ အမ်ိဳးသား(၂)ဦးဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ပစ္ခတ္မႈျဖစ္ပြားသည့္ ဂိုေဒါင္အားရွာေဖြရာမွ စိတ္ၾကြေဆးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား၊ လက္နက္ႏွင့္အတူ အမ်ိဳးသား(၂)ဦးဖမ္းဆီးရမိ
နိုဝင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔က ပစ္ခတ္မႈျဖစ္ပြားသည့္ ဂိုေဒါင္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးရာ ထိုင္းႏုိင္ငံသားတစ္ဦးအပါအဝင္ အမ်ိဳးသား(၂)ဦးအား မူးယစ္ေဆးဝါးမ်ား၊ စိတ္ၾကြေဆးျပားထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားအား လက္နက္တို႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း ကနဦး သတင္းရရွိသည္။

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရိွ ဂိုေဒါင္တစ္လံုးတြင္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔ ညေန (၄)နာရီအခ်ိန္က ပစ္ခတ္မႈျဖစ္ပြားေၾကာင္း သတင္းအရ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးထိန္ဝင္း၏ အနီးကပ္ႀကီးၾကပ္မႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးၾကည္စိုး၊ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္ ဦးစီးအဖြဲ႕၊ မူးယစ္တပ္ဖြဲ႕စု (၃၀) တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္းဦးစီးအဖြဲ႕၊ တာခ်ီလိတ္မွ ဗိုလ္ႀကီး လိႈင္ျမင့္မိုး ဦးစီးအဖြဲ႕၊ ခရိုင္ရဲတပ္ဖြဲ႕ (မႈ/ကူ)မွ ရဲအုပ္ျမင့္ႏိုင္ ဦးစီးအဖြဲ႕၊ ေဟာင္လိတ္ရဲကင္းစခန္းမွ ရဲအုပ္ေအာင္ဆန္းဦး ဦးစီးအဖြဲ႕၊ စရဖ(တသခ)စု - ၂မွ တပ္ၾကပ္ၾကီး ရဲလင္းထုိက္တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ဝင္ေရာက္ရွာေဖြရာ အဆိုပါဂိုေဒါင္အား ငွားရမ္းေနထုိင္သူျဖစ္သည့္ အားခ်ဴအား ထုိင္းႏိုင္ငံသား ကိုင္(ခ) Prasan ႏွင့္အတူ ေတြ႔ရွိရျပီး ဂိုေဒါင္အတြင္းမွ စိတ္ၾကြေဆးျပား ထုတ္လုပ္သည့္ စက္မ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္တုိ႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ဂိုေဒါင္အတြင္းမွ စိတ္ၾကြေဆးျပား (၅)ေသာင္း၊ စိတ္ၾကြေဆးျပားျပဳလုပ္ရန္ ေရာစပ္ထားသည့္ ေဆးမႈန္႔ (၂)ကီလိုခန္႔၊ စိတ္ၾကြေဆးျပားရိုက္စက္ (၂)လံုး၊ ဘိန္းညိုဘေလာက္တံုး အေလးခ်ိန္ (၂.၃၁)ကီလိုခန္႔၊ ကဖင္း (၁၆)ကီလိုခန္႔၊ အက္တက္စီေဆးျပား (၁၅၀၀)ခန္႔၊ VANILINE ေဆးမႈန္႔ (၂၀)ကီလိုခန္႔၊ ပစၥတိုေသနတ္တစ္လက္ႏွင့္ ခဲယမ္းမ်ား၊ စိတ္ၾကြေဆးျပားထည့္သည့္ ပလတ္စတစ္အိတ္ခြံမ်ိဳးစံု၊ ေဆးျပားရိုက္ရာတြင္ အသံုးျပဳသည့္ သံမိႈမ်ားႏွင့္အတူ ေမာ္ေတာ္ယာဥ္ (၂)စီးကို စစ္ေဆးေတြ႕ရိွထားေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ား၊ လက္နက္တုိ႔ႏွင့္အတူ ဖမ္းဆီးရမိထားသည့္ အားခ်ဴႏွင့္ ထုိင္းႏုိင္ငံသား ကိုင္(ခ) Prasan တို႔အား ဥပေဒအရ အေရးယူရန္ ရဲတပ္ဖြဲ႕က ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားသည့် ဂိုဒေါင်အား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ ထိုင်းနိုင်ငံသားတစ်ဦးအပါအဝင် အမျိုးသား(၂)ဦးအား မူးယစ်ဆေးဝါးများ၊ စိတ်ကြွဆေးပြားထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများအား လက်နက်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း ကနဦး သတင်းရရှိသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးတွင် နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေ (၄)နာရီအချိန်က ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုး၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင် ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်းဦးစီးအဖွဲ့၊ တာချီလိတ်မှ ဗိုလ်ကြီး လှိုင်မြင့်မိုး ဦးစီးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ (မှု/ကူ)မှ ရဲအုပ်မြင့်နိုင် ဦးစီးအဖွဲ့၊ ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ်အောင်ဆန်းဦး ဦးစီးအဖွဲ့၊ စရဖ(တသခ)စု - ၂မှ တပ်ကြပ်ကြီး ရဲလင်းထိုက်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ အဆိုပါဂိုဒေါင်အား ငှါးရမ်းနေထိုင်သူဖြစ်သည့် အားချူအား ထိုင်းနိုင်ငံသား ကိုင်(ခ) Prasan နှင့်အတူ တွေ့ရှိရပြီး ဂိုဒေါင်အတွင်းမှ စိတ်ကြွဆေးပြား ထုတ်လုပ်သည့် စက်များ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိုဒေါင်အတွင်းမှ စိတ်ကြွဆေးပြား (၅)သောင်း၊ စိတ်ကြွဆေးပြားပြုလုပ်ရန် ရောစပ်ထားသည့် ဆေးမှုန့် (၂)ကီလိုခန့်၊ စိတ်ကြွဆေးပြားရိုက်စက် (၂)လုံး၊ ဘိန်းညိုဘလောက်တုံး အလေးချိန် (၂.၃၁)ကီလိုခန့်၊ ကဖင်း (၁၆)ကီလိုခန့်၊ အက်တက်စီဆေးပြား (၁၅၀၀)ခန့်၊ VANILINE ဆေးမှုန့် (၂၀)ကီလိုခန့်၊ ပစ္စတိုသေနတ်တစ်လက်နှင့် ခဲယမ်းများ၊ စိတ်ကြွဆေးပြားထည့်သည့် ပလတ်စတစ်အိတ်ခွံမျိုးစုံ၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် သံမှိုများနှင့်အတူ မော်တော်ယာဉ် (၂)စီးကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မူးယစ်ဆေးများ၊ လက်နက်တို့နှင့်အတူ ဖမ်းဆီးရမိထားသည့် အားချူနှင့် ထိုင်းနိုင်ငံသား ကိုင်(ခ) Prasan တို့အား ဥပဒေအရ အရေးယူရန် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~