သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၍ တစ်ဦးသေ၊ ဦးပဉ္ဇင်းတစ်ပါး ဒဏ်ရာရ
သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၍ တစ်ဦးသေ၊ ဦးပဉ္ဇင်းတစ်ပါး ဒဏ်ရာရ
နိုဝငျဘာ 23, 2017
By 🌸
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ကုန်းသာကျေးရွာနှင့် စံလောင်းကျေးရွာကြား ပြည်ထောင်စုလမ်းမကြီးတွင် နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်တစ်စီးနှင့် ခရီးသည်တင် ဗင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံးပြီး ဆိုင်ကယ်တွင်လိုက်ပါလာသည့် ဦးပဉ္ဇင်းတစ်ပါး ဒဏ်ရာရသွားကြောင်း သိရသည်။
လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် မိုင်းကိုင်မြို့မှ အမျိုးသားတစ်ဦးနှင့် ဦးပဉ္ဇင်းတစ်ပါး စီးနင်းလာသည့် ဆိုင်ကယ်နှင့် မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ဗင်ကားတို့ တိုက်မိခြင်းဖြစ်ကြောင်း သိရပြီး သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူနှင့် ခြေတစ်ဖက်ကျိုးသွားသည့် ဦးပဉ္ဇင်းတို့အား သီပေါပြည်သူ့ဆေးရုံသို့ နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)က ပို့ဆောင်ပေးထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၍ တစ်ဦးသေ၊ ဦးပဥ္ဇင်းတစ်ပါး ဒဏ်ရာရ
********
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ကုန်းသာကျေးရွာနှင့် စံလောင်းကျေးရွာကြား ပြည်ထောင်စုလမ်းမကြီးတွင် နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်တစ်စီးနှင့် ခရီးသည်တင် ဗင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံးပြီး ဆိုင်ကယ်တွင်လိုက်ပါလာသည့် ဦးပဥ္ဇင်းတစ်ပါး ဒဏ်ရာရသွားကြောင်း သိရသည်။
“မနက် ၉ နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၁/၆ နဲ့ ၁၄၁/၇ အကြားမှာ ဆိိုင်ကယ်နဲ့ကား တိုက်မိတာ ဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းသူအမျိုးသားက နေရာမှာ သေဆုံးသွားပါတယ်။ ဖြစ်စဉ်ကို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု သီပေါမြို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တပ်ကြပ်ကြီးဝင်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် မိုင်းကိုင်မြို့မှ အမျိုးသားတစ်ဦးနှင့် ဦးပဥ္ဇင်းတစ်ပါး စီးနင်းလာသည့် ဆိုင်ကယ်နှင့် မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ဗင်ကားတို့ တိုက်မိခြင်းဖြစ်ကြောင်း သိရပြီး သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူနှင့် ခြေတစ်ဖက်ကျိုးသွားသည့် ဦးပဥ္ဇင်းတို့အား သီပေါပြည်သူ့ဆေးရုံသို့ နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)က ပို့ဆောင်ပေးထားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုအား သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #နယ်စည်းမခြားပရဟိတအသင်း(သီပေါ)
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~