ဘတ္ဂ်က္မက်မီ ႀကိဳတင္သံုးစြဲ လုပ္ငန္းေဆာင္ရြက္ေနမႈမ်ား လုပ္ထံုးလုပ္နည္းမညီသျဖင့္ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌ သတိေပး

ဘတ္ဂ်က္မက်မီ ႀကိဳတင္သံုးစြဲ လုပ္ငန္းေဆာင္ရြက္ေနမႈမ်ား လုပ္ထံုးလုပ္နည္းမညီသျဖင့္ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌ သတိေပး
နိုဝင်ဘာ 18, 2017
By 🌸
ဌာနဆိုင္ရာမ်ား၊ ဝန္ႀကီးဌာနမ်ားအေနျဖင့္ ျပည္ေထာင္စုသို႔ ဘတ္ဂ်က္တင္ထားစဥ္ ကာလအတြင္း ျပည္နယ္ရန္ပုံေငြမွ စိုက္ထုတ္၍ လုပ္ငန္းမ်ားႀကိဳတင္ လုပ္ေဆာင္ေနမႈမ်ားမွာ လုပ္ထံုးလုပ္နည္းႏွင့္ မညီသျဖင့္ ဆက္လက္လုပ္ေဆာင္ျခင္းမျပဳရန္ ကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒က သတိေပးလိုက္သည္။

" အရင္စနစ္တုန္းကလည္း အဲဒီလိုပဲ တခ်ိဳ႕ဌာနေတြက ပိုက္ဆံခ်မ္းသာတဲ့အခါက်ေတာ့ ရပါတယ္ဆိုၿပီး တင္ရင္ရၿပီးသား ဆိုတာမ်ိဳးေပါ့။ ဒါမ်ိဳးေတြက မျဖစ္သင့္ဘူး။ တင္လို႔ရိွရင္ရမွာ ေသခ်ာၿပီးသား။ ႏွစ္ရာေလာက္တင္ရင္ တစ္ရာေလာက္ေသခ်ာၿပီးသားေပါ့။ အခုလည္းပဲ ကိုယ္စားလွယ္ေမးတဲ့ပုံဆိုရင္ ဒါကျပည္ေထာင္စုကေတာင္ ဘာမွမေသခ်ာေသးဘဲ ႀကိဳလုပ္တဲ့ကိစၥ ျဖစ္ေနတယ္။ ေနာက္ေနာင္မွာ စာရင္းစစ္ခ်ဳပ္အေနနဲ႔ ဒီေငြေတြ ဘယ္ကသုံးလဲ စစ္ေဆးေပးပါ" ဟု  ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးလွေထြးမွ သတိေပးေျပာဆိုလိုက္ျခင္း ျဖစ္သည္။

ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ အ႒မပုံမွန္အစည္းေဝး ဒုတိယေန႔ျဖစ္သည့္ ႏိုဝင္ဘာလ (၁၇) ရက္ေန႔တြင္ မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္ဆည္ အလွျပဳျပင္ျခင္းစီမံကိန္းအတြက္ ျဖည့္စြက္ဘတ္ဂ်က္တြင္းမွ ေတာင္းခံထားၿပီး လက္႐ွိေျမျပင္တြင္လည္း ႀကိဳတင္ေဆာာင္ရြက္မႈမ်ား လုပ္ေဆာင္ေနသည္ကိုေတြ႔ရသျဖင့္ မည္သည့္ဘတ္ဂ်က္၊ မည္သူ၏ ခြင့္ျပဳမိန္႔ျဖင့္ ေဆာင္ရြက္ေနသည္ကို သိရိွလိုေၾကာင္း ေမးျမန္းခဲ့ရာ အဆိုပါလုပ္ငန္းမွာ မိုးမကုန္မီ ေဆာင္ရြက္မွသာ အဆင္ေျပႏိုင္ေသာလုပ္ငန္းမ်ားျဖစ္သည့္အတြက္ ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာနက ျပည္နယ္အစိုးရခြင့္ျပဳခ်က္ျဖင့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ျပည္နယ္ျဖည့္ စြက္ရန္ပုံေငြမွ စိုက္သံုးၿပီး လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႔ဝင္ စိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးေဘာ့စကိုက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ျပည္နယ္ျဖည့္ စြက္ရန္ပုံေငြမွာ ႏိုဝင္ဘာလ (၁၀)ရက္ေန႔တြင္ ေနျပည္ေတာ္လႊတ္ေတာ္မွ အတည္ျပဳျပဌာန္းေပးထားခဲ့ကာ ယခုအခ်ိန္ထိ ျပည္နယ္လႊတ္ေတာ္သို႔ ျပန္လည္ေပးပို႔ျခင္း မရိွေသးေၾကာင္းႏွင့္ အဆိုပါရန္ပံုေငြအား အသံုးျပဳလိုပါက ျပည္နယ္ျဖည့္စြက္ရန္ပံုေငြအျဖစ္ ျပည္နယ္လႊတ္ေတာ္မွ အတည္ျပဳျပဌာန္းၿပီး ျပည္နယ္ရသံုးမွန္းေျခ ေငြစာရင္းဦးစီးဌာနမွ ဘတ္ဂ်က္ခြင့္ျပဳမိန္႔ ထုတ္ေပးၿပီးမွသာ သံုးစြဲႏုိင္ျခင္းျဖစ္သျဖင့္ ယင္းကဲ့သို႔ ထုတ္ယူသံုးစြဲျခင္းသည္ ၂၀၁၇ ခုႏွစ္  လႊတ္ေတာ္ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္း ပုဒ္မ ၃၆ ကိုခိ်ဳးေဖာက္ျခင္းျဖစ္ေၾကာင္း  ဦးေအာင္ႏိုင္ဦးက ျပန္လည္ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ျပည္နယ္အတြင္း ဘတ္ဂ်က္ႀကိဳတင္သံုးစြဲ၍ လုပ္ငန္းေဆာင္ရြက္ျခင္းမ်ား၊ မည္သည့္ဘတ္ဂ်က္မွ က်ခံ၍ မည္သူက ခြင့္ျပဳသည္စသည့္ အခ်က္အလက္မ်ားကို အမ်ားျပည္သူသိေစရန္ ဆုိင္းဘုတ္ေထာင္၍ လုပ္ေဆာင္ျခင္းမရိွေသာ လုပ္ငန္းမ်ားအား အေရးယူေဆာင္ရြက္ေပးရန္ တင္ျပျခင္းျဖစ္ေၾကာင္း မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စာလွယ္ဦးေအာင္ႏိုင္ဦးက ေျပာသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဘတ်ဂျက်မကျမီ ကြိုတင်သုံးစွဲ လုပ်ငန်းဆောင်ရွက်နေမှုများ လုပ်ထုံးလုပ်နည်းမညီသဖြင့် ကယားပြည်နယ် လွှတ်တော်ဥက္ကဌ သတိပေး
************

ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများအနေဖြင့် ပြည်ထောင်စုသို့ ဘတ်ဂျက်တင်ထားစဉ် ကာလအတွင်း ပြည်နယ်ရန်ပုံငွေမှ စိုက်ထုတ်၍ လုပ်ငန်းများကြိုတင် လုပ်ဆောင်နေမှုများမှာ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်သည်။

" အရင်စနစ်တုန်းကလည်း အဲဒီလိုပဲ တချို့ဌာနတွေက ပိုက်ဆံချမ်းသာတဲ့အခါကျတော့ ရပါတယ်ဆိုပြီး တင်ရင်ရပြီးသား ဆိုတာမျိုးပေါ့။ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ တင်လို့ရှိရင်ရမှာ သေချာပြီးသား။ နှစ်ရာလောက်တင်ရင် တစ်ရာလောက်သေချာပြီးသားပေါ့။ အခုလည်းပဲ ကိုယ်စားလှယ်မေးတဲ့ပုံဆိုရင် ဒါကပြည်ထောင်စုကတောင် ဘာမှမသေချာသေးဘဲ ကြိုလုပ်တဲ့ကိစ္စ ဖြစ်နေတယ်။ နောက်နောင်မှာ စာရင်းစစ်ချုပ်အနေနဲ့ ဒီငွေတွေ ဘယ်ကသုံးလဲ စစ်ဆေးပေးပါ" ဟု  ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးမှ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေး ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည် အလှပြုပြင်ခြင်းစီမံကိန်းအတွက် ဖြည့်စွက်ဘတ်ဂျက်တွင်းမှ တောင်းခံထားပြီး လက်ရှိမြေပြင်တွင်လည်း ကြိုတင်ဆောာင်ရွက်မှုများ လုပ်ဆောင်နေသည်ကိုတွေ့ရသဖြင့် မည်သည့်ဘတ်ဂျက်၊ မည်သူ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ အဆိုပါလုပ်ငန်းမှာ မိုးမကုန်မီ ဆောင်ရွက်မှသာ အဆင်ပြေနိုင်သောလုပ်ငန်းများဖြစ်သည့်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်ဖြည့် စွက်ရန်ပုံငွေမှ စိုက်သုံးပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်ဖြည့် စွက်ရန်ပုံငွေမှာ နိုဝင်ဘာလ (၁၀)ရက်နေ့တွင် နေပြည်တော်လွှတ်တော်မှ အတည်ပြုပြဌာန်းပေးထားခဲ့ကာ ယခုအချိန်ထိ ပြည်နယ်လွှတ်တော်သို့ ပြန်လည်ပေးပို့ခြင်း မရှိသေးကြောင်းနှင့် အဆိုပါရန်ပုံငွေအား အသုံးပြုလိုပါက ပြည်နယ်ဖြည့်စွက်ရန်ပုံငွေအဖြစ် ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းပြီး ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ဘတ်ဂျက်ခွင့်ပြုမိန့် ထုတ်ပေးပြီးမှသာ သုံးစွဲနိုင်ခြင်းဖြစ်သဖြင့် ယင်းကဲ့သို့ ထုတ်ယူသုံးစွဲခြင်းသည် ၂၀၁၇ ခုနှစ်  လွှတ်တော်ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း ပုဒ်မ ၃၆ ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း  ဦးအောင်နိုင်ဦးက ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အတွင်း ဘတ်ဂျက်ကြိုတင်သုံးစွဲ၍ လုပ်ငန်းဆောင်ရွက်ခြင်းများ၊ မည်သည့်ဘတ်ဂျက်မှ ကျခံ၍ မည်သူက ခွင့်ပြုသည်စသည့် အချက်အလက်များကို အများပြည်သူသိစေရန် ဆိုင်းဘုတ်ထောင်၍ လုပ်ဆောင်ခြင်းမရှိသော လုပ်ငန်းများအား အရေးယူဆောင်ရွက်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စာလှယ်ဦးအောင်နိုင်ဦးက ပြောသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~