ရွမ္းျပည္နယ္ကိုယ္စားျပဳ ယွဥ္ၿပိဳင္ေနသည့္ တာခ်ီလိတ္ဖူဆယ္အသင္း ဗိုလ္လုပြဲတက္ေရာက္

ရွမ္းျပည္နယ္ကိုယ္စားျပဳ ယွဥ္ၿပိဳင္ေနသည့္ တာခ်ီလိတ္ဖူဆယ္အသင္း ဗိုလ္လုပြဲတက္ေရာက္
နိုဝင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္ကိုယ္စားျပဳအသင္းအေနျဖင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္္ အသက္(၂၅)ႏွစ္ေအာက္ အမ်ိဳးသား ဖူဆယ္ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ဖူဆယ္အသင္းသည္ ရွမ္းျပည္နယ္၏ ပထမဆံုး ဗိုလ္လုပြဲတက္သည့္အသင္းျဖစ္လာၿပီး ႏိုဝင္ဘာလ (၁၀)ရက္ေန႔တြင္ မႏၱေလးတိုင္းေဒသႀကီး ကိုယ္စားျပဳအသင္းႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္ၿမိဳ႕က ကစားသမားေတြနဲ႔ပဲ ဖြဲ ့စည္းထားတဲ့ ရွမ္းျပည္နယ္ ကိုယ္စားျပဳအသင္းက ဒီေန႔ ဆီမီးဖိုင္နယ္အျဖစ္ ရန္ကုန္ကိုယ္စားျပဳအသင္းကို (၇)ဂိုး၊ (၅)ဂိုးနဲ ့ အႏိုင္ရခဲ့ၿပီးေတာ့ ကၽြန္ေတာ္တို ့ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ (၄)ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္အေနနဲ ့ ဗိုလ္လုပြဲကို တက္ေရာက္သြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဗိုလ္လုပြဲကို လာမယ့္ (၁၀)ရက္ေန ့ မနက္(၈)နာရီခြဲမွာ မႏၱေလး ကိုယ္စားျပဳအသင္းနဲ ့ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ ကိုယ္စားျပဳ ဖူဆယ္ေဘာလုံးအသင္းမွ အုပ္ခ်ဳပ္သူ ဦးသန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

၂၀၁၇ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္္ အသက္(၂၅)ႏွစ္ေအာက္ အမ်ိဳးသားဖူဆယ္ၿပိဳင္ပြဲကို ေနျပည္ေတာ္တြင္ ႏိုဝင္ဘာလ (၁) ရက္ေန႔မွ စတင္က်င္းပေနျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ ကိုယ္စားျပဳအသင္းအေနျဖင့္ အုပ္စု(ဃ)တြင္ ကခ်င္ျပည္နယ္ႏွင့္ ပဲခူးတိုင္းကိုယ္စားျပဳအသင္းမ်ားႏွင့္အတူ က်ေရာက္ခဲ့ျခင္းျဖစ္ကာ အုပ္စုဗိုလ္အျဖစ္ ကြာတားဖိုင္နယ္အဆင့္တြင္ ေနျပည္ေတာ္အသင္းႏွင့္ လည္းေကာင္း ဆီမီးဖိုင္နယ္အဆင့္တြင္ ရန္ကုန္တိုင္းအသင္းကို (၇)ဂိုး၊ (၅)ဂိုးျဖင့္ အႏိုင္ယူကာ ဗိုလ္လုပြဲအဆင့္သို ့ တက္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"လက္ရိွမွာေတာ့ အားလုံးက ကၽြန္ေတာ္တို ့အသင္းကို ဗိုလ္စြဲမယ္လို ့ ခန္ ့မွန္းထားၾကပါတယ္။ ကစားတာ၊ စိတ္ဓာတ္၊ ႏုပ်ိဳတာကအစ ကၽြန္ေတာ္တို႔အသင္းကိုေတာ့ ခန္ ့မွန္းထားၾကတယ္။ ကၽြန္ေတာ္တို ့ကလည္း ေမွ်ာ္လင့္ထားပါတယ္။ အေကာင္းဆုံးျဖစ္ေအာင္လည္း ယွဥ္ၿပိဳင္မွာပါ။ တာခ်ီလိတ္ကို ဒီျပည္ေထာင္စု ဒိုင္းႀကီးကို ျပန္သယ္လာမွာပါ။ ဒါ့အျပင္ ဒီၿပိဳင္ပြဲၿပီးသြားၿပီဆိုရင္ ကၽြန္ေတာ့္ အသင္းထဲကေနၿပီးေတာ့ အသက္(၂၂)ႏွစ္ေအာက္ ျမန္မာ့လက္ေရြးစင္ လူငယ္အသင္းအတြက္ (၅)ေယာက္ေလာက္ေခၚဖို ့ လ်ာထားတယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ တာခ်ီလိတ္က ကၽြန္ေတာ္တို ့ရဲ ့ ပရိသတ္ေတြအေနနဲ ့ ကၽြန္ေတာ္တို ့အသင္းကို အားေပးပါလို ့ ေျပာခ်င္ပါတယ္"ဟု ရွမ္းျပည္နယ္ ကိုယ္စားျပဳ ဖူဆယ္ေဘာလုံး အသင္းမွ အုပ္ခ်ဳပ္သူ ဦးသန္းလိႈင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ ကစားသမားမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ အမ်ိဳးသားဖူဆယ္အသင္းသည္ ရွမ္းျပည္နယ္ ကိုယ္စားျပဳ၍ သြားေရာက္ယွဥ္ၿပိဳင္ေနသည္မွာ ယခုတစ္ႀကိမ္အပါအဝင္ ေလးႀကိမ္ရိွသြားၿပီး အျမင့္ဆံုး အေနျဖင့္ တတိယဆုသာ ရခဲ့ဖူးေၾကာင္း သိရသည္။

ေနျပည္ေတာ္တြင္ သြားေရာက္ယွဥ္ၿပိဳင္ေနသည့္ ရွမ္းျပည္နယ္ကိုယ္စားျပဳအသင္းတြင္ အသင္းအုပ္ခ်ဳပ္သူ အျဖစ္ ဦးသန္းလိႈင္၊ နည္းျပခ်ဳပ္အျဖစ္ ကိုေဇာ္မ်ိဳးထိုက္(ျမန္မာ့လက္ေရြးစင္ေဟာင္း)ႏွင့္ လက္ေထာက္နည္းျပအျဖစ္ ဦးစိုးသူလြင္ႏွင့္ အသင္းသား(၂၀)ဦး ပါဝင္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #Win Htet Oo

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်နေသည့် တာချီလိတ်ဖူဆယ်အသင်း ဗိုလ်လုပွဲတက်ရောက်
*****************
ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းပြည်နယ် (အရှေ ့ပိုင်း) တာချီလိတ်မြို့မှ ဖူဆယ်အသင်းသည် ရှမ်းပြည်နယ်၏ ပထမဆုံး ဗိုလ်လုပွဲတက်သည့်အသင်းဖြစ်လာပြီး နိုဝင်ဘာလ (၁၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့က ကစားသမားတွေနဲ့ပဲ ဖွဲ ့စည်းထားတဲ့ ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းက ဒီနေ့ ဆီမီးဖိုင်နယ်အဖြစ် ရန်ကုန်ကိုယ်စားပြုအသင်းကို (၇)ဂိုး၊ (၅)ဂိုးနဲ ့ အနိုင်ရခဲ့ပြီးတော့ ကျွန်တော်တို ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ (၄)နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ ့ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲကို လာမယ့် (၁၀)ရက်နေ ့ မနက်(၈)နာရီခွဲမှာ မန္တလေးကိုယ်စားပြုအသင်းနဲ ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် ကိုယ်စားပြု ဖူဆယ်ဘောလုံးအသင်းမှ အုပ်ချုပ်သူ ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို ့ ပြောသည်။

၂၀၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို နေပြည်တော်တွင် နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းအနေဖြင့် အုပ်စု(ဃ)တွင် ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းကိုယ်စားပြုအသင်းများနှင့်အတူ ကျရောက်ခဲ့ခြင်းဖြစ်ကာ အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်အဆင့်တွင် နေပြည်တော်အသင်းနှင့်လည်းကောင်း ဆီမီးဖိုင်နယ်အဆင့်တွင် ရန်ကုန်တိုင်းအသင်းကို (၇)ဂိုး၊ (၅)ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို ့ တက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိမှာတော့ အားလုံးက ကျွန်တော်တို ့အသင်းကို ဗိုလ်စွဲမယ်လို ့ ခန် ့မှန်းထားကြပါတယ်။ ကစားတာ၊ စိတ်ဓာတ်၊ နုပျိုတာကအစ ကျွန်တော်တို့အသင်းကိုတော့ ခန် ့မှန်းထားကြတယ်။ ကျွန်တော်တို ့ကလည်း မျှော်လင့်ထားပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ယှဉ်ပြိုင်မှာပါ။ တာချီလိတ်ကို ဒီပြည်ထောင်စုဒိုင်းကြီးကို ပြန်သယ်လာမှာပါ။ ဒါ့အပြင် ဒီပြိုင်ပွဲပြီးသွားပြီဆိုရင် ကျွန်တော့်အသင်းထဲကနေပြီးတော့ အသက်(၂၂)နှစ်အောက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းအတွက် (၅)ယောက်လောက်ခေါ်ဖို ့ လျာထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် တာချီလိတ်က ကျွန်တော်တို ့ရဲ ့ ပရိသတ်တွေအနေနဲ ့ ကျွန်တော်တို ့အသင်းကို အားပေးပါလို ့ ပြောချင်ပါတယ်"ဟု ရှမ်းပြည်နယ် ကိုယ်စားပြု ဖူဆယ်ဘောလုံးအသင်းမှ အုပ်ချုပ်သူ ဦးသန်းလှိုင်က ပြောသည်။

တာချီလိတ်မြို့မှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဖူဆယ်အသင်းသည် ရှမ်းပြည်နယ် ကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်နေသည်မှာ ယခုတစ်ကြိမ်အပါအဝင် လေးကြိမ်ရှိသွားပြီး အမြင့်ဆုံးအနေဖြင့် တတိယဆုသာ ရခဲ့ဖူးကြောင်း သိရသည်။

နပြေည်တော်တွင် သွားရောက်ယှဉ်ပြိုင်နေသည့် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းတွင် အသင်းအုပ်ချုပ်သူ အဖြစ် ဦးသန်းလှိုင်၊ နည်းပြချုပ်အဖြစ် ကိုဇော်မျိုးထိုက်(မြန်မာ့လက်ရွေးစင်ဟောင်း)နှင့် လက်ထောက်နည်းပြအဖြစ် ဦးစိုးသူလွင်နှင့် အသင်းသား(၂၀)ဦး ပါဝင်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #Win Htet Oo

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~