မဘိမ်းနှင့် မိုးမိတ်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်ရေး ပညာပေးဆွေးနွေးမှုနှင့် အထောက်အကူပြုပစ္စည်း ပံ့ပိုး
မဘိမ်းနှင့် မိုးမိတ်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်ရေး ပညာပေးဆွေးနွေးမှုနှင့် အထောက်အကူပြုပစ္စည်း ပံ့ပိုး
နိုဝငျဘာ 24, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ သတ်မှတ်ကြေညာနိုင်ရေးအတွက် အသိပညာ‌ပေး ‌ဆွေး‌နွေးခြင်းနှင့် အ‌ထောက် အကူပြု ပစ္စည်း ‌ထောက်ပံ့ပေးခြင်း၊ အသိပညာပေးခြင်းနှင့် ‌ဆေးလိပ်‌‌ငွေ့ကင်းစင် ‌ကျောင်း အ‌ခြေပြု မီနီမာရသွန် ပြိုင်ပွဲတို့အား ပြည်နယ်အစိုးရက နိုဝင်ဘာလ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ဆောင်ရွက်ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့က ကျင်းပသည့် ‌ဆေးလိပ်‌‌ငွေ့ကင်းစင် ‌ကျောင်း အ‌ခြေပြု မီနီမာရသွန် ပြိုင်ပွဲတွင် ‌ကျောင်း သား၊ကျောင်းသူ (၅၆၀) ဦးပါဝင်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်း မြို့နယ်တိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများ သတ်မှတ်ကြေညာနိုင်ရေးအတွက် ပညာပေးဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပင်းတယ ရွှေဥမင်ဘုရားလှိုဏ်ဂူအား ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကမ္ဘာသို့ ကြေညာနိုင်ခဲ့ပြီးဖြစ်သည်။
သတင်း - အင်မိုင်ခ
ဓါတ်ပုံ - MT
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ သတ်မှတ်ကြေညာနိုင်ရေးအတွက် အသိပညာ‌ပေး ‌ဆွေး‌နွေးခြင်းနှင့် အ‌ထောက် အကူပြု ပစ္စည်း ‌ထောက်ပံ့ပေးခြင်း၊ အသိပညာပေးခြင်းနှင့် ‌ဆေးလိပ်‌‌ငွေ့ကင်‌းစင် ‌ကျောင်‌း အ‌ခြပြေု မီနီမာရသွန် ပြိုင်ပွဲတို့အား ပြည်နယ်အစိုးရက နိုဝင်ဘာလ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ဆောင်ရွက်ကြောင်း သိရသည်။
“မီနီမာရသွန်က ကျောင်းအခြပြေုကို အလယ်တန်းနဲ့ အထက်တန်းအဆင့်ရယ် ကျား/မခွဲပေးလိုက်တယ်။ ပထမဆုကနေ ပဉ္စမဆုအထိရယ်၊ နှစ်သိမ့်ဆုရယ်ဆိုတော့ စုစုပေါင်း ပြိုင်ပွဲတစ်ခုမှာ ဆု(၅၀)ပေးတော့ ဆုရတဲ့ကလေးတွေ (၂၀၀)အထိရှိတာပေါ့။ ယောက်ျားလေး (၁၀၀)၊ မိန်းကလေး (၁၀၀)ရှိတာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုးမိတ်မြို့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့က ကျင်းပသည့် ‌ဆေးလိပ်‌‌ငွေ့ကင်‌းစင် ‌ကျောင်‌း အ‌ခြပြေု မီနီမာရသွန် ပြိုင်ပွဲတွင် ‌ကျောင်‌း သား၊ကျောင်းသူ (၅၆၀) ဦးပါဝင်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ဘဟဲအုပ်စု ရှင်ပင်ဆွဲလဲဘုရားပရဝဏ်နယ်မြေ၊ မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားဓမ္မာရုံနှင့် ဆုတောင်းပြည့်ဘုရားနယ်မြေများအား ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများ အဖြစ် သတ်မှတ်ကြေညာနိုင်ရေးအတွက် မဘိမ်းမြို့တွင် နိုဝင်ဘာလ (၂၃)ရက်နေ့နှင့် မိုးမိတ်မြို့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့များတွင် ဌာနဆိုင်ရာများ၊ ‌ဂေါပကများ၊ CSO များအား အသိပညာ‌ပေး ‌ဆွေး‌နွေးခြင်းနှင့် အ‌ထောက်အကူပြု ပစ္စည်း ‌ထောက်ပံ့ပေးခြင်းတို့ကို ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်သည့်အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်း မြို့နယ်တိုင်းတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများ သတ်မှတ်ကြေညာနိုင်ရေးအတွက် ပညာပေးဆောင်ရွက်နခြေင်းဖြစ်ပြီး လက်ရှိတွင် ပင်းတယ ရွှေဥမင်ဘုရားလှိုဏ်ဂူအား ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကမ္ဘာသို့ ကြေညာနိုင်ခဲ့ပြီးဖြစ်သည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - MT
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~