တာချီလိတ်တွင် စားသောက်ကုန်ထုတ်လုပ်မှု အခမဲ့သင်တန်း ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်မည်

တာချီလိတ်တွင် စားသောက်ကုန်ထုတ်လုပ်မှု အခမဲ့သင်တန်း ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်မည်
နိုဝငျဘာ 29, 2017
By Tachileik News Agency


အဆိုပါသင်တန်းအား လက်ရှိတွင် နိုဝင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၇)ရက်နေ့အထိ တောင်ကြီးမြို့တွင် ပို့ချနေခြင်းဖြစ်သည်။


ဆန်၊ ပဲစင်းငုံ၊ ပြောင်း၊ ဂျုံနှင့် အသီးအနှံများကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆန်ဖြင့်ပြုလုပ်သော ကိတ်များ၊ ပဲစင်းငုံဖြင့် ပြုလုပ်သော အာဟာရမှုန့်၊ ကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှေကြည်၊ ဆနွင်းမကင်း၊ ပူတင်း၊ ပဲချောင်းကြော်၊ အကြော်မှုန့်၊ တောင်ကြီး ပဲရေပွကြော်၊ သစ်သီးယို၊ သစ်သီးဖျော်ရည်၊ ဂျယ်လီပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦးစီ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၀၈၁ ၂၀၆၈၂၉၊ ၀၉ ၄၂၀၇၃၀၁၃၀၊ ၀၉ ၄၃၁၃၈၀၉၉ နှင့် ၀၉ ၂၆၃၃၉၇၀၆၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်း - နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု သင်တန်းကို ဒီဇင်ဘာလလယ်ပိုင်းတွင် အခမဲ့ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား လက်ရှိတွင် နိုဝင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၇)ရက်နေ့အထိ တောင်ကြီးမြို့တွင် ပို့ချနခြေင်းဖြစ်သည်။

“သင်တန်းပို့ချမယ့်ပုံစံကတော့ အရင်အတိုင်းပဲဆိုပေမဲ့ ဒီတစ်ခါမှာတော့ ပဲစင်းငုံနဲ့ပတ်သက်တဲ့ စားသောက်ကုန်ကို အဓိကသင်ကြားပေးသွားမယ်။ ဘာလို့လဲဆိုတော့ ပဲနဲ့ပတ်သက်ပြီး ပြည်ပပို့ကုန်နဲ့ ပတ်သက်ပြီးတော့လည်း အဆင်သိပ်မပြေတော့ ဈေးနှုန်းတည်ငြိမ်မှုမရှိတာတွေ ဖြစ်နေတယ်။ ဒါကြောင့် ပြည်တွင်းမှာ အကျိုးရှိအောင် ပြန်လည်ထုတ်လုပ်ပြီး အသုံးချနိုင်အောင် သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်၊ ပဲစင်းငုံ၊ ပြောင်း၊ ဂျုံနှင့် အသီးအနှံများကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆန်ဖြင့်ပြုလုပ်သော ကိတ်များ၊ ပဲစင်းငုံဖြင့် ပြုလုပ်သော အာဟာရမှုန့်၊ ကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှကြေည်၊ ဆနွင်းမကင်း၊ ပူတင်း၊ ပဲချောင်းကြော်၊ အကြော်မှုန့်၊ တောင်ကြီး ပဲရေပွကြော်၊ သစ်သီးယို၊ သစ်သီးဖျော်ရည်၊ ဂျယ်လီပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦးစီ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနဖြေင့် ဝ၈၁ ၂၀၆၈၂၉၊ ဝ၉ ၄၂၀၇၃၀၁၃၀၊ ဝ၉ ၄၃၁၃၈၀၉၉ နှင့် ဝ၉ ၂၆၃၃၉၇၀၆၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~