ေက်ာက္မဲမွ ရန္ကုန္သို႔ ပို႔ေဆာင္မည့္ ေခါပုတ္အထုပ္မ်ား အတြင္းမွ စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ

ေက်ာက္မဲမွ ရန္ကုန္သို႔ ပို႔ေဆာင္မည့္ ေခါပုတ္အထုပ္မ်ား အတြင္းမွ စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ
နိုဝင်ဘာ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ ႀကံ႕ခိုင္ေရးကား၀န္းအတြင္း ေရႊေက်ာက္မဲ ခရီးသည္တင္ ယာဥ္လိုင္းဂိတ္မွတစ္ဆင့္ စိတ္ႂကြေဆးျပားမ်ားအား ေက်ာက္မဲမွ ရန္ကုန္သို႔ ပို႔ေဆာင္ရန္ႀကိဳးစားခဲ့သူ(၂)ဦးကို ႏိုဝင္ဘာလ(၇)ရက္ေန႔ ညပိုင္းက ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဦးေဆာင္သည့္ အဖြဲ႔ျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္၊ နယ္ေျမ(၅)တြင္ေနထိုင္သည့္ သက္ႏိုင္ေထြး ႏွင့္ ေက်ာ့ေက်ာ့ခိုင္တို႔မွ ေက်ာက္မဲ - ရန္ကုန္ ခရီးသည္တင္ယာဥ္လိုင္းဂိတ္တစ္ခုျဖစ္သည့္ ေရႊေက်ာက္မဲ ခရီးသည္တင္ ကားဂိတ္သို႔ မသကၤာဖြယ္ရာ ေခါပုတ္(၅)ထုပ္အား ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးထံသို႔ ပါဆယ္ပို႔ရန္ လာေရာက္အပ္ႏွံသြားသျဖင့္ ဂိတ္မွဴးျဖစ္သူမွ သက္ဆိုင္ရာသို႔ အေၾကာင္း ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မသကၤာဖြယ္ရာ ေခါပုတ္(၅)ထုပ္အား ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္ ဦးေဆာင္သည့္ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ အသိသက္ေသမ်ားက ဖြင့္ေဖာက္စစ္ေဆးရာ ေခါပုတ္(၁) ထုပ္အတြင္း စိတ္ၾကြရူးသြပ္ေဆးျပား အျပား(၂၀၀)စီပါ အထုပ္(၂)ထုပ္အား အျပာေရာင္ကပ္ခြာ အိတ္ျဖင့္ ထည့္လ်က္ေတြ႔ရွိရသျဖင့္ ပါဆယ္ထုပ္လာေရာက္ပို႔ေဆာင္သြားသူ (၂)ဦး၏ ေနအိမ္အား ရွာေဖြခြင့္ ဝရမ္းျဖင့္ထပ္မံရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ ေနအိမ္သို႔ သြားေရာက္ ရွာေဖြရာတြင္ မူးယစ္ေဆး၀ါးမ်ား ထပ္မံမေတြ႕ရွိရဘဲ ၎တို႔အား ေတြ႕ရွိရ၍ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ားအား ရန္ကုန္သို႔ သိုဝွက္ပို႔ေဆာင္ရန္ ႀကိဳးစားသူ ၎တို႔ ႏွစ္ဦးအား မယ(ပ)၂၈/ ၂၀၁၇၊ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)/၂၁ အရ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္းသိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကြံ့ခိုင်ရေးကားဝန်းအတွင်း ရွှေကျောက်မဲ ခရီးသည်တင် ယာဉ်လိုင်းဂိတ်မှတစ်ဆင့် စိတ်ကြွဆေးပြားများအား ကျောက်မဲမှ ရန်ကုန်သို့ ပို့ဆောင်ရန်ကြိုးစားခဲ့သူ(၂)ဦးကို နိုဝင်ဘာလ(၇)ရက်နေ့ ညပိုင်းက ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးဆောင်သည့် အဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင်နေထိုင်သည့် သက်နိုင်ထွေး နှင့် ကျော့ကျော့ခိုင်တို့မှ ကျောက်မဲ - ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းဂိတ်တစ်ခုဖြစ်သည့် ရွှေကျောက်မဲ ခရီးသည်တင် ကားဂိတ်သို့ မသင်္ကာဖွယ်ရာ ခေါပုတ်(၅)ထုပ်အား ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးထံသို့ ပါဆယ်ပို့ရန် လာရောက်အပ်နှံသွားသဖြင့် ဂိတ်မှူးဖြစ်သူမှ သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသင်္ကာဖွယ်ရာ ခေါပုတ်(၅)ထုပ်အား ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများက ဖွင့်ဖောက်စစ်ဆေးရာ ခေါပုတ်(၁) ထုပ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား အပြား(၂၀၀)စီပါ အထုပ်(၂)ထုပ်အား အပြာရောင်ကပ်ခွာ အိတ်ဖြင့် ထည့်လျက်တွေ့ရှိရသဖြင့် ပါဆယ်ထုပ်လာရောက်ပို့ဆောင်သွားသူ (၂)ဦး၏ နေအိမ်အား ရှာဖွေခွင့် ဝရမ်းဖြင့်ထပ်မံရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် နေအိမ်သို့ သွားရောက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ ထပ်မံမတွေ့ရှိရဘဲ၎င်းတို့အား တွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်သို့ သိုဝှက်ပို့ဆောင်ရန် ကြိုးစားသူ၎င်းတို့ နှစ်ဦးအား မယ(ပ)၂၈/ ၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ ကျောက်မဲမြို့ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်းသိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~