သီေပါၿမိဳ႕ ပန္ေစာက္မိန္းရြာတြင္ လမ္းေဘးရပ္ထားသည့္ တြဲကားအား ေထာ္လာဂ်ီဝင္တုိက္၍ ႏွစ္ဦး ဒဏ္ရာရ

သီေပါၿမိဳ႕ ပန္ေစာက္မိန္းရြာတြင္ လမ္းေဘးရပ္ထားသည့္ တြဲကားအား ေထာ္လာဂ်ီဝင္တုိက္၍ ႏွစ္ဦး ဒဏ္ရာရ
နိုဝင်ဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ပန္ေစာက္မိန္းေက်းရြာအနီးတြင္ ႏိုဝင္ဘာလ (၁၇) ရက္ေန႔ ေန႔လယ္က လမ္းေဘးတြင္ ရပ္ထားသည့္ (၂၂)ဘီးယာဥ္အား ေထာ္လာဂ်ီတစ္စီးက ဝင္တိုက္မိသျဖင့္ ေထာ္လာဂ်ီေပၚပါ အမ်ိဳးသား(၂)ဦး ဒဏ္ရာရရွိသြားေၾကာင္းသိရသည္။

“တြဲကားကလည္း လမ္းေဘးမွာ ေခတၱရပ္ထားတာ လမ္းနဲ႔ေဝးတယ္။ ေထာ္လာဂ်ီကေတာ့ ေျပာင္းအိတ္ေတြ တင္လာတာ။ ဒဏ္ရာရတာ(၂)ေယာက္ရွိတယ္။ အမ်ိဳးသားခ်ည္းပဲ အသက္(၃၀)ဝန္းက်င္ေလာက္ တစ္ေယာက္ကေတာ့ ေထာ္လာဂ်ီေရွ႕မွန္ကြဲတဲ့ အစေတြရွတဲ့ ဒဏ္ရာေတြရထားတယ္။ အသင္းကေန သြားသယ္ၿပီးေတာ့ သီေပါ ျပည္သူ႔ေဆးရံုကို ပို႔ေပးထားပါတယ္ “ဟု One More သီေပါ(လူမႈကူညီေရး)အဖြဲ႔မွ ကိုေက်ာ္စြာက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းေဘးတြင္ ရပ္တန္႔ထားသည့္ (၂၂)ဘီးယာဥ္သည္ မႏၱေလးမွ လားရိႈးဘက္သို႔ သြားရန္ ေခတၱ ရပ္တန္႔ထားျခင္း ျဖစ္ကာ ျဖစ္စဥ္ ျဖစ္ပြားရာ ေနရာမွ ေထာ္လာဂ်ီယာဥ္အား ကရိန္းျဖင့္မယူကာ ရွင္းလင္းေပးထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #One More သီေပါ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပန်စောက်မိန်းကျေးရွာအနီးတွင် နိုဝင်ဘာလ (၁၇) ရက်နေ့ နေ့လယ်က လမ်းဘေးတွင် ရပ်ထားသည့် (၂၂)ဘီးယာဉ်အား ထော်လာဂျီတစ်စီးက ဝင်တိုက်မိသဖြင့် ထော်လာဂျီပေါ်ပါ အမျိုးသား(၂)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

“တွဲကားကလည်း လမ်းဘေးမှာ ခေတ္တရပ်ထားတာ လမ်းနဲ့ဝေးတယ်။ ထော်လာဂျီကတော့ ပြောင်းအိတ်တွေ တင်လာတာ။ ဒဏ်ရာရတာ(၂)ယောက်ရှိတယ်။ အမျိုးသားချည်းပဲ အသက်(၃၀)ဝန်းကျင်လောက် တစ်ယောက်ကတော့ ထော်လာဂျီရှေ့မှန်ကွဲတဲ့ အစတွေရှတဲ့ ဒဏ်ရာတွေရထားတယ်။ အသင်းကနေ သွားသယ်ပြီးတော့ သီပေါ ပြည်သူ့ဆေးရုံကို ပို့ပေးထားပါတယ် “ဟု One More သီပေါ(လူမှုကူညီရေး)အဖွဲ့မှ ကိုကျော်စွာက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းဘေးတွင် ရပ်တန့်ထားသည့် (၂၂)ဘီးယာဉ်သည် မန္တလေးမှ လားရှိုးဘက်သို့ သွားရန် ခေတ္တ ရပ်တန့်ထားခြင်း ဖြစ်ကာ ဖြစ်စဉ် ဖြစ်ပွားရာ နေရာမှ ထော်လာဂျီယာဉ်အား ကရိန်းဖြင့်မယူကာ ရှင်းလင်းပေးထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #One More သီပေါ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~